Han Thit Naing သတင်းပဒေသာ

ပုဒ်မ၁၉ဖြင့်စွဲထားခံရသော ဦးကိုကိုကြီးအပါဝင် ၅ဦး ဒါဏ်ငွေ သို့မဟုတ် ထောင် ၂၁ ရက် ချမှတ်ခံရ

 

ပုဒ်မ၁၉ဖြင့်စွဲထားခံရသော ဦးကိုကိုကြီးအပါဝင် ၅ဦး ဒါဏ်ငွေ သို့မဟုတ် ထောင် ၂၁ ရက် ချမှတ်ခံရ

 ဟန်သစ်နိုင်၊မိုးမခ၊ ဇူလိုင် ၂၂ရက်၊ ၂၀၁၅ခုနှစ်

           တောင်ဥက္ကလာပမြို့နယ်၊( ၉)ရပ်ကွက်၊ သစ္စာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ ကလေးကစား ကွင်းနေရာကို ကြံ့ခိုင်ရေးပါတီမှ ကွန်ဒိုဆောက်နေခြင်းအတွက် မူလနေရာပြန်လည်ရရှိရေးကို ဒီဇင်ဘာ ၂၁ရက်နေ့တွင် ဦးဆောင်ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ဦးကိုကိုကြီး၊ ဦးနိုင်ကိုလင်း၊ ဒေါက်တာစောနိုင်၊ ဦးအောင်မော်၊ ဦးမျိုးခင်တို့ကို တောင်ဥက္ကလာမြို့မရဲစခန်းက (ပ)၅၂၈/၂၀၁၄၊ ငြိမ်း/စီပုဒ်မ ၁၉ဖြင့် တရားစွဲရန် ဇူလိုင်လ ၂၂ရက် နေ့လည် ၁၂နာရီသို့ ချိန်းဆိုခဲ့သည်။ 
 

          တောင်ဥက္ကလာမြို့မရဲစခန်းသို့ ဦးကိုကိုကြီးအပါအဝင် ၅ဦးသည် နေ့လည် ၁၂နာရီတွင်ရောက်ရှိပြီး ရဲစခန်းမှတဆင့် တောင်ဥက္ကလာတရားရုံးသို့ခေါ်ဆောင်သွားခဲ့သည်။ တရားရုံးသို့ရောက်သောအခါ တရားသူကြီးမှ ၄င်းတို့ငါးဦးအား  ငွေဒဏ် တစ်သောင်း သို့မဟုတ် ၂၁ရက်ကျခံစေရမည်ဖြစ်သည်။ ဦးကိုကိုကြီးတို့မှ ငွေဒဏ်မဆောင်လိုပဲ ၂၁ရက် ကျခံချင်သော်လည်း အမည်မသိအခြားတစ်ယောက် မှ ငွေဒဏ်ပေးဆောင်သွားသည်ဟု တရားသူကြီးကပြောလိုက်သောကြောင့် ဦးကိုကိုကြီးအပါအဝင် ၅ဦး ပြန်လည်လွှတ်မြောက်လာခဲ့သည်။

          ဦးကိုကိုကြီးမှပြောပြရာတွင် ပြည်သူတွေ မကြားနိုင်မမြင်နိုင်တဲ့နေရာမှာ ဆန္ဒထုတ်ဖော်ခွင့်ပြုတယ်၊ အဲဒါကြောင့်ပြည်သူတွေကြားနိုင်မြင်နိုင်တဲ့နေရာမှာ ဆန္ဒဖော်ထုတ်တာကိုငြိမ်းစုစီ ပုဒ်မ ၁၉ဖြင့် တရားစွဲသည့်အတွက်လက်မခံကြောင်း၊ ၁၉ပုဒ်မကို ပြည်သူတွေအတွက်ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ပြောသည်။

          မတရားမှုများကို ပြည်သူလူထုမှ တောင်းဆိုဆန္ဒပြနေမှုနဲ့ပတ်သက်ပြီး အာဏာရှင်အပိုင်းမှ တရားစွဲဆိုနေခြင်းအပေါ် ကိုမင်းကိုနိုင်မှ ပြောရာတွင် “ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲကို တက်သိပညာရှင်အသိုင်းအဝိုင်းတွေဝင်လာတယ်၊ တိုင်းရင်းသားတွေဝင်လာတယ်၊ လူထုတစ်ရပ်လုံးကဝမ်းသာပြီးအားတက်လာတယ်၊ အများစုကပူးပေါင်းလာတဲ့အချိန်မျိုးမှာ ဒါက တစ်ချိန်မှာပစ်ချထားတဲ့ ဟာကြီးကိုပြန်ပြီးဆုပ်ကိုင်လာတယ်၊ ဒါကိုခြိမ်းခြောက်တဲ့လက်နက်သဖွယ်ကျနော်တို့မြင်တယ်၊ အဲဒါကြောင့်ကျနော်တို့ဟာ ရွေးကောက် ပွဲနဲ့ပတ်သက်ပြီးတော့ အရင်ထက်ပိုပြီး သတိထားရမယ်ဆိုတာပေါ်လွင်နေတယ်၊ ပူးပေါင်းပါဝင်လာတဲ့ အများပြည်သူချစ်ခင်တဲ့ တက်သိပညာရှင်တွေကလည်း ဒီခြိမ်းခြောက်မှုလောက်နဲ့တော့နောက်မဆုတ် သွားဘူးဆိုတာ ကျနော်ယုံကြည်တယ်၊ အဲတော့ ယုံကြည်တာကိုဆက်လုပ်မယ်၊ တချို့တချို့သောကိစ္စတွေကို သတိကြီးကြီးနဲ့ထားပြီး သုံးသပ်သွားပါ့မယ်” ဟုပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts