ကဗျာ

ခက်ဦး – ငြိမ်းချမ်းရေး

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ခက်ဦး – ငြိမ်းချမ်းရေး
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၅

အချင်းချင်းသတ်လို့
မသေပဲပြန်လာတဲ့အခါ
သူ့ဘက်ကိုယ့်ဘက်
ပျော်ရမော်ရ သူတွေနဲ့

ကျိုးသွားပြတ်သွား
အလောင်းပါမလာတော့ရင်
ကိုယ့်ဘက်သူ့ဘက်
ချုံးပွဲချ ငိုလိုက်ရသူတွေကြား

အစွပ်ခံ အကမ်းခံနေရတဲ့
ပန်းကုံးပန်းစည်းလေးတွေ

ကြဲဖြန့် ချိတ်တင်ခံလိုက်ရရှာသော
ပန်းမွှေးမွှေးကလေးတွေ

လည်အကြိမ်ကြိမ်စင်း သေပေးနေရတာ
ဘယ်ခါအဆုံးသတ်မှာလဲကွယ်

ခက်ဦး
၂ . ၉ . ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts