ကဗျာ

ကျော်မိုးလွင် – ပြောင်းလဲဖို့ ချိန်တန်ပြီ

  ကျော်မိုးလွင် – ပြောင်းလဲဖို့ ချိန်တန်ပြီ
(မိုးမခ) သြဂတ်စ် ၂၄၊ ၂၀၁၅

သံသရာထဲ
တဝဲလည်လည်
ဒုက္ခတွေ  ရှည်လျားလွန်း
စိတ် မသိုးမသန့်
ဖြတ်သန်းခဲ့ရ
သြော် ……
သြော်…. မနက်ဖြန်များစွာ ……။

အချိန်တွေ  တန်ဘိုးရှိသတဲ့
ကုန်လွယ်နေတာ
မကုန်ဆုံးသင့်ပဲကုန်ဆုံးနေတာ
စဉ်းစားရင်းဦးနှောက်ပျက်
လောကအတွက်
ဝမ်းနည်းချင်လည်းဝမ်းနည်းမဆုံး
လမ်းဆုံးမှာပိတ်မိ
လွတ်လမ်းမရှိ
အမှန်တရားရဲ့ ခွန်အားနဲ့
ဒီလမ်းဖွင့် ….
ဒီလမ်းကို   ဖွင့်….

ဟေ့… ခြင်းထဲကကြက်ချင်းအတူတူ
တလုံးပိုရှုပြီး
ရှုးချင်ယောင်ဆောင်မနေနဲ့
မရှုမလှ
အတုံးအရုံးကျဆုံးခန်း
(မင်းတို့ရဲ့)
ဇာတ်သိမ်းခန်းပေါ့ …….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts