ကဗျာ

မင်းကိုနိုင် – “ အမှန်တရားနှင့် အမှားတရံ ”

 

မင်းကိုနိုင် – “ အမှန်တရားနှင့် အမှားတရံ ”

(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ စက်တင်ဘာ ၁၁၊ ၂၀၁၅

အလှူပွဲခင်းမှာ

ဖိနပ်ချင်း မှားသွားလို့

သူတပါးဖိနပ်

ခပ်ကျပ်ကျပ်နဲ့ ခရီးဆက်ခဲ့

.

နောက်တပွဲလည်း

ဒီအမှားတရံပဲ

ထပ်ပျောက်လို့ လိုက်အရှာ

“ ဒီဖိနပ်လား၊ ဒါလား ” မေးတဲ့အခါ

ဒီပွဲမှာ

စီးခဲ့တဲ့ ဖိနပ်မှန်နေတော့

“ ဟုတ်တယ်၊ မှန်တယ်”လို့

ဖြေလိုက်ရ

.

သြော်…

မူလအစစ် ပြန်မတွေ့သေးသမျှ

အမှားတရံဟာ အမှန်တရားဖြစ်နေဦးမှာပ…။ …။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts