Yan Naung (Bo Ta Htaung) သတင်းပဒေသာ

လျှပ်တပြက်သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင် မွေးနေ့ပွဲ ကျင်းပ


ဖိုးသောကြာ(ခေတ်မိုး)၊ရဲဘော်ဘခက်၊အကယ်ဒမီထွန်းနိုင်၊မောင်မောင်အေး(အလင်္ကာဝတ်ရည်)

လျှပ်တပြက်သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင် မွေးနေ့ပွဲ ကျင်းပ

ရန်နောင်(ဗိုလ်တထောင်)   မိုးမခ  ဩဂုတ် ၃- ၂၀၁၅

ဦးအောင်စိုးသူ

 

ဦးမြတ်ခိုင် နှင့် လူမင်း

 

 

ဦးမြင့်သိန်းဖေတို့ဇနီးမောင်နှံ နှင့် အိုအေစစ်ဂျာနယ်အယ်ဒီတာချုပ် ဂျူလိုင်မိုး

 

စောဝေ၊ဦးမြင့်သိန်းဖေနှင့်ဇနီး၊ဦးမြတ်ခိုင်

 

ရွှေညာခိုင်စိုး
 
           လျှပ်တပြက်သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်၏ မွေးနေ့မင်္ဂလာဧည့်ခံပွဲကို ရန်ကုန်မြို့ ကန်တော်ကြီး ရှိ ကရဝိတ်နန်းတော်ဟိုတယ်တွင် ဩဂုတ်လ(၂) ရက် နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
 
          အဆိုပါ မွေးနေ့မင်္ဂလာဧည့်ခံပွဲသို့ ဖိတ်ကြားလွှာတွင် ဆရာဦးမြတ်ခိုင်က “ ပင်စင်ယူဖို့ လက်တစ်လုံးပဲလိုတော့တာမို့ ကျနော့်မွေးနေ့မှာ မှတ်မှတ်ရရ ကျွေးမွေးပြုစုပါရစေခင်ဗျာ ” ဟု ဖိတ်ကြားထားသည်။
 
          မွေးနေ့ပွဲသို့ ရုပ်ရှင်ဂီတသဘင် နှင့် စာပေစာနယ်ဇင်းအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ ၊အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။
 
          ဦးမြတ်ခိုင်သည် ကြီးပွားရေးမဂ္ဂဇင်း၊မဟာအနုပညာဂျာနယ်၊ လျှပ်တပြက် ဂျာနယ်တို့ကို အယ်ဒီတာချုပ်အဖြစ်လုပ်ကိုင်ခဲ့သည်။အင်္ဂါစကားဝိုင်းကို တည်တောင်ခဲ့ပြီး စာနယ်ဇင်းလောကတွင် ဩဇာတိက္ကမ ကြီးသူတစ်ယောက်ဟု ဆိုသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts