ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – ရထား

 ဆောင်းယွန်းလ – ရထား
(မိုးမခ) ဇွန် ၅၊ ၂၀၁၅
ရထားဟာ ရထားမဖြစ်ခဲ့ဘူး…

ရထားတဲ့ အချိန်တွေက
ရထားတဲ့အခိုက်မှာ တန့် မနေခဲ့ဘူး…

မြို့ကိုပတ်ပြီးမောင်းနေတဲ့
မြို့ပတ်ရထားကြီး

တရက်ပြီးရင်း တရက်
တပါတ်ပြီးရင်း တပါတ်နဲ့
ဘူတာစုံခဲ့ပါတယ်
ခရီးကမဆုံးနိုင်ခဲ့ဘူး……

ရှုခင်းတွေက
နီးလာလိုက် ဝေးသွားလိုက်နဲ့ …..

ရထားက
ဘ၀စုံ စရိုက်စုံကို
ကျောသားရင်သားမခွဲပဲ
လူကုန်အောင်တင်တယ်…

ဘူတာအစုံမှာ
တူတာ မတူတာ အကုန်တင်/ချတယ်…
မြင်ကွင်းတွေက တရိပ်ရိပ်နဲ့…..

ရထားဟာ
တခါတခါ ဂုဏ်တော်ပုတီးစိတ်နေခဲ့ပြီး
တခါတခါတော့ ဘီလူးဆိုင်းတီးနေခဲ့တယ်…
ရထားက ရထားမဖြစ်ခဲ့ဘူး……

ရထားအလာကို မျှော်နေတဲ့
မြို့ကလေးရဲ့ ဘူတာဟာ
တညမှ အိပ်မပျော်နိုင်ခဲ့သလို

တညမှ မိုးမလင်းနိုင်ခဲ့ဘူး……
ယထာဘူတကျကျ စဉ်းစားမိတော့
ရထားဟာ ရပ်ထားမိသလား…

အသံကိုးမှာ
ရထားဟာ ရထားမဖြစ်ခဲ့တာတော့ သေချာတယ်…..။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts