ကဗျာ ရန်လင်းအောင်

ရန်လင်းအောင် – သမ္မတကြီး အောင်ဘညို

 
ရန်လင်းအောင် – သမ္မတကြီး အောင်ဘညို
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၅

ဇွန် ၉ –  ည  ၉:၂၅
သူဖုန်းဆက်တယ်
ခက်ဦး  ကဗျာပါမဂ္ဂဇင်း
ထုတ်ပြီးကြောင်း …
မနက်ဖြန်မနက်
မင်းညွန့်လှိုင် ရန်လင်းအောင်
ကဗျာပါ မိုးမခ မဂ္ဂဇင်း သွားထုတ်ပေးမယ်
ပြောတယ်
နေကောင်းရဲ့လား
ကောင်းပါတယ် ခဗျားကောဆိုတော့
ကောင်းပါတယ်တဲ့။

ဒီမနက် ဇွန် ၁၀ ၁၀ : ၂၀
သူ့ဖုန်းဝင်လာတယ် သူမဟုတ်ဘူး
“အဖေကြီးဆုံးပြီ ………”
သူ့သားလေး ပြောတယ် ငိုတယ်
ငိုတယ် ပြောတယ်
ဘယ်လို . . . .
ဦးနှောက်သွေးကြော………
ရုတ်တရက်ကြီး
…………………
ကိုအေဘီညို … ခဗျား ……
တကယ့်  သမ္မတကြီး ပဲ ………… ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts