Han Thit Naing သတင်းပဒေသာ

FSWG မှ နည်းဥပဒေများဆိုင်ရာ သင်တန်းပို့ချမှုပြုလုပ်

          FSWG  မှ နည်းဥပဒေများဆိုင်ရာ သင်တန်းပို့ချမှုပြုလုပ်  

          ဟန်သစ်နိုင်၊ မိုးမခ၊ ဇူလိုင် ၉ရက် ၂၀၁၅ခုနှစ်
ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ အောင်သိုဒ္ထိလမ်းသွယ် အမှတ် ၁၁၄တွင် FSWG စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှယခုလက်ရှိပြဌာန်းထားသော
စိုက်ပျိုးရေးနှင့် သက်ဆိုင်သော ဥပဒေ၊ နည်းဥပဒေများကို မီဒီယာများ၊ CSO များ၊ မူဝါဒပြောင်းလဲရေးတာဝန်ခံများကို ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်ချက်ဖြင့် ဇူလိုင် ၉ရက်နေ့မှ ၁၁ရက်နေ့အထိသင်ကြားပေးသွားမည်ဖြစ်သည်။ 
ပို့ချပေးမည့်ဆရာများမှာ စိုက်ပျိုးရေးပညာရှင် ဦးစံသိန်း၊ တရာလွှတ်တော်ရှေ့နေ ဦးမြင့်သွင်၊ internews မှ သတင်းမီဒီယာဆိုင်ရာ  ကျွမ်းကျင်ပညာရှင်တစ်ဦးတို့ဖြစ်သည်။

              FSWG စားနပ်ရိပ်က္ခာ ဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် ၂၀၀၃ခုနှစ်တွင်နိုင်ငံတကာအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ အစပြုခဲ့ပြီး ၂၀၀၆-၂၀၀၈ တွင်နိုင်ငံတကာNGO အဖွဲ့ (၁၃)ဖွဲ့ဖြင့် မြန်မာနိုင်ငံမှ ပြည်သူများ ဗာဟုသုတရရှိရေး၊ နည်းပညာများရရှိရေး၊ သတင်းအချက်အလက်များရရှိရေးတို့အတွက်
စတင်အခြေ ပြုခဲ့သည်။ ယခုအခါတွင် အဖွဲ့ပေါင်း ၁၇၈ ဖွဲ့ရှိနေပြီဖြစ်သည်။ အဖွဲ့အတွင်းတွင် နိုင်ငံတကာ NGO၊ Local NGO နှင့် CSO အရပ်ဖက်လူ့အဖွဲ့အစည်းများ ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ ၄င်းအဖွဲ့သည် မြန်မာနိုင်ငံတွင် အရင်းအမြစ်ဌာနခွဲလေးခုရှိပြီး ဟားခါး၊ မကွေး၊ ဖျာပုံ၊ တောင်ကြီးတို့ဖြစ်သည်။ FSWG သည် ပြည်သူများ ဗာဟုသုတရရှိရန်အတွက် သင်တန်းများအစဉ်မပျက် ပို့ချပေးလျှက်ရှိသည်။
          FSWG သည် နည်းပညာရပ်ဆိုင်ရာ စာအုပ်များရောင်းချ၍ ကိုယ်ပိုင်ရန်ပုံငွေရရှိခြင်း၊ အဖွဲ့ဝင်များ၏ဝင်ကြေးများကိုစုစည်းထားခြင့်ဖြင့် ရန်ပုံငွေရရှိခြင်း၊  စားနပ်ရိက္ခာဖူလုံမှု ဟုဆိုပြီး မြန်မာနိုင်ငံတွင် ဒိုနာအဖွဲ့ (၁၁) ဖွဲ့က ရန်ပုံငွေ သုံးနှစ်စာပေးထားခြင်း၊ နယ်သာလန်နှင့် အခြားနိုင်ငံတကာမှ
ငွေများ လှူဒါန်းထားခြင်းဖြင့် ရပ်တည်နေသည်။
          FSWG သည် နယ်ဒေသအဖွဲ့အသီးသီးမှ တင်ပြသောခေါင်းစဉ်များကို ဘာသာရပ်များခွဲ၍ တစ်လတစ်ကြိမ်သင်တန်းများပေးလျှက်ရှိသည်။ ယခု သင်ကြားပို့ချနေသော စိုက်ပျိုးရေးနှင့် သက်ဆိုင်သောဥပဒေ၊ နည်းဥပဒေများ သင်တန်းသည် နှစ်ကြိမ်မြောက်ရှိသည်ဟု FSWG တွင် စီမံကိန်းညှိနှိုင်းရေးမှူးထမ်းဆောင်နေဆောင်သူ ဆရာမ ဥမ္မာခိုင်က ပြောသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts