သတင်းပဒေသာ

မြားနတ်မောင် ဦးလွဏ်းမောင် နှစ်လည်နှင့် မြားနတ်မောင် မဂ္ဂဇင်း သရုပ်ဖော်ပန်းချီပြပွဲ ကျင်းပမည်

မြားနတ်မောင် ဦးလွဏ်းမောင် နှစ်လည်နှင့် မြားနတ်မောင် မဂ္ဂဇင်း သရုပ်ဖော်ပန်းချီပြပွဲ ကျင်းပမည်
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၅

မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးလွဏ်းမောင် (၁) နှစ်ပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ် ‘’မြားနတ်မောင်’’ မဂ္ဂဇင်းသရုပ်ဖော်ပန်းချီပြပွဲတွင် ကွယ်လွန်သူ မြားနတ်မောင် ပင်တိုင်ပန်းချီဆရာကြီးများဖြစ်ကြသည့် ပန်းချီစံတိုး၊ ပန်းချီ တင်မောင်မျင့်၊ ပန်းချီဝသုန်၊ ပန်းချီမောင်မောင်သိုက်တို့၏ မဂ္ဂဇင်းသရုပ်ဖော်ပန်းချီ (၇၂) ကားကို ခင်းကျင်းပြသမည်ဖြစ် ပါသဖြင့် မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းကို သံယောဇဉ်ကြီးခဲ့ကြသော စာရေးဆရာ/ဆရာမများ၊ သရုပ်ဖော်ပန်းချီ ဆရာများ၊ ကာတွန်းဆရာများ၊ စာဖတ်ပရိသတ်များ၊ ပန်းချီဝါသနာရှင် မိဘပြည်သူများအားလုံး ကြွရောက်အားပေး ကြည့်ရှုကြပါရန် ကျန်ရစ်သူ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းမိသားစုမှ လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။

အချိန် – နံနက် (၉း၀၀) နာရီမှ ညနေ (၅း၀၀) နာရီအထိ
နေ့ရက် – ၂၀၁၅ ခုနှစ် စက်တင်ဘာလ (၁၂) ရက်မှ (၁၄) ရက်အထိ
နေရာ – River Ayeyarwaddy ပန်းချီပြခန်း၊ အမှတ် ၁၃၄၊ ၃၅ လမ်း (အလယ်)၊ ရန်ကုန်မြို့

ဒေါက်တာလွဏ်းဆွေ @ Lun Swe


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts