စာစုတို

လင်းထင် – ဂျူံခင်းထက်က ကျီးကန်းတွေ

လင်းထင် – ဂျူံခင်းထက်က ကျီးကန်းတွေ
(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၁၅

ဘ၀အပေါ် နှစ်သက်ခုံမင်တယ်၊ ရှင်ရမှုကို စွဲလမ်းနှစ်လိုစိတ်ဟာ အရှိန်တညီးညီး တောက်လောင်တယ်။ ဒါပေမဲ့ ပညာဉာဏ် နဲ့တော့ မယှဉ်ဘူး။

ဘ၀တဏှာလို့ ခေါ်မှာပေါ့၊ Lust for life ပေါ့….။  အဲဒီ့ နာမည်နဲ့ ဗန်ဂိုးအကြောင်း ရုပ်ရှင်ရှိတယ်။ ကတ်ဒေါက်ကလပ်စ်က ဗန်ဂိုး၊ အန်ထနီကွင်းက ဂေါ်ဂင်။

ဗန်ဂိုးဟာ မိုင်းတွင်းက ဘာသာရေးဆရာ၊ လူမှုပြုပြင်ရေးသမား၊ ဘ၀မှာ မအောင်မြင်ဘူး။  ကယောင်ချောက်ချားနဲ့ ပန်းချီဆွဲ တော့လည်း မအောင်မြင်ဘူး။  မအောင်မြင်သမျှ ကိုယ့်ကိုယ်ကိုယ် သတ်သေတာလည်း မအောင်မြင်၊ ရင်ဘတ်မှာ သေနတ် ဒဏ်ရာနဲ့ ၂ ရက် အသက်ဆက်ရှင်တယ်။

သေခြင်းဟာ သူနောက်ဆုံးနေသွားတဲ့ သီတင်းပတ်မှာ ဆွဲခဲ့တဲ့ ကျီးငှက်တွေပျံဝဲနေတဲ့ ဂျူံခင်းကားထဲမယ် ထင်ဟပ်နေတယ်။

လန်ဒန်က အမျိုးသားပြတိုက်မှာ မိုနေးကစလို့ ဆေးဇန်း၊ ဒေးဂါး၊ မားနေးရှိသမျှ အင်ပရက်ရှင်းနစ် ဘုရားတွေရဲ့ လက်ရာ တွေကြား ဗန်ဂိုး ပန်းချီတွေအရှေ့ ကျနော်ရပ်ရင်း အဆုံးစွန်တုန်လှုပ်ရတယ်။ နှာခေါင်းထဲက ကျင်တက်လာအောင် ငိုချင် နေမိတယ်။

ဘ၀ကို ၄-၅ ၁၀ နှစ်ဆိုသလို တည့်မတ်အောင် ကြိုးစားရင်း၊ အ၀တ်အစား သပ်သပ်ရပ်ရပ်ဝတ်ရင်း၊  ဆံပင်တိုတိုညှပ်ရင်း တချို့လည်း မွန်းအောင်သီချင်းလို လူခြေတိတ်တဲ့ တဖက်ကမ်းက တောရကျောင်းငယ်မှာ သွားရောက်မှီခိုရင်း….

ဗြုန်းကနဲ….. ရုတ်ချည်းဆိုသလို ကိုယ့်ဘ၀ကိုယ်၊ ကိုယ့်အသက်ရှင်ရမှုကို ငြိုးသူရန်ဘက်တွေလို ပြန်ဖျက်ဆီးကြပြန်တယ်။  မပြုပြင်တဲ့ မြက်ရိုင်းတွေလို ဆံနွယ်တွေ ပြန်ရှည်ကြ၊ အရက်နံ့တွေ တထောင်းထောင်း ပြန်ဟောင်ကြ၊ ကြုံကြိုက်ရတဲ့ ချစ်ဖွယ် သနားစဖွယ့် မိန်းမတွေနဲ့ ဘ၀ တစ်သိန်းခြားသလို ဝေးကွာရ။

ဒီလို မိုက်မဲမှုတွေဟာ ခြောက်လှန့်လည်း ဝေဒနာ မထင်ရှားသေးသမျှ ဒီခန္ဓာကို အလွဲသုံးတယ်။  စိတ်နောက်ကိုယ် ကောက် ကောက် ပါချက်ကတော့ဖြင့် အလွန်အကျွံပဲ။

နည်းနည်းနာရင်တော့ များများကြောက်တယ်၊ သေခြင်းနဲ့ယှဉ်တဲ့ သံဝေဂဟာ အထီးကျန်စေတယ်၊ ခိုကိုးရာမဲ့စေတယ်။

ဘ၀ရဲ့ မရေရာ၊ မတည်မြဲခြင်းဆိုတဲ့ အနက်သဘော စိုးစဉ်းမျှ ဆင်ခြင်မိရုံနဲ့ ကိုယ့်ရဲ့ ကြမ္မာအပေါ် ကိုယ်သခင်ဖြစ်တယ်ဆိုတဲ့ မာနဟာ ပြက်ရယ် အပြုခံရတယ်။

မထူးဇာတ် ပိုခင်းချင်တယ်။  စိတ်ဆိုတာ တစ်သက်လုံး အလိုလိုက်ထားတော့ ပေါ့ပျက်နေပြီ ထိန်းကျောင်းဖို့ရာ မမျှော်လင့်နိုင် တဲ့ အခြေအနေမဟုတ်လား။

လင်းထင်

××××××××××××

မိုးမခတွင် တင်ဆက်ထားသည့် လင်းအေးထင် (လင်းထင်) ၏ ကဗျာ၊ စာဟောင်းများ ပြန်ဖတ်လိုပါက —

၀၁) ကျောင်းမှာ မျက်နှာစာနှစ်ဖက် ရှိခဲ့တယ်
http://moemaka.com/archives/44484
http://blog.moemaka.com/2015/07/blog-post_95.html

၀၂) အလွမ်းသမားနပိုလီယံ
http://gita.cc/archives/43792
http://moemaka.blogspot.com/2015/05/blog-post_547.html

၀၃) စူးစမ်းမိတဲ့ငနုံ
http://moemaka.com/?p=43401
http://gita.cc/archives/43401
http://www.moemaka.blogspot.com.au/2015/04/blog-post_755.html

၀၄) မန္တလေးကို ရောက်ခဲ့တယ်
http://moemaka.com/archives/41135
http://gita.cc/archives/41135
http://moemaka.blogspot.com.au/2014/12/blog-post_52.html

၀၅) ဘုရားပေါ်မှာ
http://moemaka.com/archives/41118
http://www.moemaka.blogspot.com.au/2014/12/blog-post_22.html

၀၆) လွန်ခဲ့တဲ့ (၁၅) နှစ်
http://moemaka.com/archives/41080
http://www.moemaka.blogspot.com.au/2014/12/blog-post_43.html

၀၇) အပ္ပမာဒေန သမ္မာဒေထ
http://gita.cc/archives/41882
http://moemaka.blogspot.com.au/2015/01/blog-post_201.html

၀၈) ရုပ်ချည်းရှိတဲ့ ဗြဟ္မာလို
http://gita.cc/archives/42844
http://www.moemaka.blogspot.com.au/2015/03/blog-post_581.html

၀၉) အော့ဖ်လိုင်း
http://moemaka.com/archives/41769
http://www.moemaka.blogspot.com.au/2015/01/blog-post_36.html

၁၀) မဒမ်တူးဆိုး ဖယောင်းရုပ်
http://moemaka.com/archives/41676
http://www.moemaka.blogspot.com.au/2015/01/blog-post_53.html

၁၁) ဥသြဆွဲ တေးချင်း
http://moemaka.com/archives/41280
http://www.moemaka.blogspot.com.au/2014/12/blog-post_20.html

(၁၂) တာ့ဂ်ျမဟာ
http://moemaka.com/?p=43317
http://gita.cc/archives/43317
http://www.moemaka.blogspot.com.au/2015/04/blog-post_66.html

၁၃) တိုးတက်သော အနုပညာ ဆိုတာ ဘာလဲ
http://gita.cc/archives/43166
http://moemaka.blogspot.com.au/2015/04/blog-post_26.html

၁၄) ဂိုဂင်နီ
http://gita.cc/archives/1002
http://moemaka.blogspot.com.au/2013/08/linn-htin-essay.html

၁၅) အလကား မတ်တင်း အမျိုးသား ကဗျာဆရာကြီး ကိုချော
http://moemaka.com/archives/39648
http://moemaka.blogspot.com.au/2014/09/blog-post_42.html

၁၆) ဘာလဲဟဲ့ ရင်ကြားစေ့ရေး
http://moemaka.com/archives/40675
http://www.moemaka.blogspot.com.au/2014/11/blog-post_14.html

၁၇) ကျောင်းသားမုန်းရောဂါရှင် ဘယ်သူက ပရောက်ဇီလဲ
http://gita.cc/?p=42282
http://www.moemaka.blogspot.com.au/2015/02/blog-post_23.html

၁၈) ငရဲလမ်းလိုက်မှ ဘာ မျှော်လင့်ရဦးမလဲ
http://moemaka.com/archives/40853
http://www.moemaka.blogspot.com.au/2014/11/blog-post_212.html

၁၉) မီးဗုံး အပစ် ခံရတဲ့ ဆင်ခြင်တုံ တရား
http://moemaka.com/archives/41023
http://www.moemaka.blogspot.com.au/2014/11/blog-post_761.html

၂၀) ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်
http://moemaka.com/archives/1322
http://www.moemaka.blogspot.com.au/2013/07/linn-htin-religion-and-community-to-be.html

၂၁) စစ်အုပ်စုရဲ့ စရိုက် (၄) မျိုး
http://gita.cc/archives/42919
http://moemaka.blogspot.com.au/2015/03/blog-post_509.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts