News Yan Naung (Bo Ta Htaung)

စာရေးဆရာ သန်းဌေး (ဇီးကုန်း) “ ရွေးကောက်ပွဲ လက်စွဲ ” စာအုပ်မိတ်ဆက်

စာရေးဆရာ
သန်းဌေး (ဇီးကုန်း)  “ ရွေးကောက်ပွဲ လက်စွဲ
” စာအုပ်မိတ်ဆက်
 
ရန်နောင်(ဗိုလ်တထောင်)      မိုးမခ
ဩဂုတ် ၃၁- ၂၀၁၅
ဦးဇော်သက်ထွေး

 

 

 

 

သန်းဌေး (ဇီးကုန်း)

 

 
 
           ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးတွင် မိမိတတ်နိုင်သော
အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သည့်အနေဖြင့် ရေးသားထားပါသည်ဟု ပြောပြခဲ့သော စာရေးဆရာ သန်းဌေး(ဇီးကုန်း)
“ ရွေးကောက်ပွဲလက်စွဲ
” စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ ဟုမ်းမီဒီယာခန်းမတွင် ဩဂုတ်လ
(၃၁)ရက်နေ့ နေ့လယ် (၁) နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
          အဆိုပါ
စာအုပ်မိတ်ဆက်ပွဲတွင် ဦးကိုကိုကြီး နှင့် ဦးဇော်သက်ထွေးတို့မှ မုဒိတာ အမှတ်တရစကားပြောကြားပေးခဲ့ကြသည်။
          ထို့နောက် စာရေးသူ ဆရာသန်းဌေး(ဇီးကုန်း)
က စာအုပ်ထုတ်ဝေရခြင်းအကြောင်းနှင့် စပ်လျဉ်း၍ ပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
           “ ရွေးကောက်ပွဲ လက်စွဲ ” စာအုပ်ကို  အခန်း(၃)ခန်းခွဲ၍ ထားကာ (၁) မဲပေးခြင်းအသိပညာ ၊(၂)
အောင်နိုင်ရေးလှုပ်ရှားမှု၊(၃) ရွေးကောက်ပွဲဆိုင်ရာမှတ်စုများ ဟူ၍  အခြေခံအဆင့်တွင် ပါဝင်ဆောင်ရွက်သူများအတွက် ရည်ရွယ်ပြုစုထားသည်။

 

          ထိုစာအုပ်အား ဦးသက်ဦး (တောရိုင်းနှင်းဆီ
စာပေ) မှ ထုတ်ဝေပြီး  ဦးလှမိုး( ပန်းကြာဖြူ
ပုံနှိပ်တိုက် ) တွင် ပုံနှိပ်ကာ မျက်နှာဖုံးဒီဇိုင်း ကို ဘိုဘိုထွန်းက ရေးဆွဲကာ  တန်ဖိုး ၂၀၀၀ ကျပ်ဖြင့် TSI(ငြိမ်းအေးရှေ့ဆောင်
) မှ မြန်မာတပြည်လုံးသို့ စတင်ဖြန့်ချိလိုက်ပြီဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts