ကဗျာ

နေဝန်းနီ (မန္တ​လေး) – ကျွန်​မက အပျက်​မပါ ​မောင်

 
နေဝန်းနီ (မန္တ​လေး) – ကျွန်​မက အပျက်​မပါ ​မောင်
(မိုးမခ) ဇွန် ၂၂၊ ၂၀၁၅

ငဲ့​ပေးလိုက်​တဲ့ ဘီယာခွက်​ရဲ့​အောက်​မှာ
အ​မေ့ရဲ့​ဆေးဖိုး​တွေရှိတယ်​ … မောင်

ခွံ့​ကျွေးလိုက်​တဲ့အမြည်း​တွေနောက်​မှာ
မနက်​စာ​ဈေးဖိုး​တွေ ရှိတယ်​​…​မောင်

ဆုချလိုက်​တဲ့ ပန်းကုံးလေး​ရဲ့​နောက်​မှာ
မောင်​​လေးရဲ့ကျူရှင်​လခ​တွေရှိတယ်​…​မောင်

အဆင်​မ​ပြေမှု​တွေကို
အဆင်​​ပြေ​အောင်​​ဖြေရှင်း
ပုရိသ​ယောင်္ကျား​တွေရဲ့
စိတ်​​ဖြေစရာဖြစ်​ခဲ့တဲ့
ညဉ့်​ငှက်​က​လေးပါ…​မောင်

ဟုတ်​ပါ…..တကယ်​​တော့
ကျွန်​မက အပျက်​မပါ…မောင်

လေးစားစွာဖြင့်
နေဝန်းနီ (မန္တ​လေး)

21/6/2015
11:45pm


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts