၂၇ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံအခမ်းအနား
ကျင်းပပြုလုပ်
ကျင်းပပြုလုပ်
ရန်နောင်(ဗိုလ်တထောင်) မိုးမခ
ဩဂုတ် ၈ -၂၀၁၅
ဩဂုတ် ၈ -၂၀၁၅
၂၇ နှစ်မြောက်
ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံအခမ်းအနား ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ
ဓမ္မပီယကျောင်းတိုက်တွင် ယနေ့ နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက
ဘဘဦးတင်ဦး နှင့် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးသမားများ ၊၈၈ ပွင့်လင်းလူအဖွဲ့အစည်းမှ
ခေါင်းဆောင်များ ၊ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးတွင်ပါဝင်သော ရဟန်းရှင်လူ၊ကျောင်းသားပြည်သူများ
တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဦးမင်းကိုနိုင်၊ဘဘဦးတင်ဦး၊
ဦးခွန်မြင့်ထွန်း၊ဒေါ်စောမြရာဇာလင်း တို့မှ အသီးသီး မိန့်ခွန်းပြောခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ကျောင်းတိုက်ရှိ ဆရာတော်သံဃာတော်များအား
ကျဆုံးသွားသောရဟန်းရှင်လူကျောင်းသားများအတွက် ရည်စူး၍ ဆွမ်းကပ်လှူခဲ့ကြသည်။