ဝတ္ထုတို

ချမ်းမြ – ကုသိုလ်​​တော်​ဘုရားဝန်းထဲက ပြဇာတ်​များ

ချမ်းမြ – ကုသိုလ်​​တော်​ဘုရားဝန်းထဲက ပြဇာတ်​များ
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၅

တနင်္ဂ​နွေ​နေ့ည​နေခင်း​လေးတစ်​ခု ကုသိုလ်​​တော်​ဘုရား​တောင်​​ပေါက်​နားက လက်​ဖက်​ရည်​ဆိုင်​​လေးထဲတွင်​ ကျွန်​​တော်​တစ်​​ယောက်​ထဲ လက်​ဖက်​ရည်​​သောက်​​​နေသည်​။ ထို့​နောက်​စားပွဲထိုး​လေးအား​ခေါ်ပြီး ပိုက်​ဆံရှင်းလိုက်​သည်​။ အ​ကြွေအမ်း စရာမရှိသဖြင့်​​ ဆေးလိပ်​တစ်​လိပ်​​ပေးလိုက်​သည်​။

ကျွန် ​​တော်​လည်း​ ဆေးလိပ်​​​ဖွာလျှက်​ ဘုရားဝန်းထဲဝင်​သို့ဝင်​လာခဲ့သည်​။ ဘုရားဝန်းထဲ​ရောက်​​တော့ ကျွန်​​တော့်​ညာဘက်​ကိုချိုး၍​ကွေ့လိုက်​စဉ်​ ​အ​နောက်​မှ က​လေးငယ်​တစ်​​ယောက်​အသံကြားရသည်​။

“အကိုကြီး ခ​ရေပန်း​လေးဝယ်​ပါအုံးလား”
“တစ်​ကုံးမှ နှစ်​ရာထဲမှာ သုံးကုံးယူရင်​ ငါးရာနဲ့​ပေးပါ့မယ်​ အကိုကြီး”

ထိုက ​လေးငယ်​​လေးကိုလှည့်​ကြည့်​လိုက်​​တော့ အဖြူစိမ်းအင်္ကျီ ခပ်​နွမ်းနွမ်း​လေး နဲ့ ပါးမှာလည်း သစ်​ရွက်​ပုံသနပ်​ခါးပါးကွပ်​​လေးနဲ့ ချစ်​ရာ​ကောင်းသည်​။

“အကိုကြီးရယ်​ သမီးခ​ရေပန်း​လေးဝယ်​ပါ။ သမီးခ​ရေပန်း​လေးဝယ်​ရင်​ ဒီကုသိုလ်​​တော်​ ဘုရားသမိုင်း​ကြောင်းကို အင်္ဂလိပ်​လို​ရော မြန်​မာလိုပါ ရှင်းပြပါ့မယ်​။ သမီးဒီပန်း​လေးကုန်​မှ အိမ်​ပြန်​ရမှာမို့လို့ပါအကိုကြီး”

က​လေးငယ်​​လေးက သူ့ပန်း​လေး​တွေ​ရောင်းကုန်​ဖို့ ကျွန်​​တော့်​ကို အဆက်​မပြတ်​​ပြော​နေရှာသည်​။ ဒါနဲ့ကျွန်​​တော်​လည်း ခ​ရေပင်​ကြီး​အောက်​က အုတ်​ခုံဝိုင်း​လေးထိုင်​ပြီး …

“လာ ညီမ​လေး ဒီဘက်​မှာထိုင်​”
“ညီမ​လေး ခ​ရေပန်း​တွေ အကုန်​လုံး အကိုဝယ်​မယ်​​နော်​” လို့​ပြောလိုက်​​တော့

က​လေးငယ်​​လေးရဲ့မျက်​နှာ​လေးမှာဝင်းလက်​​​တောက်​ပသွားသည်​ကို ကျွန်​​တော်​သတိထားမိသည်​။

“ညီမ​လေးက ​ကျောင်းတက်​​သေးလား”
“ဟုတ်​ အကိုကြီး တက်​​သေးတယ်​”

“အခု ​ကျောင်းကပြန်​​ရောက်​လာလို့ ​မေ​မေသီ​ပေးထားတဲ့ ခ​ရေပန်း​လေးလာ​ရောင်းတာ။ တစ်​ခါတစ်​​လေကျ​တော့လည်း ညီမ​လေးက ဧည့်​သည်​​တွေကို ဒီဘုရားသမိုင်း​ကြောင်း ရှင်းပြတဲ့အလုပ်​လုပ်​တယ်​။ ကျောင်းစရိတ်​နဲ့ မုန့်​ဖိုး​လေး​တော့ရပါတယ်​”

ကျွန်​​တော်ရင်​ ထဲတွင်​ က​လေးငယ်​ကို သနားသွားသည်​။ ကျွန်​​တော်​ဘဝကလည်း ငွေ​ကြေးပြည့်​စုံသူတစ်​​ယောက်​​တော့မ ဟုတ်​​ပေ။ သို့​ပေမယ်​ ထိုက​လေးငယ်​​လေးထက်​ အစ​ပေါင်းများစွာသာသည်​။ ထိုက​လေးငယ်​​လေးက ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ အလုပ်​နှစ်​ခုလုပ်​ပြီး ဘဝကိုရုန်းကန်​၍ ​ကျောင်းတက်​​နေရှာသည်​။

“ညီမ​လေး ခ​ရေပန်းက အားလုံး ဘယ်​​လောက်​လဲ”
“နှစ်​​ထောင့်​ငါးရာဖိုးရှိတယ်​အကိုကြီး နှစ်​​ထောင်​ပဲ​ပေးပါ”

“ဘယ်​ဟုတ်​မလဲ ညီမ​လေးကလည်း …”
“​ရော့ သုံး​ထောင်​ ပြန်​မအမ်းနဲ့ မနက်​ဖြန်​​ ကျောင်းမုန့်​ဖိုးယူလိုက်​​နော်​”

က​လေးငယ်​က ခ​ရေပန်း​လေး​တွေကို​ သေ​သေချာထည့်​​ပေးပြီး ကျွန်​​တော်​ကို​ပေးသည်​။

“ညီမ​လေးက အခုဘယ်​နှစ်​တန်းလဲ”
“တတိယတန်းတက်​​နေတာအကိုကြီး”

“မိသားစုက​ရောဘယ်​နှစ်​​ယောက်​ရှိလည်း”
“ ​လေး​ယောက်​ပါ အကိုကြီး သမီး​အောက်​မှာ တစ်​လသားသမီး​မောင်​​လေးရှိတယ်​။ ဖေ​ဖေက​တော့ အရက်​ဆိုင်​မှာပဲအချိန်​ကုန်​တယ်​။ တစ်​ခါ တစ်​​လေ သမီးအိမ်​က ထွက်​​ပြေးချင်​စိတ်​​ပေါက်​တယ်​။ ဒါ​ပေမယ့်​ သမီး​မောင်​​လေးမျက်​နှာကိုကြည့်​ပြီး စိတ်​​လျော့ထားရတယ်​”

ထိုက​ လေးငယ်​ကို ကျွန်​​တော်​​လေးစားမိသည်​။ အဘယ်​​ကြောင့်​ဆို​သော်​ သူ့လိုအရွယ်​တုန်းက ကျွန်​​တော်​သည်​​ ဆော့လို့​ကောင်း စားလို့​ကောင်း အိပ်​လို့​နေလို့​ကောင်း​နေတုန်းရှိသည်​။

“အိမ်​မှာက ဘာလို့ရန်​ဖြစ်​ကြတာလည်း”
“ ​ဖေ​ဖေ အရက်​​သောက်​ချင်​လို့ အရက်​ဖိုး​တောင်းတယ်​​လေ။ မေ​မေကလည်း သူထဲမရှိ​တော့ မရှိဘူးလို့​ပြောတာ​ပေါ့။ ဒါနဲ့ မ​ပေးရမလားဆိုပြီး စကားများရာက​နေရန်​ဖြစ်​ကြတာ။ တစ်​ခါတစ်​​လေကျ​တော့လည်း သမီး​ကျောင်းမုန့်​ဖိုးထဲက​ပေးလိုက်​။ အဲဒီ​နေ့ဆို အိမ်​မှာ ​နေရတာ​ပျော်​တယ်​”

စကား​ပြောရင်း က​လေးငယ်​​လေးရဲ့မျက်​ဝန်းထဲက မျက်​ရည်​စ​တွေစီးလို့ကျလာ​လေသည်​။

“အကိုကြီးသမီးပြန်​​တော့ ​မေ​မေကသမီးကို​စောင့်​​နေမှာ။ သမီးအိမ်​ပြန်​​နောက်​ကျရင်​ ​မေ​မေတို့ညစာမိုးချုပ်​​နေမှာ”
“ ​အေး….ညီမ​လေး။ ဖြေး​ဖြေးပြန်​ဦးနော်​။ နောက်​တစ်​ပတ်​ အကိုလာရင်​ ညီမ​လေး​ ​ကျောင်းတက်​ရင်​လိုအပ်​မည်​ပစ္စည်​​လေး​တွေဝယ်​ခဲ့မယ်​”

ထို့သို့​ပြောပြီး က​လေးငယ်​နဲ့ကျွန်​​တော်​ စကားဖြတ်​ပြီးကိုယ်​အိမ်​ကိုပြန်​ခဲ့သည်​။

******************
ကျွန် ​​တော်​ကရုံးဝန်​ထမ်းတစ်​​ယောက်​​ဖြစ်​သည်​။ ဒီ​နေ့ရုံးမှာ စာရင်းအားလုံးလုပ်​ပြီးသဖြင့်​ အား​နေသည်​။ ဒါနဲ့ ကျွန်​​တော်​ ​ဈေး ချိုဘက်​ပစ္စည်းဝယ်​စရာရှိလို့ဆိုပြီး ခွင့်​​တောင်း၍ထွက်​လာခဲ့သည်​။ က​လေးငယ်​အား​ပေးရန်​ ​ဈေးချိုထဲက​​နေ​ ကျောင်းပစ္စည်း အချို့ကိုဝယ်​ခဲ့ပြီးရုံးကိုပြန်​လာခဲ့သည်​။ ရုံး​ရောက်​​တော့ မန်​​နေဂျာက​မေးသည်​။

“ချမ်းမြ…မင်း​ကျောင်းသုံးပစ္စည်း​တွေဝယ်​လာတာများပလားကွ။ ဘယ်​က​လေး​မွေး​နေ့ပွဲရှိလို့လည်း”

“မဟုတ် ​ပါဘူး ….ဂျာကြီးရာ” ဆိုပြီး အ​ကြောင်းစုံ​ပြောပြလိုက်​သည်​။ ဂျာကြီးက ကျွန်​​တော့်​ကို ပြုံးဖြီးဖြီးကြီးကြည့်​​နေသည်​။ ပစ္စည်း​တွေကို ကျွန်​​တော့်​စားပွဲ​ဘေးတွင်​ထားလိုက်​ပြီး စားပွဲခုံ​ပေါ်ကအသင့်​ကြိုလျက်​ရှိ​သော ​စာရင်း​တွေနဲ့ နပန်းလုံးရင်း အချိန်​​တွေကို ကုန်​ဆုံး​စေခဲ့သည်​။

ဒီ​နေ့ တနင်္ဂ​နွေ​နေ့ ကျွန်​​တော်​ရုံးပိတ်​သည်​။ မနက်​ပိုင်း အိမ်​ကခိုင်းတာ​လေး​တွေလုပ်​ပြီး ​ရေမိုးချိုး ရုံးယူနီ​ဖောင်​​တွေ​လျှော်​၊ ထမင်းစားပြီး တစ်​​ရေးတ​မောအိပ်​ခဲ့သည်​။ ည​နေ​ခင်းပိုင်းကျ နိုးလာသည်​။ မျက်​နှာသစ်​ပြီး က​လေးငယ်​ကို​ပေးဖို့ ​ကျောင်း ပစ္စည်း​တွေကိုယူပြီး ကုသိုလ်​​တော်​ဘုရားဘက်​ထွက်​လာခဲ့သည်​။ ဘုရားထဲ​ရောက်​​တော့ က​လေးငယ်​ကိုမ​တွေ့​သဖြင့်​ အ ရင်​တပတ်​က ထိုင်​တဲ့​နေရာ​လေးမှာထိုင်​ပြီး​စောင့်​​နေခဲ့သည်​။ နာရီဝက်​​လောက်​ကြာ​တော့ ​ရောက်​ချလာ​လေသည်​။ ဈေးဗန်း ထဲတွင်​လည်း ခ​ရေပန်းတစ်​ကုံးမှမ​တွေ့ရပါ။

“ညီမ​လေး ဘယ်​သွား​နေတာလည်း”
“မီးပွိုင့်​မှာ ခ​ရေပန်းသွား​ရောင်း​နေတာ။ အကုန်​လုံးကုန်​ခဲ့ပြီ ဒီ​နေ့မဆိုးဘူး​ ရောင်းရတယ်​”

“ဘုရားထဲကဘာဖြစ်​လို့လည်း မ​ရောင်းရလို့လား”
“မဟုတ် ​ဘူး အကိုကြီး​ရောင်းရပါတယ်​။ ဒီ​နေ့ က ဟို​ကော​ဇောကြီး​ကြောင့်​ ဘုရားထဲမှာပန်းမ​ရောင်းရတာ” ဆိုပြီး ကျွန်​​တော့် ကိုလက်​ညှိုးထိုးပြသည်​။

ကျွန်​​တော်​ လှမ်းကြည့်​လိုက်​​တော့ ​ကော​ဇောအနီနဲ့အစိမ်း တခြမ်းစီခင်းထားကို​တွေ့ရသည်​။ သေချာပြီ ဒီ​နေ့​တော့ ကုသိုလ်​​တော်​ဘုရားကို အစိုးရလူကြီး​တွေ လာသွားပြီဖြစ်​သည်​။

“​အော်​….အဲဒါ​ကြောင့်​ ညီမ​လေးက မီးပွိုင့်​မှာသွား​ရောင်းတာလား”
“ဟုတ်​တယ်​ အကိုကြီး”

ထို့ ​နောက်​ကျွန်​​တော်​ လည်း က​လေးငယ်​အတွက်​ဝယ်​လာ​သော​ကျောင်းပစ္စည်း​တွေကို​ပေးလိုက်​သည်​။ က​လေးငယ်​​လေး က တစ်​ခုခြင်းစီထုတ်​ကြည့်​​နေသည်​။ ထိုသို့ထုတ်​ကြည့်​ပြီး ကျွန်​​တော်​ကို စကားတစ်​ခွန်း​ပြောသည်​။

“သမီး ပညာတက်​ကြီးဖြစ်​ချင်​တယ်​။ ဒါဆိုရင်​ သမီးတို့ အိမ်​မှာ ညစာ​နောက်​မကျ​တော့ဘူး”

ကျွန်​​တော့်​မှာ ​ကျောက်​ရုပ်​ကြီးတစ်​ရုပ်​လိုဖြစ်​သွာပြီး က​လေးငယ်​ကို စူးစိုက်​၍ကြည့်​ပြီး စိတ်​ထဲက​နေ​ပြော​နေမိသည်​။
“ဘာလို့ အဲ​လောက်​​တောင်​ရင့်​ကျတ်​​နေရလည်း…ညီမ​လေးရယ်​”

တွေးလက်​စအ​တွေးကိုဖြတ်​ ကျ​နေတဲ့မျက်​ရည်​စ​လေးကိုသုတ်​ပြီး …

“ကြိုးစား​ပေါ့ ညီမ​လေးကလည်း ကြိုးစားရင်​ ဘာမဆိုဖြစ်​နိုင်​တယ်​“
“ဟုတ်​ကဲ့ အကိုကြီး ညီမ​လေးကြိုးစားပါမယ်​၊ အကိုကြီး အခုလိုကူညီတာကိုလည်း ညီမ​လေးဘယ်​​တော့မှမ​မေ့ပါဘူး”

“ကဲ ဒါဆိုလည်း ပြန်​ကြစို့၊ မိုးချုပ်​​တော့မယ်​ ညီမ​လေးအိမ်​အပြန်​​နောက်​ကြ​နေမယ်​” လို့​ပြောပြီး ကျွန်​​တော်​လည်းပြန်​ခဲ့သည်​။

အိမ် ​ပြန်​​ရောက်​​တော့ထမင်းစားပြီး အိပ်​ရာဝင်​ခဲ့သည်​။ သို့​သော်​ အိပ်​၍မ​ပျော်​ပါ။ အဘယ်​​ကြောင့်​ဆို​သော်​ ကျွန်​​တော်​တို့ နိုင်​ငံတွင်​ ဆင်းရဲသားပြည်​သူများပ​ပျောက်​​ရေးဆိုတဲ့ ​ခေါင်းစဉ်​​အောက်​မှာ နစ်​မြှုပ်နေတဲ့မိသားစု​တွေ ဘယ်​​လောက်​​တောင်​ရှိ​နေဦးမလဲ။ ပြီး​တော့ပညာတက်​ဖြစ်​ချင်​ပြီး ပညာသင်​ခွင့်​မရတဲ့က​လေးငယ်​​လေး​တွေ ဘယ်​​လောက်​​တောင်​ရှိ​နေလဲ စသည့်​ အ​တွေး​တွေ​ကြောင့်​ အိပ်​မ​ပျော်​နိုင်​ပဲဖြစ်​ခဲ့သည်​။ သို့​ပေမယ့်​ မနက်​ရုံးသွားရမည်​ဖြစ်​သဖြင့်​ အိပ်​​ဆေး​သောက်​ပြီး အိပ်​ရာဝင်​ခဲ့ရ​လေသည်​။

ချစ်​ခြင်းအားဖြင့်
ချမ်းမြ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts