ဓာတ်ပုံသတင်း

NLD ရွေးကောက်ပွဲမှာ အင်ဂျင်နီယာကျောင်းဆင်း ၂၀ ဦး ထက်မနည်း ပါဝင်

 

NLD ရွေးကောက်ပွဲမှာ အင်ဂျင်နီယာကျောင်းဆင်း ၂၀ ဦး ထက်မနည်း ပါဝင်
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၅

၂၀၁၅ ရွေးကောက်ပွဲအတွက် တရားဝင်မဲဆွယ်ခွင့်ကာလ စတင်ပြီ ဖြစ်လို့ နေရာ ဌာန အသီးသီးက NLD အမတ်လောင်းများအတွက် မဲပေးကြရေး လှုံဆော်မှုများ ဖေ့စ်ဘွတ်ကနေ အများအပြား မြင်တွေ့ရပြီ ဖြစ်ပါတယ်။ အဲသည်မှာ ထူးခြားချက်တခုကတော့ အင်န်အယ်ဒီပါတီ၏ ကိုယ်စားလှယ်များအနက်က အင်ဂျင်နီယာကျောင်းဆင်း ၂၂ ဦးအတွက် နှိုးဆော်တဲ့ ပိုစတာ ၂၂ ချပ် ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက် ရှိတာပါပဲ။ စစ်ကိုင်းက ကိုအောင်မျိုးရဲ့ ဖေ့စ်ဘွတ်ကနေ တစုတစည်းတည်း တင်ဆက်ထားတာမို့ မြန်မာပြည်က အင်ဂျင်နီယာ ကျောင်းဆင်းများ၊ ကျောင်းသားဟောင်းများကြားမှာ ထင်ထင်ရှားရှားဖြစ်နေတယ်လို့ သိရပါတယ်။ သူတို့တင်ဆက်ထားတာတွေကို တင်ပြလိုက်ရပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “NLD ရွေးကောက်ပွဲမှာ အင်ဂျင်နီယာကျောင်းဆင်း ၂၀ ဦး ထက်မနည်း ပါဝင်
  1. အင်ဂျင်နီယာများစွာ အင်အယ်ဒီပါတီက ရွေးချယ်ထားသလို ကြံခိုင်ရေးပါတီကလည်း ရွေးချယ်ထားပါတယ်။ ဆင်းရဲမွဲတေမှုကို စက်မှုပညာရှင်များနဲ့ တည်ဆောက်ဖို့ ..အထူးသဖြင့် နိုင်ငံခြားကုမဏီကြီးများက အရမ်းဈေးကြီးပြီး မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ (အထူးသဖြင့် အစိုးရနဲ့ဦးပိုင်) များကို ဈေးအင်မတန်ကြီးစွာ ရောင်းချနေပါတယ်။

    ချေးငွေများပေးပြီး သူတို့ရဲ့ အရည်သွေးမမှီတဲ့ စက်များ၊ အဆမတန်ကြီးမားစွာလုပ်ထားတဲ့ စက်များကို ရောင်းချခြင်းနဲ့ တိုင်းပြည်ဘဏ္ဍာ ယိုဖိတ်ပါတယ်။ ဥပမာ ဘိလပ်မြေစက်ကြီး တင်ဆောက်ပီးမှ စက်လည်ပတ်လေလေ ရှုံးလေလေ ဆိုတဲ့ မ.ဆ.လ န.ဝ.တ လက်ထက်က စက်ရုံပေါင်းများစွာကလဲ မြန်မာပြည်ဆင်းရဲမွဲတေသွားခြင်းပါ။

    ဥပမာ မြင်းခြံ ဘီလျံဒေါ်လာတန်တဲ့ သံမဏိစက်ရုံဆို ဦးနေဝင်းလက်ထက် ကတည်းက အီတာလီနိုင်ငံက ဝယ်ထားတာ အခုချိန်ထိ နှစ်ပေါင်း၃၀ တည်ဆောက်နေတုန်းပဲရှိပါတယ်။ အဟောင်းဈေးနဲ့လဲမရောင်းချနိုင်၊ .. ဘယ်သူကမှလဲ တာဝန်မယူနိုင်လို့ ဝန်ထန်း ၃၀၀၀ လောက် ဘာမှအလုပ်မရှိတဲ့ သာပေါင်း ပျော့ဖတ်စက်ရုံ၊ လူ၁၀၀၀ လောက် ပုသိမ်မှန်စက်ရုံ.. ဒါမျိုးတွေ မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနမှာ အများကြီးပါ။ စက်မှုနည်းပညာ မတတ်သူများကို နိုင်ငံခြားကုမဏ္ဍီကြီးများက မတရားအနိုင်ကျင့် ဒေါ်လာဘီလျံစက်ရုံများကို အင်ဂျင်နီယာကြီးများက ကူညီပြီး မှန်ကန်တဲ့ စက်မှုရင်းနှီးမြှတ်နှံခြင်းများစွာ ဝင်ရောက်လာဖို့ မျှော်လင့်ပါတယ်။

    BE အင်ဂျင်နီယာ လွှတ်တော်ကိုယ်စားလှယ်အမတ်လောင်းများ
    @ ဦးစစ်အေး Mech 1973 Roll.68 နောင်သာမြို့နယ် (ကြံခိုင်ရေး ကွယ်လွန်သူ ဦးအောင်သောင်းနယ်မြေ)၊ ၊ မန္တလေးတိုင်း ပြည်သူ့လွှတ်တော်
    # ဦးရဲမြင့်စိုး Civil 1978, Roll.112, သံလျှင်မြို့နယ်၊ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်
    @ ဦးတင်ထွန်းနိုင် Electronic 1996, Roll.44, ဆိပ်ကြီးခနောင်တို၊ ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော်
    * ဦးသက်ထွန်းဝင်း Civil 1987, Roll.223 ဗိုလ်တထောင်၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်
    * ဦးဇာနည်အောင် Civil 1977 Mech Roll.23 မဟာအောင်မြေ၊ မန္တလေးတိုင်း ဒေသကြီးလွှတ်တော်
    စသဖြင့် Online မှာ ၁၉၇၁ မှ ၁၉၉၈ အထိ ကျောင်းသား နောက်ဆုံးနှစ်စာရင်းမှာ ကြည့်နိုင်ပါတယ်။
    https://www.quickbase.com/db/bbqnaaghp

    ဦးနေဘုန်းလတ် ဒေါ်ယဉ်မင်းလှိုင် တို့လို ဘီအီး အင်ဂျင်နီယာမျိုးဆက်သစ်များ ပိုပြီူးစိတ်ဝင်စားစရာပါ။ ဘူးလက်လှဆွေ ဆိုတဲ့ စစ်ဗိုလ်ဟောင်းကြီးရဲ့ ဂန့်ဂေါမဲဆန္ဒနယ်မှာ ဝင်ပြိုင်မဲ့ ဒေါ်ယဉ်မင်းလှိုင် …အားပေးပါတယ်။

Comments are closed.