Poems

စိုးနေလင်း – အကောင်းဆုံး အကောင်းမြင်

စိုးနေလင်း – အကောင်းဆုံး အကောင်းမြင်
(မိုးမခ) ဧပြီ ၂၉၊ ၂၀၁၅

ကောင်းကင်မှာလည်း
စောင်ခြမ်းတွေချည်းပဲ ပေါလောမျော
တောပြုန်းတောင်ပြိုနေဆဲ အခါသမယ
ကျကြွေ ကျဲမွ ကြယ်စတွေလည်း နစ်မွန်း
ထွန်းနေတဲ့ကျွန်းရဲ့ ရေလယ်ခေါင် သောင်စပ်မှာ
ကျီးမိုက်တင်းကျမ်းနဲ့ ဆင်သေကောင်ကိုတွေ့ရ
ဆိုရိုးစကားမှားခဲ့ပြီထင်ရဲ့
မဲ့ခွက်ခွက် မျက်နှာလေးတွေပေါ်မှာ
နားမလည်နိုင်မှုများစွာ လေးပိ
တတိတိပွန်းစားခြင်း ဖြစ်စဉ်အောက်မှာ …
အထူးပြုလုပ်ချက်များနဲ့ အမျှဝေသံများ …
သာဓုခေါ်သံများ …
ငြိမ်ဝပ်ပိပြား
ပြားပါလေလည်း တမွဲမွဲ နစ်မွန်း
မှောင်လွန်းတဲ့ တမွန်းတည့်အောက်
နက်သထက်နက်တဲ့ ချောက်ကမ်းပါးဆီ တရွေ့ရွေ့ … ။      ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts