ကဗျာ မင်းညွှန့်လှိုင်

မ င်း ညွှ န့် လှို င် – အေ ဆွး ရု ပ် ရှ င်

မ င်း ညွှ န့် လှို င် – အေ ဆွး ရု ပ် ရှ င်
(မိုးမခ) သြဂတ်စ် ၂၅၊ ၂၀၁၅

ခင်သန်းနုရဲ့ရွှေခြေကျင်းဝတ်ခြေထောက်လှလှ
မေသန်းနုရဲ့ကတဲ့မုဒြာ
နေအောင်ရဲ့ဆေးပေါ့လိပ်တိုများ
ဇင်ဝိုင်းရဲ့
စက်ဘီးလေးတွန်းနေတဲ့ တစ်ယောက်တည်းသင်္ကြန်
ဇော်ဝမ်းရဲ့မခိုးမခန့် ရယ်မောဟန်
လေမှုတ်တူရိယာများနဲ့မြို့မ
အပျိုရည်မပျက်သေးတဲ့
ရတနာပုံ ရွှေမန္တလေး
အားလုံးကို
စောင့်ကြည့်ခဲ့တဲ့မျက်ဝန်းတစ်စုံ
ဘာတွေကိုယုံလို့
စုံလုံးမှိတ်ခဲ့ပါလိမ့်နော်။          ။

(ဒါရိုက်တာမောင်တင်ဦးသို့ ….)

မင်းညွန့်လှိုင်

အနုပညာနာမည်များရှေ့မှာ ဒေါ်/ဦး/ကို/မ များ မတပ်လိုက်ပါ။ အရိုအသေတန်ခြင်း မဟုတ်ပါကြောင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts