Han Thit Naing ဓာတ်ပုံသတင်း

တရားဥပဒေစိုးမိုးမှုမရှိသောကြောင့် လူ့အခွင့်အရေးများဆုံးရှုံးဟု ရှေ့နေဦးရောဘတ်စန်းအောင်ပြော

တရားဥပဒေစိုးမိုးမှုမရှိသောကြောင့် လူ့အခွင့်အရေးများဆုံးရှုံးဟု ရှေ့နေဦးရောဘတ်စန်းအောင်ပြော

ဟန်သစ်နိုင်၊ မိုးမခ၊ စက်တင်ဘာ ၁ရက်၊ ၂၀၁၅

သြဂုတ် ၂၇ရက် ရန်ကုန်မြို့ တော်ဝင်နှင်းဆီးခန်းမတွင် ကျင်းပပြုလုပ်သော လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူများကို ဘယ်လိုကာကွယ်မလဲ ဆိုတဲ့ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌တရား ဥပဒေစိုးမိုးမှုမရှိသေးသ၍ လူ့အခွင့်အရေးသည်လည်း ဆုံးရှုံးနေမည်ဖြစ်ကြောင်း ကို နိုင်ကျဉ်းဟောင်း ဖြစ် သူရှေ့နေကြီး ဦးရောဘတ်စန်းအောင်မှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမှုမှုမရှိသေးခြင်းနှင့်ပတ်သက်ပြီး နိုင်ငံရေးအကျဉ်း သားဟောင်း ရှေ့နေကြီး ဦးရောဘတ်စန်းအောင်မှ လက်ရှိဒီမိုကရေစီ အစိုးရလက်ထက်တွင် မူးယစ်ဆေးဝါးအများ အပြားဖမ်းမိရာတွင်လည်း ပိုင်ရှင်များကိုမဖော်ထုတ် မဖမ်းဆီးပေးနိုင်သေးကြောင်း၊ လူအများအပြားကို တစ်ပြိုင်နက်သတ်ဖြတ်ခဲ့သော အမှုများကိုလည်းမဖော်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံအ တွက်လုပ်ဆောင် ပေးနေသောသူများ၊ ပညာရေးအတွက်တောင်းဆိုနေသော အပြစ်မဲ့ကျောင်းသားများကို ဥပဒေမဲ့ ရိုက်နှက်ခြင်း၊ ပုန်ကန်မှုဖြင့် ဖမ်းဆီးထောင်ချနေခြင်းများသည် မြန်ဆန်လှကြောင်း၊ ယခုအခါတွင် ဥပဒေကိုထင်သလိုလုပ်နေ သူများရှိနေသည့် အတွက် ပြည်သူများ၏အကာအကွယ်နှင့် လူ့အခွင့်အရေး များသည် မလုံခြုံတော့ကြောင်း၊ တရားဥပဒေသည် အုပ်ချုပ်သူများအောက်ရောက်ရှိနေမည်ဆိုလျှင် လူ့အခွင့်အရေးသည် မည်သို့မျှအကောင် အထည်ဖော်နိုင်တော့မည်မဟုတ်ကြောင်း ပြောပြသည်။

ဆက်လက်ပြီး “မြန်မာနိုင်ငံရဲ့အခြေအနေက ရဲကတရားစွဲရင်ခံရမယ် ရဲကိုတရားစွဲရင်မရဘူး၊ အစိုးရကတရားစွဲရင်ခံရမယ် အစိုးရကိုပြန်ပြီးတရားစွဲလို့မရဘူးဆိုတာ တရားဥပဒေစိုးမှုမရှိဘူးလို့ ပြောနေ တာနဲ့အတူတူပဲ၊ ရဲပဲဖြစ်ဖြစ်၊ အစိုးရပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ဥပဒေအထက်မှာသူတို့မရှိရတဲ့ အတွက် သူတို့ကိုစွဲလို့ရတယ်၊ ဒါပေမယ့်လက်တွေ့မှာစွဲလို့ရှိရင် ပုဒ်ထီးပုဒ်မခံပြီး ရှောင်ကွင်းသွားကြတယ်” ဟုပြောသည်။

လူ့အခွင့်အရေးစောင့်ရှောက်သူများကို ဘယ်လိုကာကွယ်မလဲ ဆွေးနွေးပွဲကို ရှေ့နေဦးရောဘတ် စန်းအောင်၊ ဆရာဦးအောင်မျိုးမင်း၊ ဆရာမ မသက်သက်ဦးတို့က ဆွေးနွေးပေးခဲ့ကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts