News Yan Naung (Bo Ta Htaung)

အာရှပစိဖိတ်ခရီးသွားအသင်းမှ ရွှေတံဆိပ်ဆု VietJet ဆွတ်ခူး

အာရှပစိဖိတ်ခရီးသွားအသင်းမှ
ရွှေတံဆိပ်ဆု VietJet ဆွတ်ခူး
 
ရန်နောင်(ဗိုလ်တထောင်)    မိုးမခ
ဩဂုတ် ၇- ၂၀၁၅
 
          အာရှပစိဖိတ်ခရီးသွားအသင်း
(PATA) မှ ချီးမြှင့်သည့် ရွှေတံဆိပ်ဆုကို VietJet ကရရှိခဲ့သည်။ယခုရရှိသည့်ဆုသည်
VietJet ၏ ဆန်းသစ်ပြီး အဓိပ္ပါယ်ပြည့်ဝသည့် ဈေးကွက်ချဲ့ထွင်ရေးအစီစဉ်များနှင့် အာရှပစိဖိတ်ဒေသ
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်နိုင်ရန်အထောက်အပံ့များပေးအပ်နိုင်ခဲ့ခြင်းတို့ကို
ပိုမိုပေါ်လွင်စေခဲ့သည်။ ကမ္ဘာတဝှမ်းရှိ ခရီးသွားလုပ်ငန်းအဖွဲ့အစည်း ၈၃ ခုမှ ပြိုင်ပွဲဝင်
၂၆၉ ဦးအနက် VietJet သည် ဗီယက်နမ်နိုင်ငံအတွက် ပထမဆုံးအကြိမ်အဖြစ် အဆိုပါရွှေတံဆိပ်ဆု
ကို ရရှိခဲ့ခြင်းဖြစ်သည်။

 

 

          PATA မှချီးမြှင့်သောရွှေတံဆိပ်ဆုသည်
ခရီးသွားလုပ်ငန်းများအတွက် နှစ်စဉ်ချီးမြှင့်လျှက်ရှိသည့် ဂုဏ်သိက္ခာကြီးမားသော နိုင်ငံတကာအသိအမှတ်ပြုဆုတစ်ခုဖြစ်သည်။
PATA  (
Pacific Asia Travel Association )သည် စတင်တည်ထောင်ခဲ့သည့် ၁၉၅၁ ခုနှစ်မှ စ၍
ဒေသတွင်းခရီးသွားလုပ်ငန်းများကို သိသာထင်ရှားစွာကူညီထောက်ပံ့ပေးလျှက်ရှိသည်။အကျိုးအမြတ်မယူသည့်
အဖွဲ့အစည်းတစ်ခုဖြစ်သည့်အလျှောက် PATA သည်
အရေးပါသည့် သုတေသန လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး အဖွဲ့ဝင်များအတွက် ကြီးမားကျယ်ပြန့်သည့်
အခမ်းအနားနှင့် အစည်းအဝေးများကို လက်ခံကျင်းပပေးခဲ့ကာ ဒေသတွင်းရှိ အစိုးရနှင့်အဖွဲ့အစည်း
၈၇ ခု၊နိုင်ငံတကာ လေကြောင်းလိုင်း ၂၄ ခုနှင့် လေဆိပ်များ၊ကုန်တင်သင်္ဘောလိုင်းများနှင့်
ပညာရေးအဖွဲ့အစည်း ၅၉ ခုတို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts