MMC ရဲ့ ပြည်တွင်းထုတ် ကားများအတွက် စက်ရုံအကြိုဖွင့်ပွဲ ပြုလုပ်

MMC ရဲ့  ပြည်တွင်းထုတ်
ကားများအတွက် စက်ရုံအကြိုဖွင့်ပွဲ ပြုလုပ်
 
ရန်နောင်(ဗိုလ်တထောင်)   မိုးမခ    စက်တင်ဘာ   ၅ – ၂၀၁၅
 

 

 

 

 

 

 

 

 

 

 

 

 
       Myanmar Motor Corporation Public
Co.,Ltd  ၏ MAN ဂျာမန်နည်းပညာသုံး ကားစက်ရုံ
အကြိုဖွင့်ပွဲကို ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ် မက္ခရာမင်းကြီးလမ်း ၊ ရွှေပေါက်ကံ
စက်မှုဇုံ(၁၈) တွင် စက်တင်ဘာလ ၅ ရက်နေ့၌ ဖွင့်လှစ်ခဲ့သည်။
          အဆိုပါ စက်ရုံသစ်ကို ရန်ကုန်မြို့တော်ဝန်
ဦးလှမြင့်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ကာ ဖွင့်လှစ်ပေးခဲ့သည်။
          ကုန်တင်ယာဉ်များ၊အမှိုက်သိမ်းယာဉ်များ၊သူနာတင်ကားများ၊
ခရီးသည်တင်အဆင့်မြင့်ကားများ ကို အဓိက ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ ဖြန့်ဖြူးသွားမည်ဟုလည်း
မန်နေဂျင်းဒါရိုက်တာ ဦးသိန်းသန်းအောင်မှ ပြောကြားခဲ့သည်။
          ယခုလက်ရှိတွင်ခရီးသည်တင် အဆင့်မြင့်ကားများကို
ကုန်းလမ်းပို့ဆောင်ရေးမှ ဝယ်ယူပြီး ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို တစ်ဦးလျှင် လေးထောင်ကျပ်ဖြင့်
ပြေးဆွဲနေသည်ဟုလည်း သိရသည်။
          “ ကျနော်တို့ ကားတွေကို မိုင်ပိုမမောင်းနိုင်အောင်
လုပ်ထားတဲ့အတွက် ယာဉ်အန္တရာယ်ထိခိုက်မှုကို လည်း လျော့ပါးအောင် ပြုလုပ်ထားပါတယ်။ကားအတွင်းမှာ
မီးအလွယ်တကူ မလောင်နိုင်တဲ့ သတ္တုတမျိုးကိုလည်း ကြမ်းခင်းမှာ အသုံးပြုထားပါတယ် ” ဟုလည်း
ဦးသိန်းသန်းအောင်မှ ထပ်မံပြောပြခဲ့သည်။

 

          

One thought on “MMC ရဲ့ ပြည်တွင်းထုတ် ကားများအတွက် စက်ရုံအကြိုဖွင့်ပွဲ ပြုလုပ်

  1. မြန်မာပြည်မှာထုတ်လုပ်တယ် ဆိုတော့ အထင်ကြီးစရာပါ။
    ပထမနှစ် အစီး၂၀၀ ထုတ်
    နောက် ၅နှစ်ကြာရင် အစီး၄၀၀ ထုတ်မယ် ဆိုပဲ။ ပုဂလိက ဝယ်မှာမဟုတ်လို့ အစိုးရ က.ည.န ကိုရောင်းရတယ်။
    ထိုင်းနိုင်ငံမှာ ပုဂလိက ကားထုတ်တာ တစ်ခုမှမရှိဘူး။ ဂျပန်နဲ့ကိုးရီးယား ကားစက်ရုံတွေပါ။
    https://en.wikipedia.org/wiki/Automotive_industry_in_Thailand

Comments are closed.