လူများ၊ ရုပ်ပုံလွှာများ ​နေဝန်းနီ (မန္တ​လေး)

နေ၀န်းနီ (မန္တလေး) – ၈ ရက်​ ၊ ၈ လ ၊ ၈၈ အတွက်​​ မွေးဖွားခဲ့​သော ​ ရွှေဘုန်းလူ (သို့မဟုတ်​) စာ​ရေးဆရာ တာရာမင်း​ဝေ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

နေ၀န်းနီ (မန္တလေး) – ၈ ရက်​ ၊ ၈ လ ၊ ၈၈ အတွက်​​ မွေးဖွားခဲ့​သော ​ ရွှေဘုန်းလူ (သို့မဟုတ်​) စာ​ရေးဆရာ တာရာမင်း​ဝေ
(မိုးမခ) သြဂတ်စ် ၅၊ ၂၀၁၅

ရှစ်​​လေးလုံးလူထုဒီမိုက​ ရေစီလှုပ်​ရှားမှုကြီးဖြစ်​ခဲ့သည်​မှာ ဒီနှစ်​ ၂၀၁၅ ၊ သြဂုဏ်​လ ၈ ရက်​ဆို (၂၇) နှစ်​ပြည့်​ပြီဖြစ်​သည်​။ ရှစ်​​လေးလုံးလူထုဒီမိုက​ရေစီလှုပ်​ရှားမှုတွင်​ အသက်​​ပေါင်းများစွာစ​တေးခဲ့ရသလို ပညာတပိုင်းတစနဲ့​ ကျောင်းထွက်​လိုက်​ရသူ များလည်းရှိသည်​။ ရှစ်​​လေးလုံးတိုက်​ပွဲဟာ စုစု​ပေါင်းရက်​​ပေါင်း​ (၄၀) ပဲ ကြာခဲ့သည်​။ ဒီရက်​က​လေးနီးလာ​တော့ ကျွန်​​တော်​အမှတ်​ရသူ၊ သတိရ​နေသူတယောက်​ရှိသည်​။ သူက​တော့ တခြားလူမဟုတ်​​ပါ။၂၀၀၇ ခုနှစ်​ ၊ သြဂုဏ်​လ ၅ ရက်​​နေ့က ကွယ်​လွန်​သွားရှာတဲ့ ဆရာ တာရာမင်း​ဝေပင်​ဖြစ်​သည်​။

ဒီနှစ်​ ဆရာကွယ်​လွန်​တာ (၈) နှစ်​ပြည့်​ပြီဖြစ်​သည်​။ ယ​နေ့အချိန်​ထိ ဆရာ့ကို အမှတ်​ရ​နေစဲပါ။ သူ့ရဲ့ကဗျာ​တွေကိုလည်း ဖတ်​စဲပါ။ အ​ရေး​တော်​ပုံကာလအတွင်း “ရွှေဘုန်းလူ”က​လောင်​အမည်​ဖြင့်​ “ကျောင်းဖွင့်​ချိန်​” ကဗျာရှည်​မှာ ထင်​ရှားလူသိများ​သောကဗျာတစ်​ပုဒ်​ဖြစ်​ခဲ့​လေသည်​။

ငါ့တို့​ကျောင်း​တော်​ကြီးရဲ့
မော်​ကွန်းထိန်းသိမ်း​ရေးအခန်းမှာ
ဟစ်​တလာရုပ်​ကို
လူတစ်​စုထုဆစ်​​နေကြတယ်​။

သူတို့ဟာ
ရုပ်​ထုရဲ့​ရှေ့မှာ ကျိန်​စာ​တွေရွတ်​ဖတ်
ပျားရည်​စက်​​တွေကိုမီးရှို့ပူ​ဇော်
ဆိုင်​ရာနိုက်​ဖြူ​လျော်​​လျော်​​တွေ သွန်းကြဲပက်​ချ
ဟစ်​တလာပါးစပ်​ထဲက
ကျည်​ဆန်​တစ်​​တောင့်​ ထွက်​အံကျလာတယ်​။

(​ရွှေဘုန်းလူ “​ကျောင်းဖွင့်​ချိန်​“ကဗျာ ပထမပိုဒ်မှ)

ဆရာတာရာမင်း​ဝေက ရှစ်​​လေးလုံးမတိုင်​မီ အလယ်​တန်း​ကျောင်းသားဘဝထဲက ကဗျာ​တွေစ​ရေး​နေပြီဖြစ်​သည်​။ အဲဒီ တုန်းက ဆရာက​လောင်​အမည်​က “မီးခိုးဖြူ” ဖြစ်​သည်​။ ၁၉၈၂ မှာ “မီးခိုးဖြူ” နာမည်​နဲ့ ပထဆုံးမဂ္ဂဇင်းမှာ ကဗျာပုံနှိပ်​​ဖော်​ပြခံရပါတယ်​။ အဲဒီ​နောက်​ ​ရွှေဘုန်းလူ က​လောင်​နာမည်​နဲ့အ​ရေး​တော်​ပုံကာလမှာ ကဗျာ​တွေဆက်​​ရေးပါတယ်​။ “တာရာ မင်း​ဝေ” ဆိုတဲ့က​လောင်​နာမည်​က ဘယ်​ကရလာလည်းဆို​တော့ … ဒီလိုပါ .. ၁၉၉၀ ​ဖေ​ဖော်​ဝါရီ မှာ ဆရာ​ အဖမ်းခံရပါတယ်​။ ထောင်​က (၅) နှစ်​ကြပါတယ်​။ ပထမအင်းစိန်​​ထောင်​မှာပဲထားပါတယ်​။ အဲဒီအင်းစိန်​ထောင်​ထဲမှာ အကိုဖြစ်​သူ ဆရာ​အောင်​ဒင်​နဲ့ ​တွေ့ပါတယ်​။ နောက်​​တော့ ညီအကိုနှစ်​​ယောက်​လုံး သရက်​​ထောင်​ကို​ပြောင်း​ရွှေ့ခံလိုက်​ရပါတယ်​။ အဲဒီသရက်​​ထောင်​မှာ ညီအကိုနှစ်​​ယောက်​က ​ထောင်​မှူးရဲ့စည်းကမ်းတစ်​ခုကိုမကြိုက်​လို့ ဆန္ဒထုတ်​​ဖော်​လိုက်​​တော့ တိုက်​ပိတ်​ခံလိုက်​ရပါတယ်​။

ညတစ်​ညမှာ​တော့ ဆရာက အကိုဖြစ်​သူကို​မေးပါတယ်​။

“ကိုကို ​ထောင်​ကထွက်​ရင်​ဘာလုပ်​မယ်​စိတ်​ကူးထားလည်း”

အဲဒီ ​တော့ အကိုဖြစ်​သူက “အရင်​ဆုံးအလုပ်​တစ်​ခုရှာရမှာ​ပေါ့။ အိမ်​မှာလည်း အ​ကြွေး​တွေတင်​​နေတာများလှပြီ၊ ဒီအ​ကြွေး​တွေအမြန်​ဆုံးဆပ်​နိုင်​​အောင်​ကြိုးစားရမှာ​ပေါ့”

ဆရာ​ ရွှေဘုန်းက “ငယ်​ငယ်​က​တော့​ထောင်​ကလွတ်​ရင်​ စာ​ပေ​လောကထဲ​ခြေစုံပစ်​ဝင်​​တော့မယ်​။ စာ​ရေးဆရာတစ်​​ယောက်​အဖြစ်​ရပ်​တည်​​တော့မယ်​“

အကိုဖြစ်​သူက “ကောင်းပါတယ်​ကွာ” လို့​ထောက်​ခံလိုက်​တဲ့အခါ

ဆရာ​ရွှေဘုန်းလူက ငယ်​ငယ်​ ကိုကိုဆီက တစ်​ခု​တောင်းချင်​တယ်​။
“ဘာများလည်းကွ”လို့အကိုဖြစ်​သူက​မေး​တော့
“တာရာမင်း​ဝေ” ဆိုတဲ့နာမည်​ကို ငယ်​ငယ်​ရဲ့က​လောင်​အဖြစ်​သုံးချင်​တယ်​။ ကိုကို အဲဒီနာမည်​ကို ငယ်​ငယ်​ကို​ပေးမလားတဲ့”

အကိုဖြစ်​သူကလည်း “ယူပါကွာ” ဟု ကြည်​နူးစွာ​ပေးလိုက်​သည်​။

တကယ် ​​တော့ “တာရာမင်း​ဝေ” ဆိုတဲ့က​လောင်​နာမည်​က အကိုဖြစ်​သူဆရာ​အောင်​ဒင်​ရဲ့က​လောင်​ခွဲတစ်​ခုပါ။ ရက်​အနည်း ငယ်​ကြာ​တော့ ညီအကိုနှစ်​​ယောက်​ကို​ထောင်​တစ်​ခုတည်းမှာထားလို့မ​ကောင်းဘူးဆိုပြီး ဆရာ​ရွှေဘုန်းလူကို သာယာဝတီ​ထောင်​ ပို့လိုက်​ပါတယ်​။ ၁၉၉၄ ​ဖေ​ဖော်​ဝါရီမှာ သာယာဝတီ​ထောင်​က​နေ ဆရာ​ရွှေဘုန်းလူ လွတ်​လာပါတယ်​။ ၁၉၉၄ ရင်​ခုန်​သံမဂ္ဂဇင်းမှာ “​လေစီး​ကြောင်းထဲမှလူများ” စာမူသည်​ “တာရာမင်း​ဝေ” က​လောင်​နာမည်​ရဲ့ ပထမဆုံးစာမူဖြစ်​ခဲ့သည်​။ ၁၉၉၅ “စာ​ပေ​ဂျာနယ်​” မဂ္ဂဇင်းမှာ​ဖော်​ပြခဲ့တဲ့ “အာလူးစားသူများ” ဝတ္ထုတိုနဲ့ ဖြူးမိတ်​​ဆွေများစာ​ပေဆုရခဲ့​လေသည်​။ ဆရာ တာရာမင်း​ဝေရဲ့ဝတ္ထု​တွေကို ရုပ်​ရှင်​ဇာတ်​ကားအဖြစ်​​ပြောင်းလဲခြင်းကိုလည်း ခံခဲ့ရသည်​။ ထိုရုပ်​ရှင်​ကားတို့တွင်​ ဒါရိုက်​တာ ​မောင်​သူရ (ဇာဂနာ) ရိုက်​ကူးတဲ့ “မြင်းစီးထွက်​​သော အိပ်မက်​များ” ရုပ်​ရှင်​မှာ မြန်​မာနို​င်​တွင်​ပြသခွင့်​မရရှိခဲ့ပါ။

ဒေါင်းအလံကိုင်​တဲ့ “ရွှေဘုန်းလူ” ကို​ထောင်​ထဲပို့​တော့ က​လောင်​ကိုတဲ့ “တာရာမင်း​ဝေ” အဖြစ်​ပြန်​ခဲ့သူ ၂၀၀၇ သြဂုဏ်​လ ၅ ရက်​​နေ့မှာ​တော့ ကွယ်​လွန်​သွားရှာသည်​။ ဆရာ “တာရာမင်း​ဝေ” ရဲ့ ​နောက်​ဆုံးဈာပနာမှာ​တော့ ဆရာ မင်းကိုနိုင်​က “ကြယ်​​ကြွေသတိုးသား”ကဗျာကို ​ရေးဖွဲ့ရွတ်​ဆိုခဲ့​သည်​။

“တာရာမင်း​ဝေ”

သူက​ကျောင်းသား​ခေါင်း​ဆောင်
၈ ရက်​၊ ၈ လ၊ ၈၈ အတွက်​​ မွေးဖွားခဲ့သူ
ဒေါင်းအလံကိုင်​တဲ့ “ရွှေဘုန်းလူ” ကို​ထောင်​ထဲပို့​တော့
က​လောင်​ကိုတဲ့ “တာရာမင်း​ဝေ” အဖြစ်​ပြန်​ခဲ့တဲ့ အကို​ရေ
လွမ်းဆွတ်​သတိရခြင်း​တွေနဲ့အတူ
အကို​ကောင်းရာသုဂိ​ရောက်​ပါ​စေလို့

ကျွန်​​တော်​ ဆု​တောင်း​ပေးလိုက်​ပါ အကို….။

{ဆရာတာရာမင်း​ဝေ (၈) နှစ်​ပြည့်​ အမှတ်​တရ}

လေးစားစွာဖြင့်
နေ၀န်းနီ (မန္တလေး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts