Han Thit Naing ဓာတ်ပုံသတင်း

ကိုယ်ထူကိုယ်ထဖြင့် မူလတန်းကျောင်းဆောင်သစ်ဆောက်လုပ်

ကိုယ်ထူကိုယ်ထဖြင့် မူလတန်းကျောင်းဆောင်သစ်ဆောက်လုပ်

ဟန်သစ်နိုင်၊ မိုးမခ၊ သြဂုတ်၂ရက်၊ ၂၀၁၅ခုနှစ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ညောင်ကျပွင်ကျေးရွာအုပ်စု၊ မှိုက်ပင်ကျေးရွာတွင် စာရေးဆရာမင်းဒင်နှင့်
စေတနာရှင်များက မူလတန်းကျောင်းဆောင်သစ်ကို ဆောက်လုပ်လှူဒါန်းပြီး သြဂုတ်လ ၁ရက် နေ့လည်
၁၁နာရီတွင် မကွေးတိုင်းပညာရေးဝန်ကြီးနှင့် လူမှုရေးဝန်ကြီးတို့ တက်ရောက် ဖွင့်လှစ် ပေးခဲ့သည်။ ထိုကျောင်းဆောင်ဖွင့်ပွဲတွင် ၈၈မျိုးဆက်ကိုမင်းကိုနိုင်၊ NLD ပညာရေးကွန်ရက် နိုင်ငံရေး အင်အားစုများ၊ စာရေးဆရာ၊ ကာတွန်းဆရာများနှင့် ရွာသူရွာသားအမြောက် အများ တက်ရောက်ခဲ့ကြသည်။

          မှိုက်ပင်ရွာသည် နတ်မောက်မြို့နှင့် ၁၆မိုင်ကွာဝေးသည်။ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ တစ်ထောင်နီးပါးရှိသော မှိုက်ပင်ရွာရှိ မူလတန်းကျောင်းတွင် ကျောင်းသားဦးရေ (၇၄)ယောက်ရှိပြီး၊ ကျောင်းအုပ်အပါအဝင်ဆရာမ (၅)ဦးဖြင့် သင်ကြားလျှက်ရှိသည်။

လက်ရှိကျောင်းဆောင်မှာ အိုဟောင်း သေးငယ်နေသဖြင့် မှိုက်ပင်ကျေးရွာဇာတိဖြစ်သူ စာရေးဆရာဦးမင်းဒင်နှင့်
သူ၏မိတ်ဆွေစေတနာရှင်များက မူလတန်းကျောင်းဆောင်သစ်ကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းရာတွင်  ကုန်ကျငွေစုစုပေါင်း သိန်း ၄၀၀ ကျော်ရှိသည်။ ကျောင်းဆောင်သစ်မှာ RC တစ်ထပ်ကျောင်းဆောင်ဖြစ် သည်။ ကျောင်းဆောင်မှာအလျား ၁၈၀ပေနှင့် အနံ ၃၀ပေရှိသည်။  ၄င်းကျေးရွာနေထိုင်သူ ဒေါ်မုန်းခင် နှင့်ဒေါ်ခင်ပုတို့မှ
လည်း ၁.၇၄ ဧကကို ကျောင်းမြေအဖြစ် လွှဲပြောင်းလှူဒါန်း ပေးခဲ့သည်။ ယခင်ကျောင်းမြေ ဧက ၁.၇၅ နှင့် ယခုကျောင်းမြေဧက ၁.၇၄ စုစုပေါင်း ၃.၄၉ဧကကို ပုံစံ ၁၀၅ဖြင့်ကူးပြောင်းပြီးစီးခဲ့သည်။




          ကျောင်းဆောက်လုပ်လှူဒါန်းပေးခဲ့သော စေတနာရှင်များ၏
ရည်ရွယ်ချက်မှာ ကျောင်းသူကျောင်း သား များ အနာဂတ်အတွက်စိတ်ဓါတ်ခွန်အား၊ ပညာမြင့်မားတိုးတက်စေရန်နှင့်
နွေရာသီကျောင်းပိတ် ရက်များတွင် ကျောင်းသားလူငယ်များ အတွက် အတွေးအခေါ်အယူအဆ များတိုးတက်စေသော
သင်တန်းများ ဖွင့်လှစ်နိုင် ရန် ရည်ရွယ်သည်ဟု သိရသည်။


          ဝေးလံခေါင်ဖျား မူလတန်းကျောင်းဆောင်သစ်ဖွင့်ပွဲသို့
တက်ရောက်လာသော ကိုမင်းကိုနိုင်မှလည်း ဒီနေရာသို့ရောက်လာရခြင်းသည် ပညာရေးကိစ္စဖြစ်နေကြောင်းနှင့်
စာပေနယ်မှ မိတ်ဆွေအပေါင်းအသင်း များ ကြောင့် ရောက်ရှိလာခြင်းဖြစ်သည်ဟု ပြောသည်။


          ဆက်လက်ပြီး ကျောင်းဆောင်သစ်ဆောက်လုပ်ရခြင်းနှင့်
ပတ်သက်၍ “ကလေးတွေကျောင်းခန်း သစ်တွေရလာတာ လွယ်လွယ်နဲ့ရလာတာမဟုတ်ဖူး၊ ကိုယ့်အားကိုယ်ကိုးပြီးတော့ပုဂလိကတွေ ရဲ့
စေတနာ တွေကြောင့်ဖြစ်လာရတာ၊ အမှန်တကယ်က နိုင်ငံတော်ရဲ့တာဝန်ယူမှု ဖြစ်သင့်တယ်၊ ကလေးတွေပညာရေး
ကြောင့် ပုဂလိကတွေကအားစိုက်လိုက်၊ နိုင်ငံတော်ကပျက်ကွက်လိုက် ဆိုရင်မဟုတ်ဖူး၊ နိုင်ငံတော်က
အလုံးစုံ တာဝန်ယူနိုင်တဲ့စနစ်မျိုးရအောင် မြန်မြန်သွားသင့်ပါတယ်” ဟု ၈၈မျိုးဆက်(ငြိမ်း/ပွင့်)
ကိုမင်းကိုနိုင်က ပြောပြ သည်။


         NLD ပညာရေးကွန်ရက်မှလည်း ကျောင်းသားကျောင်းသူများအတွက် ဗလာစာအုပ်များ လှူဒါန်းခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts