Yan Naung (Bo Ta Htaung) သတင်းပဒေသာ

မြန်မာသံ အဆိုရှင်“ ဒီလှိုင်း ”၏ “ မရွှေစိမ်းရဲ့ အချစ်ဦးတက္ကသိုလ် ” တေးစီးရီးDVD KARAOKE စာနယ်ဇင်း မိတ်ဆက်ပွဲပြုလုပ်

 

   

အဆိုရှင် “ ဒီလှိုင်း ”

မြန်မာသံ အဆိုရှင်“ ဒီလှိုင်း ”၏  “ မရွှေစိမ်းရဲ့ အချစ်ဦးတက္ကသိုလ် ” တေးစီးရီးDVD KARAOKE  စာနယ်ဇင်း မိတ်ဆက်ပွဲပြုလုပ်

ရန်နောင် (ဗိုလ်တထောင်)     မိုးမခ   ဇူလိုင်   ၁၃   ၂၀၁၅

ဒါရိုက်တာ တုနှိုင်းခ

 

ဒီလှိုင်း၊ မောင်ကျော်ဇော၊ စန္ဒရား မောင်လှအေး၊ တုနှိုင်းခ

  မြန်မာသံအဆိုရှင် “ ဒီလှိုင်း ” ၏  “ မရွှေစိမ်းရဲ့ အချစ်ဦးတက္ကသိုလ် ”  တေးစီးရီးစာနယ်ဇင်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ  Orchid Hotel  ၌ ဇူလိုင်လ ၁၃  ရက်( တနင်္လာနေ့ ) နေ့လည်  (၁)နာရီ က ကျင်းပပြုလုပ်ခဲ့သည်။

 

တေးရေး မောင်ကျော်ဇော

 

          အဆိုပါ မိတ်ဆက်ပွဲအခမ်းအနား ဦးအောင်သျှံဝိုင်း က ဆောင်ရွက်ပြီး တေးရေးဆရာ အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော က  မုဒိတာအမှာစကားပြောကြားပြီး စန္ဒရားမောင်လှအေး က  ဂုဏ်ပြုစကား ပြောကြားပေးခဲ့သည်။အဆိုရှင် ဒီလှိုင်းမှလည်း  တေးစီးရီး စီစဉ်ဖြစ်ပုံနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

စန္ဒရားမောင်လှအေး

          ထိုတေးစီးရီးတွင် တေးရေးဆရာများဖြစ်သော  စန္ဒရားငြိမ်းထက်၊ စန္ဒရားမောင်မောင်နိုင်၊ ရန်ကင်းကိုကိုလေး၊ စိန်မောင်မြင့်၊ စန္ဒရားငွေစိုး၊  အလွမ်းသီချင်းရေးတဲ့မောင်ကျော်ဇော၊ မောင်ဆွေနွယ် တို့၏ တေးသီချင်းများကို  အဆိုတော် “ ဒီလှိုင်း ” က သီဆိုထားသည်။

 

          ဂီတမှူး စန္ဒရားမောင်လှအေး က တီးခတ်ပြီး EMS စတူဒီယိုတွင် အသံသွင်းကာ ဒါရိုက်တာ တုနှိုင်းခ က ရိုက်ကူးပြီး ထင်းရူးရိပ် တေးထုတ်လုပ်ဖြန့်ချိရေး
မှ ဖြန့်ချိမည်ဖြစ်သည်။မြန်မာသံ တေးသီချင်းများ နှစ်သက်သူများအတွက်  မြန်မာသံ အလွမ်းသီချင်းလေးများကို မိုးအေးအေးတွင်  ဇူလိုင် ၁၈ ရက်မှ စတင်၍ နားထောင်နိုင်တော့မည် ဖြစ်သည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts