Yan Naung (Bo Ta Htaung) သတင်းပဒေသာ

စာပေတည်းဖြတ်မှုအတတ်ပညာသင်တန်း ဖွင့်မည်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

စာပေတည်းဖြတ်မှုအတတ်ပညာသင်တန်း ဖွင့်မည်

ရန်နောင်(ဗိုလ်တထောင်) မိုးမခ ဇွန် ၃ ၂၀၁၅

 DSC_0066_980_350

            ရန်ကုန်တက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန အစီအစဉ်ဖြင့် မြန်မာစာဌာနက ကြီးမှူးပြီး စာပေတည်းဖြတ်မှုအတတ်ပညာသင်တန်းနှင့် နိုင်ငံခြားသားများအတွက် မြန်မာဘာသာ သင်တန်းများကို  ဖွင့်လှစ်မည်ဖြစ်သည်။

             သင်တန်းဝင်ခွင့်သတ်မှတ်ချက်မှာ  စာပေတည်းဖြတ်မှုသင်တန်းအတွက်တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်ဖြစ်ပြီး နိုင်ငံခြားသားများအတွက် မြန်မာစာသင်တန်းတက်မည့်သူများသည် မြန်မာနိုင်ငံတွင် တရားဝင်နေထိုင်ခွင့်ရရှိထားသူ နိုင်ငံခြားသားများသာ ဖြစ်ရမည်ဖြစ်သည်။

             သင်တန်းကာလမှာ ရက်သတ္တ ၁၄ ပတ် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းကို ဇွန်လ ၈ ရက်နေ့ တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး စာပေတည်းဖြတ်မှုသင်တန်းကို နံနက် ၇း၃၀ မှ ၉း၃၀ (တနင်္လာမှ ကြာသပတေး အထိ) ၊နိုင်ငံခြားသားများအတွက် မြန်မာဘာသာကို နံနက် ၇း၃၀ မှ ၉း၃၀( အင်္ဂါမှ သောကြာအထိ) ဖြစ်သည်။

             လျှောက်လွှာများကို ၂၅-၅-၂၀၁၅ မှစတင်လက်ခံလျက်ရှိပြီး မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်၊ တောင်ငူဆောင် (ဖုန်း-၀၁-၅၃၆၀၇၂)  သို့ဆက်သွယ်နိုင်ကြောင်း သတင်းရရှိပါသည်။

             သင်တန်းသားဦးရေ ကန့်သတ်ထားပြီး သတ်မှတ်ချက်ပြည့်မီသော သင်တန်းသားများကို အောင်လက်မှတ်ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts