(မိုးမခ) ဧပြီ ၁၂၊ ၂၀၁၅
အတွင်းက သင်္ကြန်
သပြေခက်နဲ့ ရေပက်တဲ့ဟန်
မျိုးတုန်းပျောက်ကွယ်ခဲ့ ဗီဇစိပ်တခု
ရုပ်ကြွင်းတောင် ပြန်ရှာမရနိုင်ပြီလား။
မြူးကြွတဲ့ လျှပ်စစ်သံစဉ်တွေကြား
ထူးခြားတဲ့ တိုင်ပတ် ကဟန်တွေနဲ့
အနောက်တိုင်း နိုက်ကလပ်တွေတောင်
ငေးမှိုင်ကာ ဆရာတင်ရပေါ့
မန်းမြို့မ ငွေငန်းကြီး ဝမ်းကိုဖောက်
ရေစိုပျိုတို့ ကဲမယ် နွှဲတယ်။
မသမာ အကွက်ခြောင်းသမားတွေ
ကြွဆေးတွေ အဖော်ပြု
မ – သွေးတွေ သောက်ဖို့ကြံ
မြူးကြွတဲ့ ခန်းစည်းနောက်ကွယ် ရှာ
ယင်းထနေတဲ့ကာလ သင်္ကြန်။
ဘုရား .. ဘုရား … ဘုရား
နှစ်သစ် သင်္ကြန်ဟာ
အချစ်နစ် သင်္ကြန်ဖြစ်ကာ မွန်း
ငွေညစ်နဲ့ ရေနှစ်သတ်မယ့် အတာပွဲလား။
ရေခြား မြေခြား မွေးဖွား
မည်ကာမတ္တ ဗမာသမီးပျိုတွေက
ရင္ဖုံးအက်ႌ ခ်ိတ္ထမီဝတ္လို ့
ပိတောက်ခက်အတု နံ့သာစွတ်လို့ 
တူးပို့  တူးပို့  ယိမ်းဟန်ညွှတ်လို့ 
သက်ကြီး ခေါင်းလျှော် ကုသိုလ်ပြုလို့ 
ချိုချဉ်ခဲဖွယ် စတုဒီသာ ကျွေးလို့ 
ဗမာမှုကိုထိန်း ယဉ်လှကြွယ်။
အတွင်းနဲ့ အပြင်သင်္ကြန်
မျိုးကွဲတွေ ပြောင်းပြန်ဖြစ်
အယူတိမ်းတဲ့ အတွင်းသင်္ကြန်
တမူထိန်းတဲ့ အပြင်သင်္ကြန်
ကမ္ဘာကို နေက ပြောင်းပြန်ပတ်ပြီလား
ချွတ်ချော်မှုတွေ အတွေးနှင်လို့ 
ဒီသင်္ကြန် ကစော်မသောက်ဘဲ မူးသွားပြီ။ ။
ကျော်ဟုန်း