ကဗျာ

ကိုသစ်(သီတဂူ) – အမေဟာ ရထားတစ်စင်းဖြစ်တယ်

ကိုသစ်(သီတဂူ) – အမေဟာ ရထားတစ်စင်းဖြစ်တယ်
(မိုးမခ) ဇွန် ၁၉၊ ၂၀၁၅

အမေဟာ ရထားတစ်စင်းဖြစ်တယ်။
ဒီကနေ့ လူတွင်ကျယ်တွေဟာ
မနေ့က ဆွံ့အ နားမကြားသူတွေဖြစ်ကြောင်း
ကမ္ဘာကြီးကို ကြေငြာမယ်။

အမေဟာ
မရပ်မနားခုတ်မောင်းနေတဲ့ ရထားတစ်စင်းဖြစ်တယ်။
လူပျင်းပျင်း
ကော်ပီပြင်းပြင်းနဲ့
သူတို့တွေ မနက်ခင်းကို စစ်ခင်းနေကြပြီ။
ဟုတ်တယ်….ဒီကနေ့ လူတွင်ကျယ်တွေဟာ
မနေ့က ဆွံ့အ နားမကြားသူတွေဖြစ်တယ်။

မိုင်တိုင်အမှတ် (၇၀)
အမှောင်ခေတ်မှာ
အမေဟာ လမ်းပြကြယ်ပေါ့။
လာ…သွားကြစို့
အမေဟာ
စိမ်းလန်းတဲ့တောအုပ်ထဲကိုခုတ်မောင်းသွားမယ့်
ရထားတစ်စင်းလည်းဖြစ်တယ်
စက်ခေါင်းအမှတ် (၁၉၄၅)
နောက်ရထား မရှိတော့
ကိုယ်ကျန်းမာစိတ်ချမ်းသာမှုရှိပါစေ အမေ။

ကိုသစ် (သီတဂူ)
ဇွန် ၁၇၊ ၂၀၁၅
(ပန်းချီ သန်းဌေးမောင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts