ကဗျာ

လင်းခါး – စာအုပ်​ကမ္ဘာ

လင်းခါး – စာအုပ်​ကမ္ဘာ
(မိုးမခ) ဇွန် ၂၁၊ ၂၀၁၅

စာအုပ်​ပုံထဲ ​ခေါင်းထိုးအိပ်​လိုက်​တာ
စာအုပ်​​တွေထဲ ​ရောက်​သွားတယ်
စာအုပ်​​တွေရဲ့ ခေတ်​ကာလမတူညီထဲ
စာအုပ်​​တွေ​နဲ့​ပေါင်းလို့ ​ရောမီးအရှို့ခံရတာနဲ့
စာအုပ်​ထဲက ​အီဒီယမ်​​သရုပ်​​ဖော်​ကာတွန်းထဲ ဇာတ်​​ဆောင်​တခုအ​နေနဲ့ ပါခဲ့ရတယ်
စာအုပ်​ထဲက ကြိုးတိုက်​ထဲမှာ ကြိုးအ​ပေးခံရမယ့်​ ​တော်​လှန်​​ရေးသမားနဲ့ စကားစမြည်​​ပြောရာက
သူ​ပြော သူယုံကြည်​တဲ့
ဖက်​ဆစ်​​တွေ တ​နေ့ကျရှုံးရမယ်​ဆိုတာကို
သူ​သေပြီး​နောက်​ တွေ့လိုက်​ရတယ်
ဒီအ​တွေ့အကြုံကို စာအုပ်​တအုပ်​ထဲ
ဗီယက်​နမ်​စစ်​ပွဲမှာ​တော့ ပြန်​​ပြောပြနိုင်​ခဲ့​ပေမယ့်
ရသစာအုပ်​ထဲမှာ​တော့ အဲဒီအခန်းပါ စာရွက်​​တွေ
ဆုတ်​အဖြဲခံလိုက်​ရတာကို ကိုယ်​​တွေ့ကြုံလိုက်​ရ
ပ​ဒေသရာဇ်​တအုပ်​ထဲမှာ​တော့
ဘုရားဝင်​ထူး၊ ဆုလာဘ်​​တော်​များ ​တောင်​စမုခ်​ကရ
သို့​သော်​ ဘုရင့်​သမီး​တော်​လှလို့ ဘုရင်​ပုန်​ကန်​သူ နယ်​​မြေထဲ စာအုပ်​ဆုံးသည်​အထိ ဝင်​ခိုလှုံရ
လူ​ပြောများမယ့်​ သမိုင်းတင်​အချစ်​​ပုံပြင်​တခု
ဆုံးရှုံးရပြန်​​ပေါ့
စာအုပ်​ထဲက ပင်​လယ်​ဓားပြ​တွေရဲ့ စွတ်​ပြုတ်​ရည်​ပန်းကန်​ထဲ ထိုးကျရာက
ပါးမှာကပ်​ပါလာတဲ့ အာလူးဖတ်​ဟာ
ငွေစက္ကူခိုးလုပ်​ဖို့ ​ဘ​လောက်​တုံးဖြစ်​​နေတာ၊
စာအုပ်​ထဲက ကုန်​သည်​အုပ်​စုနဲ့​ရော အ​ရှေ့ပိုင်း​ဒေသဆီ ​ခရီးထွက်
လားတ​ကောင်​ဆီဟာ ကုန်​ထုပ်​ နှစ်​ထုပ်​ဆီ သယ်​​ဆောင်​ပြီး
ကုန်​ထုပ်​​တိုင်းဟာ ကျိန်​စာမိ​နေတဲ့ သဲ​တွေဖြစ်​​နေတာ၊
စာအုပ်​ထဲမှာ အကျဉ်းကျရာက ပင်​ပန်းအိပ်​​ပျော်​သွားပြီး
လူစည်​ကားတဲ့ လမ်း​ပေါ် ​ခွေးထိန်း​အဖြစ်​နဲ့ ပြန်​နိုးလာတာ၊
သင်္ချိုင်းထဲက ​ခွေးအူသံကို နားစွင့်​​နေသူ အိမ်​​ခြေရာမဲ့ သူခိုးအဖြစ်​က
နောက်​စာအုပ်​တအုပ်​ကို ခုန်​ကူး အာဏာသိမ်းအစိုးရရဲ့ ဗိုလ်​ချုပ်​ကြီးဖြစ်​​နေတာ၊
စာအုပ်​​တအုပ်​နဲ့ တအုပ်​ကြား အဖုံးလဲလှယ်
စာသားတချို့ အကျဉ်းသားအဖြစ်​ လဲလှယ်​ကြတာ
စာအုပ်​ပုံထဲ စိုက်​​နေတဲ့ခေါင်းကို
မျက်​နှာဖုံးစွပ်​ ​လူသတ်​ဝါဒက လှီးဖြတ်​​နေတာ
ပုန်းစရာမရှိလို့ စာအုပ်​ထဲ ဝင်​ပုန်းရာက
ယူနီ​ဖောင်းဝတ်​​တွေ စာအုပ်​ကို
အဓမ္မဝိုင်းကျင့်​ရင်း ကိုယ်​ပါခံလိုက်​ရတဲ့အဖြစ်​က
ပြောမယုံ ဖတ်​ဖူးမှ သိမှာပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts