ချမ်းမြ (မိုးမခအထောက်တော်)

ချမ်းမြ – အမေရိကန်နိုင်ငံ အရှေ့ဘက်ခြင်း သံဃာ့ပ၀ါရဏာပွဲ

အမေရိကန်နိုင်ငံ အရှေ့ဘက် ခြမ်း သံဃာ့ပဝါရဏာပွဲ
ချမ်းမြ (မိုးမခအထောက်တော်)
အောက်တိုဘာ ၂၂၊ ၂၀၁၃


အမေရိကန် နိုင်ငံ အရှေ့ဘက်ခြမ်းဝါကျွတ်ကာလ ပဝါရဏာပွဲကို မေရီလန်းပြည်နယ် ဆေးဗားစပရင်း မြို့ မင်္ဂလာရာကျောင်းတိုက်တွင် သီတင်းကျွတ်လပြည့် နေ့ (၁၉ရက် ၁၀လ ၂၀၁၃ နေ့ကကျင်းပပြုလုပ်သည်။ အမေရိကန် နိုင်ငံ အရှေ့ဘက်ခြမ်းတွင် ထေရဝါဒဗုဒ္ဓဘာသာ မြန်မာဘုန်းတော်ကြီးကျောင်း (၃၇)ကျောင်းတည်ရှိသည်။ ထိုကျောင်းတိုက်များတွင်သီတင်းသုံဝါကပ်တော်မူကြသော သံဃာတော် များစုစည်းညီညွတ်စွာ ကြွရောက်တော်မူကြသည်။ ပဝါရဏာအခမ်းအနားတွင် မင်္ဂလာရာမကျောင်းဆရာတော်မှ အခမ်းနားမှူး ပြုလုပ်၍  အစီအစဉ်ကို စတင်ကြေငြာပြီးနောက်  မင်္ဂလာရာမဆရာတော်ကပင်  ဥာတ် ကမ္မဝါကိုရွတ်ဖတ်ပေးပြီး သံဃာတော်များကဝါစဉ်အလိုက် ပဝါရဏာ ပြုတော်မူကြသည်။ထိုနောက်  ပစ်စဘတ် ဆရာတော် ထံမှ သြဝါဒ ခံယူတော်မူပြီး ဘော်စတွန်ဆရာတော်ထံ မှ ဧည့်ပရိသတ်များက တရားတော် နာယူကြသည်။

မင်္ဂလာရာမ ဆရာတော် ကပင် ရေစက်ချ ပေးတော်မူပြီး ဗုဒ္ဓဘာသာ အသင်းမှ ipad ကွန်ပြူတာ ၂လုံးကို သံဃာတော်တို့အား မဲဖေါက် လှူဒါန်းကြသည်။ ထိုနောက် စုပေါင်းဓာတ်ပုံ ရိုက်ကြပြီး သံဃာတော် ၃၄ပါးတို့ကို ဆွမ်းဆန်စိမ်း လောင်လှူတော်မူကြသည် ။ ဗုဒ္ဓဘာသာ မြန်မာမိသားစုများက ညပိုင်းတွင် ဆီမီးထွန်းပွဲ စတုဒိသာ ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာမြန်မာရိုးရာ သီတင်းကျွတ်ပွဲတော်ကို  ကျင်းပကြ သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts