ကဗျာ

သားဝင့်ကျော် – အိမ်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

သားဝင့်ကျော် – အိမ်
(မိုးမခ) ဇွန် ၁၁၊ ၂၀၁၅

ပကာသနမဲ့ပေမယ့်

ဂုဏ်ဒြပ် အပြည့်နဲ့ အိမ်

ရွှေငွေပစ္စည်း

မကြွယ်လှပေမယ့်

ပညာအလင်းနဲ့

တောက်ပနေတဲ့ အိမ်

မျိုးရိုးစဉ်ဆက်

စာအုပ်တွေနဲ့ ဆက်ခဲ့တဲ့ အိမ်

အမှန်တရားအတွက်

မျိုးရိုးလိုက်ခဲ့တဲ့ အိမ်

ဒီအိမ်လေးရဲ့ သခင်တွေ

နှစ်တရာပြည့်ပေမယ့်

မမေ့ရက်တဲ့ သူတစု

စုဝေးခဲ့တဲ့ နေ့တနေ့

အမှတ်တရတွေနဲ့ ပြည့်နှက်

ပြောမကုန်တဲ့ စကားတွေ ဖောင်ဖွဲ့လို့

ဒဏ်ရာတွေ အထပ်ထပ်နဲ့ လူတွေ

နောက်ထပ်ဒဏ်ရာအသစ်တွေ အတွက်

နှစ် ၁၀၀ ပြည့် ပြပွဲ

(မေ ၉ က ပြုလုပ်ခဲ့တဲ့ ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ် ရာပြည့်နဲ့ ခေတ်ပြိုင်စာပေမိတ်ဆွေများ အထိမ်းအမှတ် ပြပွဲနဲ့ မိုးမခမိတ်ဆုံပွဲ သို့)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts