ဓာတ်ပုံသတင်း

SK ရှန်လိန်း – ချင်းပါလက၏ ဝါဆိုသင်္ကန်းအလှု၊ ဓါတ်ပုံပြပွဲ၊ ရေဘေးအလှု၊ လူငယ်မိတ်ဆက်ပွဲ အမှတ်တရပစ္စည်းများ ရောင်းချပွဲများ

 

SK   ရှန်လိန်း – ချင်းပါလက၏ ဝါဆိုသင်္ကန်းအလှု၊   ဓါတ်ပုံပြပွဲ၊   ရေဘေးအလှု၊  လူငယ်မိတ်ဆက်ပွဲ အမှတ်တရပစ္စည်းများ ရောင်းချပွဲများ

(မိုးမခ) သြဂုတ် ၁၀၊ ၂၀၁၅

 

 

ချင်းဗုဒ္ဓသာသန ပါလကအဖွဲ.(လူငယ်အဖွဲ.ခွဲ)က ဦးဆောင်ကျင်းပသော တတိယအကြိမ်မြောက်ဝါဆိုသင်္ကန်း ဆက်ကပ်လှုဒါန်းပွဲ၊ သမိုင်းနှင်.ယဉ်ကျေးမှုဆိုင်ရာ ဓါတ်ပုံပြပွဲ၊ ရေဘေးအလှုငွေ ပေးအပ်ပွဲ၊ ချင်းလူငယ် မောင်မယ်များ မိတ်ဆက်ပွဲနှင့်၊ စာပေနှင့်ရိုးရာအမှတ်တရပစ္ဏည်းရောင်းချပွဲများကို ၉-၈-၂၀၁၅ နံနက် ၁၀ နာရီမှ နေ့လယ် ၃ နာရီထိ ဗဟန်း ၁-လမ်းထိပ်ရှိ မြန်မာသီရိလင်္ကာဓမ္မာရုံတွင် ကျင်းပရာ ဗုဒ္ဓဘာသာဝင် ချင်း ဒကာ ဒကာမများ၊ ချင်းလူငယ်များ၊ ၁၅၀ ကျော်တက်ရောက်ကြသည်။

 

                 ဝါဆိုသင်္ကန်း ဆက်ကပ်လှုဒါန်းပွဲတွင် ပင့်သံဃာ ရဟန်းတော် ၁၇-ပါး၊ သာမဏေ ၅-ပါး၊ သီလရှင် ၈-ပါးတို့ကို သင်္ကန်းနှင့် နဝကမ္မ၀တ္ထုငွေများ ဆပ်ကပ်လှူဒါန်းကာ ဆွမ်းနှင့် ချင်းရိုးရာဟင်းလျာများကို သံဃာတော်များနှင့် ပရိတ်သတ်များအား ဆက်ကပ်လှူဒါန်းကျွေးမွေးသည်။ 

 

သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဓာတ်ပုံပြပွဲတွင် ချင်းသမိုင်းဆိုင်ရာ ဖြစ်ရပ်များ၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၊ ရိုးရာဝတ်စားဆင်ယင်မှုများ၊ ချင်းရိုးရာပါးမဲပုံများ၊ ၈၈-အရေးခင်းကာလ၊ ချင်းအမျိုးသား စည်းလုံး ညီညွတ်ရေးအဖွဲ့၏ လှုပ်ရှားမှုပုံများကို ပြသထားပြီး၊ စုစုပေါင်း ဓာတ်ပုံ ၈၀-ခန့် ပါဝင်သည်။ ဆလိုင်းနော်စော်မှ စုစည်းထားသော ပုံများဖြစ်သည်။  

 

ချင်းလူငယ်မောင်မယ်များ မိတ်ဆတ်ပွဲတွင် ချင်းဗုဒ္ဓဘာသာလူငယ်များ တစ်ဦးချင်းစီ မိတ်ဆတ်ကြပြီး အမျိုးဘာသာသာသနာ တိုးတက်ရေးအတွက် ဆွေးနွေးအကြံပြုကြသည်။ 

စာပေနှင့် ရိုးရာအမှတ်တရပစ္စည်းရောင်းချပွဲတွင် ရိုးရာအ၀တ်အစားများ၊ ချင်းရောင်ခြည်မဂ္ဂဇင်းများ၊ ကိုနိုင်း(ချင်းတောင်)၊ ဆလိုင်းရွှေလင်း၊ ချင်းစည်သူ၊ စသော ချင်းစာရေးဆရာများ၏ စာအုပ်များကို ရောင်းချပေးသည်။ 

 

 

ရေဘေးအလှူငွေကို ကောက်ခံရာ လေးသိန်းခန့် ရရှိနေပြီး ဆက်လက်ကောက်ခံသွားမည်ဟု သိရသည်။ မြန်မာနိုင်ငံရှိ ချင်းဗုဒ္ဓဘာသာဝင် နှစ်သိန်းခြောက်သောင်းကျော်ကို ကိုယ်စားပြုသော အဖွဲ့မှာ ချင်းပါလကအဖွဲ့ ဖြစ်နိုင်ကြောင်း၊ ချင်းလူငယ်တစ်ဦးက ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts