ကဗျာ မောင်စွမ်းရည်

မောင်စွမ်းရည် “ ရှစ်လေးလုံးကား မဆုံးသေး ”

 

မောင်စွမ်းရည် “ ရှစ်လေးလုံးကား မဆုံးသေး ”

(မိုးမခ) သြဂုတ် ၃၊ ၂၀၁၅

 

(၁)     ဗမာ့တော်လှန်ရေး

ရှစ်လေးလုံးကား မဆုံးသေး။

 

(၂) စစ်အစိုးရ — အလိုမရှိ။

   အာဏာရှင်စနစ် —အလိုမရှိ။

   တပါတီစနစ်– အလိုမရှိ။

   မဆလပါတီ—အလိုမရှိ။

   မရှိအလို ငြင်းဆို ၄ ချက် ၊မြေတုန်အက်ခဲ့။

 

(၃)    ဒီမိုကရေစီအရေး—ဒို့အရေး။

လူ့အခွင့်အရေး– ဒို့အရေး။

အမျိုးသားလွတ်လပ်ရေး–ဒို့အရေး။

တိုင်းရင်းသား စည်းလုံးရေး–ဒို့အရေး။ 

ပြည်သူ့ အရေး၊ ဒို့အရေး ၄ချက်၊ ဘဝဂ်တိုင်ခဲ့။

 

(၄) ရှစ်လေးလုံးမှာ၊ ကမ္ဘာတုန်အောင်

ဗမာမာန်ဟုန် ကြုံခဲ့ပြီ။

အလုပ်သမား ၊ လယ်သမား

ကျောင်းသားပြည်သူ ၊ရှင်လူရဟန်း

အံ့မခန်းအောင်၊ ရဲစွမ်းညီညီပြခဲ့ပြီ။

သမ္မတသုံးယောက်၊ ဒေါက်ဖြုတ်မြေမြှုပ်

လမ်းစဉ်လဲပြုတ်။အာဏာပြုတ်အောင်

ဖြုတ်ချခဲ့ပြီ။

 

(၅) အာဏာကျည်ဆန်၊ဖီဆန်အံတု

ပြည်သူ့မော်ကွန်း၊တခေတ်ထွန်းပြီ။

 

(၆) သို့သော် သို့သော်

     ဒို့တော်လှန်ရေး ၊ ရှစ်လေးလုံးကား

    မဆုံးသေး။

 

(၇)   စစ်ဝတ်ကိုချွတ်၊ အရပ်ဝတ်နဲ့

ဇွတ်ပလ္လင်တက်၊ အရှက်မဲ့များ

ဖယ်ရှားပစ်ရန်၊ တာဝန်ကျန်သေး

မပြီးသေး။

 

(၈)   ၂၀၀၈ – ဥပဒေ ၊စစ်ဥပဒေကို

မြေလှန်ပြာချ ၊ရေမျှောချရန်

တာဝန်ကျန်သေး၊ မပြီးသေး။

ရှစ်လေးလုံးကား၊ မဆုံးသေး။

 

 

ပြည်သူ့အရေး ၊ ဒို့အရေး ။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts