ကဗျာ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ဆုတောင်း

 ငြိမ်းချမ်းအေး – ဆုတောင်း
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၅

မဏ္ဍပ် မထိုးရ.. လူ မစုရ.. စားမြိန်ထုပ် ထည့်လို့ မရ..
ရေအိုး မခွဲလိုက်ရတဲ့ အသုဘတွေ
သမိုင်းမှာ ဒုနဲ့ဒေး ရှိခဲ့ရတယ်..။

ဒီခေတ်၊ ဒီစနစ်၊ ဒီလူတွေလက်ချက်နဲ့..
လူငယ်လေးတွေ ပန်းကောင်း အညွန့်ချိုး
အညွန့်တလူလူ အချိန်မှာ အများစု စတေးခဲ့ရတာ..။

အခုတော့ ကာလဝိပါက် နောက်ပိုးတက်ချိန်..
သေနာတွေ အသေနာတော့မယ့် အတိတ်နိမိတ်..
လူသိမခံဝံ့၊ တိတ်တဆိတ် ချရမယ့်
မသာအလောင်းတွေ တန်းစီရာမှာ
အမြဲတမ်း နေရာဦးကောင်းသူ တစ်ယောက်
နံပါတ်တစ် ချိတ်သွားခဲ့ပြီ..။

လွတ်ပြီ၊ ကျွတ်ပြီ မထင်လေနဲ့..

ကျည်ရွာက အော်ဟစ်သံတွေ
ငရဲတံခါးဝအထိ လမ်းပြစေသား..။

ဒီပရင်္ဂင်္မှာ..
ပျောက်ဆုံးခဲ့ရတဲ့ သူရဲကောင်းတွေ
အတိတ်တစ္ဆေလို သံသရာ အရိပ်ထိုး
ခြောက်လှန့်ပါစေသား..။

ငြိမ်းချမ်းအေး
ဇူလိုင် ၂၄၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts