ကဗျာ ရန်လင်းအောင်

ရန်လင်းအောင် – ပြောဇာတ် – ၅

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

  ရန်လင်းအောင် – ပြောဇာတ် – ၅
(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၁၅

ဘယ်ရပ် ဘယ်ရွာ ရောက်ရောက်
သူ့ဝန်တင်မြည်းကို ခြင်္သေ့အရေခြုံပေးပြီး
နီးရာလယ်စိုက်ခင်းထဲ လွှတ်ကျောင်းထားတတ်တဲ့
ကုန်သည်တယောက်ဟာ ……
သူလည်း အထာကျ သူ့မြည်းလည်း အစာဝ
ခြသေ့င်္ထင်ပြီး လယ်သမားတွေ အနားမကပ်ရဲလို့
အရေခြုံနဲ့ ဟန်ကျနေတာ ကြာပေါ့။

ဒီလို လုပ်စားရင်းနဲ့
ရွာတရွာအရောက်မှာ လယ်စောင့်တွေက
အရေခြုံမှန်းမသိ ခြင်္သေ့ထင်ပြီး ကြောက်ကြောက်နဲ့
ရွာပြန်ပြေး လူစု လက်နက်စု
ညာသံပေးဝိုင်းလိုက်ကြတော့
လန့်ဖျန့်ပြီး အော်ပြေးလိုက်တာ
ဘာအရေခြုံခြုံ မူမှမမှန်ဘဲ
မြည်းက မြည်းသံပဲထွက်တာပေါ့။

အရေခြုံလည်းကျွတ်ကျ
မြည်းသံလည်း ကြားရတော့
ဘာပြောကောင်းမလဲ လယ်သမားတွေ
အသေဝိုင်းရိုက်လိုက်ကြတာ
ခြင်္သေ့အရေခြုံနဲ့ လယ်စိုက်ခင်းတွေထဲ
မသဒ္ဓါရေစာအချောင်ခိုးစားခဲ့တဲ့မြည်း
ဒီတချီတော့ ပွဲချင်းပြီးပဲ ။ ။

ရန်လင်းအောင်
၁၇ ၇ ၂၀၁၅
ဒုကနိပါတ် ၊ အသဒိသဝဂ် သီဟစမ္မဇာတ်တော်ကို မှီးသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts