ကဗျာ နေဝန်းနီ (မန္တ​လေး

နေဝန်းနီ (မန္တ​လေး) – ကုသိုလ်​​တော်​ ဘုရားဝန်းထဲက ပြဇာတ်​များ

  နေဝန်းနီ (မန္တ​လေး) – ကုသိုလ်​​တော်​ ဘုရားဝန်းထဲက ပြဇာတ်​များ
(မိုးမခ) ဇူလိုင် ၅၊ ၂၀၁၅

မန္တ​လေးမြို့က ဘုရားအမည်
ကုသိုလ်​​တော်​မှာ
ခပ်​ငယ်​ငယ်​ညီမအရွယ်
သစ်​ရွက်​ပုံသနပ်​ခါးပါးကွပ်
ကျောင်းဝတ်​စုံအင်္ကျီ​လေးနဲ့
ဈေးဗန်း​လေး​ခေါင်း​ပေါ်တင်
ခ​ရေပန်းသည်​​လေး သူ့ဘဝ

တစ်​ခါတစ်​ခါ က​လေးငယ်​​လေးက
သူ့အလွတ်​ကျတ်​ထားတဲ့
သမိုင်း​လေး​​ကြောင်း​လေး​တွေနဲ့
ဧည့်​လမ်းညွှန်​လည်းလုပ်​တယ်

တစ်​ခါတစ်​ခါ က​လေးငယ်​​က
ခ​ရေပင်​ကြီး​တွေရှိနေသ၍
မနက်​စာ​ဈေးဖိုးမ​ပြောက်​ဘူး​ပြောတယ်
ကျောက်​စာကြီး​တွေရှိ​နေသ၍
သူမမုန့်​ဖိုးရ​ကြောင်းပြောတယ်

တစ်​ခါတစ်​ခါ က​လေးငယ်​​က
ဆင်းရဲသားပ​ပျောက်​​ရေးဆိုတာ
ဘာမှန်းမသိ​ကြောင်း​ပြောတယ်
ကော်​​ဇောနီခင်းထားတဲ့​နေ့ဆို
နေ့တွက်​မကိုက်​​ကြောင်း​ပြောတယ်

တစ်​ခါတစ်​ခါ က​လေးငယ်​က
မြို့ကြီး​ပြောက်​မှာကို စိုးရိမ်​မိ​ကြောင်း​ပြောတယ်
သူတို့​တွေမြို့ပြင်​ထွက်​​နေရ​ကြောင်း​ပြောတယ်

တစ်​ခါတစ်​ခါ က​လေးငယ်​​က
သူ့မိသားစု ​ညစာ ​နောက်​မကျဖို့
မီးပွိုင့်​​တွေမှာ
ခ​ရေပန်း​ရောင်းရတဲ့အ​ကြောင်း​ပြောတယ်

တစ်​ခါတစ်​ခါ က​လေးငယ်​​က
သူပညာတက်​ကြီးဖြစ်​ချင်​​​တဲ့အကြောင်း​ပြောတယ်
သူ့အ​ဖေအရက်​သမားကြီးအ​ကြောင်း​ပြောတယ်
တစ်​လသားသူ့​မောင်​​လေးအ​ကြောင်း​ပြောတယ်

တစ်​ခါတစ်​ခါ
က​လေးငယ်​​ရဲ့ မျက်​ဝန်းမှာ
မျက်​ရည်​စ​တွေ စီးလို့

လေးစားစွာဖြင့်
နေဝန်းနီ (မန္တ​လေး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts