မောင်စိုးချိန် – ကျောင်းသားသပိတ် အရေးတော်ပုံ (၇)
(မိုးမခ) မေ ၁၇၊ ၂၀၁၅
(မိုးမခ) မေ ၁၇၊ ၂၀၁၅
တိုင်းပြည်ခြေလှမ်း
လမ်းပေါ်မှာ
ကောက်ကျစ် အဆိပ်ပြင်းက
အဆိပ်ပြင်း ကောက်ကျစ်ပြန်လုပ်
ကိုယ်ကျိုးသမားက
ကိုယ်ကျိုး အာဏာပြန်လုပ်တယ်။
မိစ္ဆာဆူးညှောင့်က
ဆူးညှောင့် မိစ္ဆာပြန်လုပ်
ကျောင်းသားသပိတ်ကို
တန်ပြန်သပိတ်ပြန်လုပ်တယ်။
ဖြောင့်မတ်သူကို
မဖြောင့်မတ်သူက ပုံဖျက်တယ်။
ရှင်းလင်းပြတ်သားမှုကို
ရှုပ်ထွေးေ၀၀ါး ပြန်လုပ်တယ်။
တလျှောက်လုံးပဲ
သူခိုးက လူလူ ဟစ်နေဆဲ
ဓါးမြက ဆေးလိပ်မီးတဖွားဖွား
အားပါးတရ အရသာခံနေမြဲ
အခုလဲပဲ လာပြန်ပြီ ……
တိုင်းပြည်ဆူးညှောင့်လုပ်သူက
မလုပ်သူကို
ရန်သူအဖြစ် စွဲချက်တင်နေပြန်ပြီကော။
လူ့အဖွဲ့အစည်းမှာ
အဟောင်း အညစ်
အကောင်း အသစ်
သစ္စာ အသစ္စာ
အမှောင် အလင်း
တိုးတက်ခြင်း ဆုတ်ယုတ်ခြင်း
စစ်ခင်း ပဋိပက္ခ
တိုက်ပွဲရဲ့ ဓမ္မတရား
ဆူးညှောင့်ဆိုသူအား
တိုက်ထုတ် ဖယ်ရှားပစ်ရမှာ
တိုင်းပြည်ခြေလှမ်း လမ်းသာယာ။
မောင်စိုးချိန်
ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၅