ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – စိုးရိမ်ရေမှတ် ၂၀၁၅

 ကျော်ဟုန်း – စိုးရိမ်ရေမှတ် ၂၀၁၅
(မိုးမခ) သြဂတ်စ် ၁၊ ၂၀၁၅

တောင်ပေါ်မှာ ရေကြီးတယ်၊
အညာမှာ ရေလျှံတယ်၊
အကြေမှာ ရေမြုပ်တယ်၊
ဗမာပြည်သားတွေ ခမျာလေ…
ကရုဏာသမားတွေရဲ့
စားမြိန်ထုပ်ရဖို့ထက်
(ပြည်သူက လိုလားရင်
နောက်ထပ်…) ဆိုတဲ့
အသံဆိုးကြီးနဲ့ 
ဟိုအဘတွေ တံထွေးခွက်ထဲ
ထပ်မမြှုပ်ရအောင်သာ…ဆိုပဲ။

ကျော်ဟုန်း
ဇူလိုင်၊ ၂၈၊ ၂၀၁၅။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts