News Yan Naung (Bo Ta Htaung)

လယ်ယာမြေဧက (၇၀၀ )ကျော် ပြန်လည်ရရှိရေး မင်္ဂလာဒုံ လယ်သမားများ ဆန္ဒထုတ်ဖော်

လယ်ယာမြေဧက
(၇၀၀ )ကျော် ပြန်လည်ရရှိရေး  မင်္ဂလာဒုံ လယ်သမားများ
ဆန္ဒထုတ်ဖော်
ရန်နောင်(ဗိုလ်တထောင်)    မိုးမခ
စက်တင်ဘာ ၃- ၂၀၁၅

 

 

သိမ်းဆည်းခံ လယ်မြေများ

 

 

 

 

 

 

 

 

 
 
          မင်္ဂလာဒုံမြို့နယ်၊စမ်းကြီးဝကွင်း၊ သင်္ဃန်းကျွန်းကြီးကွင်း
၊ပေါက်ကုန်းကျေးရွာ ရှိ လယ်ယာမြေ ဧက (၇၀၀) ကျော်ကို ၁၉၉၂ ခုနှစ်တွင် သိမ်းယူခဲ့ပြီး   (၃၀-၅-၂၀၁၄ )ရက်နေ့တွင် တပ်မတော်မှ ပြန်လည်စွန့်လွှတ်ပေးအပ်ခဲ့ပြီ
ဖြစ်သော်လည်း လယ်သမားများ လက်ဝယ်သို့ မရောက်ရှိပဲ ကြန့်ကြာနေမှုကို ဖော်ထုတ်ပေးရန် ဆန္ဒဖော်ထုတ်ပွဲကို
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ တွင် စက်တင်ဘာလ (၃)ရက်
ကြာသပတေးနေ့ နံနက်(၈)နာရီက ပြုလုပ်ခဲ့သည်။
 
          အင်အား (၁၅၀) နီးပါးခန့်ရှိသော ဆန္ဒဖော်ထုတ်သူများထဲတွင်
အသက်အရွယ်ကြီးရင့်သူ အဖိုးအဖွား အရွယ်များကိုလည်း တွေ့ရှိခဲ့ရသည်။အသက်(၈၁) နှစ်အရွယ်
အဘဦးမောင်ငယ်က ယခုကဲ့သို့ ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍  ပြောပြခဲ့သည်။ “ အဘတို့ လယ်တွေကို ဟိုဒင်း က သိမ်းထားတာ
ဘာမှ ပြန်မလာလို့ လုပ်တာပေါ့ကွာ။ အဘ အသက် (၈၁) နှစ်ရှိပါပြီ။ အဘ ရဲ့ လယ်ဧက ကတော့ (၈)ဧက
ပါ။ ၁၉၉၂ တုန်းက ကျနော်ရယ်၊မောင်ကြီးရယ်၊စံသိန်းရယ် သွားအပ်ရတယ်ပေါ့။အမှတ် (၃) လမ်းဘေးမှာ။
ဗိုလ်ချုပ်ဝင်းမြင့် လက်ထက်ကပေါ့။အဲဒီမှာ သွားအပ်ရတယ်။ သွားအပ်ပြီးတော့  ခုချိန်အထိ သတင်းက မထူးသေးတာနဲ့ တို့လယ်သမားအဖွဲ့တွေနဲ့
ရလိုရာရလိုကြောင်း ဆန္ဒဖော်ထုတ်တာပါ။ ” ဟုပြောပြခဲ့သည်။
 
          ဆန္ဒဖော်ထုတ်သူလယ်သမားများသည် ခွင့်ပြုမိန့်တင်ကာ
ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ဆန္ဒဖော်ထုတ်ရာလမ်းတလျှောက် ၁၉၉၂ ခုနှစ် တပ်သိမ်းခံလယ်မြေများ
လယ်သမားများလက်ဝယ်သို့ အမြန် ပြန်လည်ရရှိရေး၊ (၃၀-၅-၂၀၁၄ ) နေ့တွင် တပ်မတော်မှ ပြန်လည်စွန့်လွှတ်ပေးပြီးဖြစ်သော်လည်း
လယ်သမားများ လက်ဝယ်သို့မရောက်ရှိဘဲ ကြန့်ကြာနေမှုကို ဖော်ထုတ်အရေးယူပေးရေး၊ ၁၉၉၂ ခုနှစ်တါင်
လယ်ယာမြေလုပ်ကိုင်ခြင်းမရှိဘဲ လိမ်လည်လျှောက်ထားသူများအား ဖော်ထုတ်အရေးယူပေးရေး၊ ၁၉၉၂
ခုနှစ် ကျေးရွာငွေချေးဘဏ်စာရင်းတွင် ပါဝင်ပြီး အမှန်တကယ်နစ်နာခဲ့သည့် လယ်သမားများလက်ဝယ်သို့
လယ်ယာမြေများ အမြန်ဆုံးပြန်လည်ရရှိရေး၊ ၁၉၉၂ ခုနှစ်တွင် တပ်သိမ်းခံမဟုတ်ဘဲ 1(A) အမည်စာရင်းဖြင့်
လာရောက်လျှောက်ထားသူများအား ဖယ်ရှားပေးရေး၊ စာရင်းမှား၊ဦးပိုင်မှားများ အသုံးပြု၍
လိမ်လည်သူများနှင့် ပူးပေါင်း၍ အဂတိလိုက်စား ဝန်ထမ်းများ ဖော်ထုတ်အရေးယူပေးရေး  ကြွေးကြော်သံများကို ဟစ်ကြွေးကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
 
          နံနက် (၉)နာရီ(၃၀)မိနစ်တွင် ဆန္ဒဖော်ထုတ်ပွဲအား
ကျိုက္ကလော့ ဘုရားအနီးတွင် အောင်မြင်စွာရုတ်သိမ်းခဲ့သည်။
 
          လယ်ယာမြေများကို တပ်က သိမ်းဆည်းပြီး သမ္မတနှင့်
ကာချုပ်အမိန့်ဖြင့် ပြန်လည်ပေးအပ်ခဲ့သော်လည်း သိမ်းဆည်းခံခဲ့ရသူများ၏ လက်ဝယ်သို့ ပြန်လည်မရောက်ရှိဘဲ
တခြားအမည်ပေါက်များဖြင့် ထွက်လာသောကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်သည်။ အကြောင်းမထူးပါက
သတင်းစာရှင်းလင်းပွဲ ထပ်မံလုပ်ဦးမည်ဟုလည်း ဆန္ဒထုတ်ဖော်သူတစ်ဦးက ပြောပြခဲ့ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts