Yan Naung (Bo Ta Htaung) သတင်းပဒေသာ

အသက် (၁၈ ) နှစ်ပြည့်ပြီးသူ မည်သူမဆို ကမ္ဘာ့အဆင့် ကာရာအိုကေ ပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်

အသက်
(၁၈ ) နှစ်ပြည့်ပြီးသူ မည်သူမဆို ကမ္ဘာ့အဆင့် ကာရာအိုကေ ပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်
ရန်နောင်(  ဗိုလ်တထောင်)     မိုးမခ
ဇူလိုင်  ၁၉   ၂၀၁၅
ဦးအောင်နိုင်ဆန်း၊ဒေါ်ထွေးလှဟန်၊ ဒေါ်ခင်မြတ်မွန်၊ဒေါ်မေသော်
 
          နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝှမ်းရှိ အကောင်းဆုံးသော
အပျော်တမ်းအဆိုတော်ကို ရှာဖွေရန် ၊ကာရာအိုကေအား ဝါသနာအနေဖြင့်သော်လည်းကောင်း၊ကမ္ဘာ့အဆင့်မီ
ဖျော်ဖြေရေးအနေဖြင့်သော်လည်းကောင်း လူအများကြားပေါ်ထွန်းလာစေရန် ရည်ရွယ်၍ နိုင်ငံပေါင်း
(၃၀) ကျော် ပါဝင်ယှဉ်ပြိုင်သော  ကမ္ဘာ့အဆင့်
ကာရာအိုကေ ပြိုင်ပွဲ ကြီးကို ရန်ကုန်မြို့ နှင့် မန္တလေးမြို့ကြီးတွင် စက်တင်ဘာလကုန်
၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
          The Karaoke World Championships (KWC) သည်
၂၀၀၃ ခုနှစ် ၊ဖင်လန်နိုင်ငံတွင် စတင်ပေါ်ပေါက်လာသော နိုင်ငံတကာ ကာရာအိုကေပြိုင်ပွဲ ဖြစ်ပါသည်။ပုံမှန်အားဖြင့်
KWC တွင် နိုင်ငံပါင်း ၇ နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်ကြရာမှ ၂၀၀၇ ခုနှစ်တွင် နိုင်ငံပေါင်း
၃၀ ထိ ပါဝင်ယှဉ်ပြိုင်လာခဲ့ကြသည်။ အဆိုပါ KWC ပွဲသည် နိုင်ငံတိုင်းမှ အစမ်းပြိုင်ပွဲများမှ
အနိုင်ရရှိသူ များကို စုပေါင်းယှဉ်ပြိုင်နိုင်မည့် အကောင်းဆုံးသော ကမ္ဘာ့ချန်ပီယံအဆင့်
ကာရာအိုကေပြိုင်ပွဲပုံစံဖြင့် ကျင်းပသည့်ပွဲဖြစ်သည်။KWC သည် ကမ္ဘာ့အကြီးဆုံးကာရာအိုကေပြိုင်ပွဲလည်း
ဖြစ်သကဲ့သို့ အဆိုတော်နှင့် ပရိတ်သတ်များအတွက် ထူးခြားကောင်းမွန်သော အတွေ့အကြုံသစ်ကို
ပေးစွမ်းနိုင်မည့် ယှဉ်ပြိုင်ပွဲလည်း ဖြစ်သည်။
          မြန်မာနိုင်ငံသားဖြစ်ပြီး အသက် (၁၈) နှစ်ပြည့်ပြီးသူ
တစ်နိုင်ငံလုံးမှ  မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး   ၂၀၁၅ခုနှစ် ဇူလိုင်မှစတင်၍ စာတိုက်၊အွန်လိုင်း
သို့မဟုတ် သတ်မှတ်ထားသည့် ရုံးခန်းများတွင် ဝင်ခွင့်စာရင်း ပေးသွင်းနိုင်ပြီး ပဏာမ
လူဦးရေ စာရင်း ကို ကျား-၁၀၀၊မ -၁၀၀  ရွေးချယ်မည်ဖြစ်သည်။
၂၀၁၅ ခုနှစ် ဩဂုတ်လတွင် လူဦးရေ ၂၀၀ ထဲမှ  ၁၀၀
ကို ရွေးချယ်မည်ဖြစ်သည်။
          ပြိုင်ပွဲ ဝင်သူများသည် www.facebook.com/kwcmyanmar , www.kwcmyanmar.com သို့ ဆက်သွယ်ကာ ဝင်ရောက်လေ့လာကြည့်ရှုနိုင်သည်။
          အကဲဖြတ်ဒိုင်များအဖြစ် တေးရေး ၊ဒါရိုက်တာ
အောင်နိုင်စန်း၊တေးရေး မေသော်၊ အဆိုတော် ခင်မြတ်မွန် တို့က ဆောင်ရွက်မည်ဖြစ်သည်။ 
          နောက်ဆုံးအဆင့် စကာတင် ၂၀ ဦး    စက်တင်ဘာလ နောက်ဆုံးပတ်တွင် ရွေးချယ်မည်ဖြစ်ပြီး
မြန်မာနိုင်ငံ အဆိုပြိုင်ပွဲ တွင် အနိုင်ရရှိသူများ (ကျား – ၁ ဦး ၊မ – ၁ဦး )  သည် ကမ္ဘာ့အဆင့် KWC ရှိ နောက်ဆုံး အဆင့်ယှဉ်ပြိုင်အနိုင်ရရှိသူများ
၊ ဆုတံဆိပ် ၊ငွေသားဆု ဆယ်သိန်း နှင့် စင်္ကာပူနိုင်ငံ တွင် ကျင်းပမည့် World Finals
2015 ခရီးစဉ်အတွက် လေယာဉ်လက်မှတ် နှင့် တည်းခိုစရာနေရာထိုင်ခင်းစီစဉ်ပေးမည်ဖြစ်သည်။
          Myanmar KWC Champions (ကျား – ၁ဦး၊ မ-
၁ဦး ) သည် ကမ္ဘာ့အဆင့် KWC  ရှိ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ရရှိသူများ
၊ဆုတံဆိပ်၊ငွေသားဆု ကျပ် ၅ သိန်း ၊ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့ တွင် ကျင်းပမည့်
World Finals 2015 ခရီးစဉ်အတွက် လေယာဉ်လက်မှတ်နှင့် တည်းခိုစရာနေရာ စီစဉ်ပေးခြင်းတို့ကို
ပြုလုပ်ပေးမည်ဖြစ်သည်။
          မြန်မာနိုင်ငံ မှ အရည်အချင်းရှိသော ရွက်ပုန်းသီး
အဆိုတော်များကို ထုတ်ဖော်ချင်၍ ယခုကဲ့သို့ ကမ္ဘာ့အဆင့် ပြိုင်ပွဲကို  ဝင်ယှဉ်ပြိုင်ခွင့်ရအောင်ပြုလုပ်ခြင်းဖြစ်ကြောင်း
ဒေါ်ထွေးလှဟန် မှပြောကြားခဲ့သည်။

 

          

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts