ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း -“ နောက်ဆုံးခံစစ် အဆုံးအဖြတ် “

Photo – Aung Htet

 

ကျော်ဟုန်း -“  နောက်ဆုံးခံစစ် အဆုံးအဖြတ် “

(မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၅

ခုအချိန်က

ရေကြီးချိန်မှာ လှေစီးခြင်းမျိုး၊

ခုအချိန်က

လေထန်ချိန်မှာ ရွက်ကျိုးခြင်းမျိုး၊

ခုအချိန်က

လက်ပမ်းကျချိန် တက်ကျိုးခြင်းမျိုး၊

ခုအချိန်မှာ

ရေနှင်ရာ ပေါလောမျောခံမလား၊

ခုအချိန်မှာ

လေဆင်ရာ တသောသော လွှင့်နေမလား၊

ခုအချိန်မှာ

တက်ကျိုးအစား လက်ထိုးယက်ကန်မလား၊

ခုအချိန်မှာ

အပြင်းပြဆုံး ဘုံအမှတ်ရောက်ဖို့ 

ခုအချိန်မှာ

အားစိုက် ဘုံဇော အရေးတကြီးလိုပြီ

သေချာပါတယ်

ဂုဏ်သိက္ခာနဲ့  သမိုင်းကမ္ဗည်းအတွက်

 

ငြိမ်ငြိမ်နေပြီး ညံ့ခွင့် မရှိ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts