နိုင်ငံတကာရေးရာ

လော့အိန်ဂျယ်လိစ်မြို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်

လော့အိန်ဂျယ်လိစ်မြို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်(မိုးမခ)  မေ -၆ ၂၀၁၅

မြန်မာကောင်စစ်ဝန်ရုံးသစ်ကို ကာလီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျယ်လိမြို့လည် အမှတ် ၃၄၃၅ ၊ Wilshire လမ်း၊ Suite ၁၅၉၀ ၌ ယခုနှစ် မေလ ၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ အမေရိကန်အနောက်ပိုင်းကမ်းခြေဒေသ( West Cost)  ဒေသ မြန်မာကောင်စစ်ဝန်သစ်မှာ  ဦးအောင်ကျော်ဇံ ဖြစ်သည်။

ရုံးသစ်ဖွင့်ပွဲနှင့် ဆက်လက်၍ မြန်မာ-အမေရိကန် နှစ်ဖက်တွေ့ဆုံပွဲနှင့် ညစာစားပွဲကို ၎င်းနေ့ညနေပိုင်းတွင် Hilton Universal Hotel ၌ ကျင်းပခဲ့သည်။အဆိုပါ ညစာစားပွဲသို့ လော့အိန်ဂျလိ ဌာနေမြန်မာ ဆရာဝန်များ၊ သွားဆရာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ ၊ မြန်မာအသင်းအဖွဲ့များ စုံလင်စွာတက်ရောက်ကြသည် ။မြန်မာ့အရေး နှင့်ပတ်သက်ပြီး   ဆန္ဒဖော်ထုတ်စရာ နေရာသစ်တစ်ခု တိုးလာပြီဟု  မြန်မာ့အရေး လှုပ်ရှားသူ တစ်ဦးမှ ပြောဆိုခဲ့သည်။

photo credit – mandalaygazette


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts