ကျော်ဟုန်း – အရောင်ပြောင်းတတ်သော ဒြပ်စင်
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၅
ကျီစယ်ခြင်းကို
ဓာတ်ခွဲကြည့်တော့
တုန်လှုပ်သွားမိတယ်။
ကျီစယ်ခြင်းမှာ
ချစ်ခြင်းနဲ့ မခိုးမခံ့
ဒြပ်ပေါင်းတွေ ရောနေတယ်။
ခံစားရသူ အသိနဲ့ 
ကျီစယ်သူရဲ့ အသိ
ကိန်းသေ မကျခဲ့ရင်…
အချိုလွန် ခါးတတ်လေရဲ့။ ။
ကျော်ဟုန်း
ဇူလိုင် ၁၆၊ ၂၀၁၅။