Han Thit Naing သတင်းပဒေသာ

လုပ်ခလစာတိုးမြှင့်သတ်မှတ်ပေးမည့်အပေါ် ကိုရီးယားလုပ်ငန်းရှင်များမှမဖြစ်နိုင်ဟုပြော

 

 

 

 

          လုပ်ခလစာတိုးမြှင့်သတ်မှတ်ပေးမည့်အပေါ် ကိုရီးယားလုပ်ငန်းရှင်များမှမဖြစ်နိုင်ဟုပြော

ဟန်သစ်နိုင်၊ မိုးမခ ဇူလိုင် ၁ရက် ၂၀၁၅

ကိုရီယားအထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဌ MR. WON HO SEO မှ လက်ရှိ CMP လုပ်ငန်းလည်ပတ်မှုအခြေအနေကို ဇွန် ၂၅ ရက် က  မင်္ဂလာဒုံစက်မှုဇုန်ရှိ GOLDING SHINE အထည်ချုပ်စက်ရုံတွင် မီဒီယာများအားခေါ်ယူရှင်းပြခဲ့သည်။

ကိုရီးယားနိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံသည့် စက်ရုံကြီး စက်ရုံငယ်ပေါင်း ၁၀၀ကျော်ရှိပြီး၊ အဓိကအထည်ချုပ်စက်ရုံကြီးများမှာ ၇၀နီးပါးဖြင့်လည်ပတ်လုပ်ကိုင်နေလျက်ရှိသည်။ ကိုရီးယားလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံမှလုပ်ကိုင်နေသော လုပ်သားပေါင်း တစ်သိန်းဝန်းကျင်လောက်ကို အလုပ်လုပ်ကိုင်စေလျက်ရှိသည်။

ကိုရီးယားအထည်ချုပ် လုပ်ငန်းများအသင်းဥက္ကဌ MR. WON HO SEO မှ ပြောပြရာတွင် ကိုရီးယားအထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်နေသော လုပ်သားများကို လုပ်ငန်းရှင်များအနေဖြင့် တစ်နေ့ကို ၂၅၀၀ကျပ်ဖြင့် စီစဉ်ပေးမည်ဖြစ်သော်လည်း ၆လတစ်ကြိမ် နေ့ကြေးများ တိုးပေးသွားမည်ဖြစ်ကြောင်း၊ ယခုအချိန်ပိုကြေးများသည် ၂.၁၈ ရာခိုင်းနှုန်းပေးထားရသဖြင့် အစိုးရမှနိုင်ငံတကာစံနှုန်း၁.၅ရာခိုင်နှုန်းဖြင့် စီစဉ်ပေးသင့်ကြောင်း၊ လုပ်ငန်းမျိုးစုံတွင် လုပ်ကိုင်နေသောလုပ်သားများသည် လုပ်ကိုင်ပုံအမျိုးအစားခြင်းမတူ ညီသည့်အတွက် အစိုးရမှ လုပ်ခလစာများ ခွဲခြားသတ်မှတ်ပေးသင့်ကြောင်း၊ အစိုးရမှ မြန်မာတစ်နိုင်ငံလုံးရှိ အလုပ်သမားများကို  တစ်နေ့လုပ်ခ သုံးထောင်နှင့် လေးထောင်ကြားသတ်မှတ်ပေးမည်ဆိုလျှင် ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် ရပ်နားပြီး အရှုံးခံလိုက်မည်ဖြစ်ကြောင်း၊

ဆက်လက်၍၄င်းက မြန်မာနိုင်ငံမှအထည်ချုပ်စက်ရုံများသည် ပစ္စည်းများပြန်လည်တင်ပို့ရာတွင် နှောင့်နှေးကြန့်ကြာခြင်း၊ အော်ဒါအက်နှံမှု နောက်ဆုံးမှရရှိခြင်း၊ လုပ်သားများ၏ကုန်ထုတ်စွမ်းအားကျွမ်းကျင်မှု အားနည်းခြင်း၊ မီးရရှိမှု မလုံလောက်မှု စသည့်အခက်အခဲများကြောင့် အစိုးရအနေဖြင့် အထည်ချုပ်များကို ထောက်ပံ့မှုများပြုလုပ်ပေးသွားလျှင် မိမိတို့အနေဖြင့် အစိုးရမှသတ်မှတ်လုပ်ခလစာများကို စဉ်းစားစီစဉ်ပေးသွားနိုင်မည်ဖြစ်ကြောင်းများ ပြောပြခဲ့သည်။

အနည်းဆုံးလုပ်အားခနှင့်ပတ်သက်ပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၂၂၊ ၂၃ရက်နေ့ တွင် ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ပြုလုပ်ခဲ့သည်။ ယင်းဆွေးနွေးမှုအပေါ်အခြေခံပြီး အနည်းဆုံးလုပ်အားကသတ်မှတ်ရန် အမျိုးသားကော်မတီက ဇွန် ၂၄ရက်နေ့တွင် အစည်းအဝေးပြုလုပ်ခဲ့သည်။ အနည်းဆုံးလုပ်အားခအဖြစ်သတ်မှတ်ရန် ကျပ် ၃၅၀၀၊ ၃၆၀၀၊ ၄၀၀၀ ဟုအဆိုပြုခဲ့ကြသော်လည်း ၃၆၀၀ကျပ်မှာ အဆိုပြုသူအများဆုံးဖြစ်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts