![]() |
Photo Aung Htet |
version ပြောင်းဆိုမယ့်အစား
ကိုယ်ပိုင်သံစဉ် စာသားစစ်စစ်နဲ့
ကိုယ်ပိုင်သီချင်းသစ်တပုဒ်ကို
ကိုယ့်စိတ်ကူးနဲ့ ကိုယ်လည်း ညှစ်ထုတ်ဦးမှ…
ဘာမှမထူးခဲ့တာ ဘာမှမဆန်းဘူး…
ဘာမှမပြောင်းခဲ့တာ ဘာမှမဆန်းဘူး…
အဟောင်းနဲ့မကင်းသေးတာ ဘာမှမဆန်းဘူး…
ရောင်းတန်းမ၀င်တဲ့
အဟောင်းအနွမ်းတွေပဲ ရှိမှာပေါ့..
အမေရိကန်မသွားရလို့ ဘာမှမဖြစ်ဘူးဆိုတဲ့
ထမင်းတနပ်လျှော့စားပါဆိုတဲ့
ဖယောင်းတိုင်ထွန်းပြီးနေပါဆိုတဲ့
သမ္မတထက်မြင့်တဲ့ ရာထူးတွေကိုထမ်းဆောင်နိုင်ပါတယ်ဆိုတဲ့
အရက်အစား နွားနို့သောက်ပါဆိုတဲ့
ချမ်းသာအောင် ဆိုက်ကားနင်းပါဆိုတဲ့
အာဇာနည်တန်းဝင်တဲ့ အာဇာနည်စစ်စစ်တွေပါဆိုတဲ့
အလုံးစုံသော…ဆိုတဲ့..ဆိုတဲ့သူတွေထဲမှာတော့
လျှာထွက်အောင်ရှာလည်း အသစ်ကိုတွေ့မှာမဟုတ်ဘူး…
အသစ်အတွက် နေမထွက်ခင် မျက်နှာသစ်
အသစ်အတွက် နေမ၀င်ခင် မျက်နှာသစ်
အသစ်အတွက် ညဥ့်မနက်ခင် မျက်နှာထပ်သစ်….။