စာစုတို
မောင်မောင်လတ်(ရွှေအင်းလေးစာပေ) – ဒေါ်အောင်ဆန်းစုကြည် အကျယ်ချု ပ်ကလွတ် ပြီ လား..?
မောင်မောင်လတ်(ရွှေအင်းလေးစာပေ)   – ဒေါ်အောင်ဆန်းစုကြည် အကျယ်ချု ပ်ကလွတ် ပြီ  လား..?
 (နေရပ်မသိ ၊အမည်မသိ  မြန်မာနိုင်ငံသားတဦး  နဲ့  စကားပြောခြင်း)
(မိုးမခ) ဧပြီ ၂၊ ၂၀၁၅
ဟမ်..ဘာလဲ…….မင်း..မင်း  ဘာတွေမေးနေလဲ ?……………..
” ဒေါ် အောင် ဆန်း စု  ကြည်  အကျယ်ချုပ်  လွတ် ပြီ လား ..?
သြော်…..မင်းနှယ်ကွာ……..
လွတ်ပြီလေ ညီလေး  ….လွတ်သွားတာ ကြာလှပေါ့ ….ကြာ  လှ ဆို    ခဏ  ခဏ နေအုံး..
မင်းမေးခွန်း ကြားလိုက်ကထည်းက   အကို့  ရင်ဘတ်  စူးစူးပြီး အောက်သွားသလို…
ခဏလေး  အသက်ဝဝ ရှုပါရစေအုံးကွာ………………..၊၊
ဟုတ်တယ်  ကြာပြီလေ……တတိုင်းပြည်လုံး ကခုန်လို့ ..ပျော်မြူးလို့ ကွာ…
အရမ်းကို ပျှော်ခဲ့ ရတာပေါ့  ညီလေးရာ….ပြောပြမတတ်အောင်ဘဲ…အဲဒီတုံးကပေါ့ ..
အခု ညီလေးကော   သိရတော့  ဝမ်းသာတယ်ဟုတ်……..ငါသိတယ်…..
ညီလေး   မင်းမျက်ရည်စတွေ  အပြင်ရဲရဲထုတ်လိုက်ကွာ…မျက်ရည်စတွေ စုနေတော့ 
အရာရာမြင်ကွင်းက မလှဘူးလေ…ဟုတ်လား  ?  ငိုလိုက်ကွာ..အားပါးတရငိုလိုက်.
ဝမ်းသာလွန်းလို့   ငိုနေတဲ့ မျက်နှာတွေ အများကြီးထဲက   မင်းက နောက်ဆုံးမျက်နှာဘဲ.
ညီလေးက နောက်ဆုံးမှ သိရတော့    နောက်ဆုံးဝမ်းသာမျက်ရည်ပေါ့ …..
ဒါလဲ  သမိုင်းဝင်ချင် ဝင်သွားနိုင်တယ်ကွ…မင်းကံကောင်းလာတော့ မယ်..သိလား ?
ဖြစ်နိုင်ရင်ကွာ…မင်းမျက်ရည်တွေ  ပုလင်းတခုထဲ စုထားပြီး   တချိန် ပြန်ရောင်းစားရမယ်. ၊၊
တချိန်က  မင်းလို ဝမ်းသာလွန်းလို့   ကျလာတဲ့ မျက်ရည်တွေ  မြစ်ကြီးတခုလို
မြန်မာပြည်ကြီးကို  ဖြတ်ကျော် စီးဆင်းသွားခဲ့ တယ်လေ…….၊
အခု  ဝမ်းသာလို့  ကျလာတဲ့ မင်းမျက်ရည်က   မြန်မာပြည်က နောက်ဆုံးမျက်ရည်ဖြစ်ထဲ
အတူတူ မျောပါစီးဆင်းသွားတာတော့   ဆောရီးဘဲကွာညီလေး…..
အဲဒီ နောက်ဆုံးမျက်ရည်မြစ်ကြီးက  တပြည်လုံး က နှင်းပြား မျက်နှာမွဲပြည်သူတွေရဲ့ 
ဝမ်းနည်းပြီး  ကျလာတဲ့  မျက်ရည်တွေဘဲပေါ့ ညီလေးရာ…
ညီလေးကမှကွာ…….”တနေ့   ဒေါ် အောင် ဆန်း စု ကြည်  အ ကျယ် ချု ပ် က လွတ် လာ ရင် ”
ဆိုတဲ့  မျှော်လင့် ချက်နဲ့    လောက ငရဲ  ၊ လူ့ ဘဝရဲ့ အောက်ဆုံး အနီမ့် ဆုံး အရောင်းစားခံ
၂၁ ရာစုကျွန်ဘဝကနေ   တိတ်တိတ်ဆိတ်ဆိတ် မျှော်လင့် ရင်း   ဖြတ်ကျော်နိုင်ခဲ့ တယ်…
အခု  အကိုတို့ မှ  ဘာမျှော်လင့် ချက်မရှိ  ဘယ်သူဘယ်ဝါ ကိုမှ  အားကိုးလို့ မရ…………
အဖေမဲ့   အမေမဲ့   ဆွေမျိုးမိတ်ဆွေ အသိုင်းအဝန်းမဲ့ နဲ့   သောင်ပြင်ကလွတ်နေတဲ့ …လိုဘဲကွာ
အားလုံးကို ကြောက်ရ  လန့် ရ  ..အထိတ်ထိတ်အလန့် လန့် နဲ့   ခေါင်းငုံနေရတဲ့ ဘဝမျိုး..
ဘာထူးသေးလဲကွာ….အတူတူပေါ့ ညီလေး………၊၊
လှိုင်းဒဏ်  လေဒဏ် ကြား  အသက်အန္တာရယ်ရင်းပြီး  ပင်လယ်ပြင်ထဲမှာ  ညီလေးတို့ ကို
ဝယ်ထားတဲ့ အရှင်သခင်အလိုကျ  တနေ့  နာရီ ၂၀ကျော်  အလုပ်လုပ်နေရတဲ့ ဘဝကမှ
တော်သေးသလိုလို……..ဟုတ်တယ်လေ….ပါးစပ်ဟပြီး  အကိုပြောတာ နားမထောင်နဲ့ အုံး.
ဘာဖြစ်လို့ လဲ ?  ဘာကြောင့် လဲ ?   မမေးတော့ ဘူးလား   မေးပါကွာ…ညီလေးကလဲ…..
အခုမှ သိရတဲ့   ပညာမတတ်တဲ့ မင်းကိုတော့  အကို ရဲရဲကြီး  ရှင်းပြရဲပါတယ်ကွာ…
တခြားသူနားမှာဆိုရင်   နောက်ပြန်လှည့် မှာစိုးလို့ …ရွှေးကောက်ပွဲကြီးမဖြစ်မှာစိုးလို့ ..
ပေးမပြောဘူးကွ သိလား  …ပီးတော့  အမျိုးသားသစ္စာဖောက်ကြီး လို့  စွပ်စွဲအုံးမှာ…
ပီးတော့   တခြားတဖက်က   အခု စစ်တပ်မဟုတ်ဘူး   စစ်အာဏာရှင်လဲ မဟုတ်တော့ ဘူး
ပြောပြောနေတဲ့   သန့် ရှင်း အစိုးရဖက်ကလဲ  အကို့ ကို    ဟိုကွာ ပုဒ်မတွေ အများကြီး….
အများကြီးနဲ့   တရားစွဲ ထောင်ချခံနေရမှာ…… အဟုတ်ညီလေး…
ဒါတောင် မင်းကို တိုးတိုးလေး ပြောပြရမှာ……၊၊
ညီလေး…ခေါင်းကြီးငုံမထားနဲ့ ကွာ…အကိုပြောတာကော ကြားရဲ့ လား ?…..
    အကိုတို့ လို နင်းပြား… မရှိဆင်းရဲ့ တဲ့ ပြည်သူတွေ..မကြာပါဘူးကွာ…..
ညီလေးတို့လို ကျွန်အဖြစ်  အရောင်းစားခံဖို့  ရောက်လာတော့ မှာလေ…အားမငယ်ပါနဲ့ လား
အတူတူပေါ့ လေ…အခုတောင်…နေရာအနှံ  မြန်မာပြည်သား ၅သန်းလောက်က
ကုန်းပေါ်ကကျွန်…ညီလေး မင်းတို့ က ပင်လယ်ကျွန်…..ဟော်…..ကြည့်  မတူဘူးလား…
ဟိုမှာကျန်ခဲ့ တဲ့ သူတွေလဲ  မကြာဘူး မနှေးအမြန်နှုန်း နဲ့ ကို ရောက်လာမှာ ကြည့် နေ..
မလည်မဝယ်တာတော့ မဟုတ်ဘူးကွာ….ရိုးရိုးသားသားနဲ့ ……
နောင်ရေးအတွက်..နောင်မျိုးဆက်သစ်တွေအတွက်..ပညာရေးကိစ္စတောင်းဆိုခဲ့ တဲ့ …
ကျောင်းသူကျောင်းသားတွေ………လစာနဲလို့  တိုးတောင်းတဲ့  အလုပ်သမားတွေ..
ဓါးမဦးချ ဘိုးဘွားအဆက်ဆက်က  လယ်ယာမြေတွေ  အသီမ်းခံရတာကို  ပြန်တောင်းတဲ့ 
ဒို့  တောင်သူဦးကြီးတွေ….မတရားတာကို သိလို့   တရားတဲ့ ဖက်ကနေ  သဘောရိုးနဲ့…
ရေပူရေအေး ကမ်းပေးတဲ့  ရိုးသားတဲ့  ပညာမဲ့ တဲ့  ပြည်သူတွေ…….တဘုန်းဘုန်း..
တဗိုင်းဗိုင်းနဲ့    ကန်ကျောက် ရိုက်နှက်လိုက်တာ  ရက်ရက်စက်စက်ကြီးကွာ ညီလေး…
စိတ်မထင် မထင်သလို သေနတ်ကြီးနဲ့   တည့် တည့် ကြီးကို ပစ်ချလိုက်တာလေ….
နေခင်းကြောင်တောင်  လင်းလင်းထင်းထင်းကြီး……သိလား ….၊သေပြီပေါ့ ….၊
နေအုံး ညီလေး  ပါးစပ် တပြင်ပြင်နဲ့ …မင်း  ဘာမေးမလဲဆိုတာ  အကိုသိတယ်…
အကိုပြောရင်း   တခါထည်း  မင်းမေးမဲ့ မေးခွန်းကို  အဖြေပေးသွားမယ်နော်…….၊၊
အဲဒါတွေက  မြို့ ကြီးပြကြီးပေါ်မှာ ဖြစ်နေတာ…ဘယ်သူမှ မလာဘူး ဘာအကူမှ မပေးဘူး..
လာတာတို့  ကူတာတို့  မပြောနဲ့  သူတို့ တတွေ ပင်ပန်းနေမယ်….စကားနဲ့ တောင်
အားပေးဖော်  မရှိဘူး …ဟို တောတောင်ကြား က  တိုင်းရင်းသားဆရာမနှစ်ယောက်
အဓမ္မအပြုကျင့်ခံ အသတ်ခံရတာတောင်……လေသံမဟရဲဘူးကွာ….
ဘာလဲ….ဒီနှစ်မှာ လုပ်မဲ့ေ၇ွှးကောက်ပွဲ မဖြစ်မှာ စိုးလို့ တဲ့ လေ….
မင်းမျက်လုံးထဲက  မင်းမျက်နှာပေါ်က   ဟို  သမိုင်းဝင် သူရဲကောင်းအကြောင်းကလဲ
မထူးပါဘူး  အတူတူ ပါဘဲညီလေးရာ….မရှိတော့ ..မသိတော့  ဘူးလားမသိ……
လူ မြင်ကွင်းရှေ့   လမ်းမပေါ်….စက်ရုံနံဘေး ရေပုပ်မြောင်းနံဘေး….
လွင်တီးခေါင်ပြင်  လယ်ကွင်းထဲ…ရက်ရက်စက်စက် ပက်ပက်စက်စက် ကန်ကျောက်
ရိုက်နှိက်  လည်ကုပ်ဆွဲ  ကားပေါ် ကြက်ကလေး ဘဲကလေးလို  ပစ်တင်ဖမ်းခေါ်သွားတာ
အားလုံးက  ဒီ အတိုင်း  ငုပ်တုပ်ကြီး ထိုင်ကြည့် နေတာလေ   ….
အသဲရော အူပါ ယားလိုက်တာလေ  ညီလေး……….
မင်းကမှ  မျက်ရည်ရှိလို့  ငိုနိုင်သေးတယ်……အကို့ တို့ များ  ငိုချင်တာတောင်…
မျက်၇ည်တွေက  ခန်းခြောက်သွားခဲ့ ပြီ…..ငိုလို့ လဲ မရတော့ ဘူးလေ…..၊၊
အဲဒီလို ကိုယ် အစုနဲ့ ကိုယ်  သတ္တိရှိရှိ ကိုယ်ကျိုး မဖက်  အများအတွက်…
အနာဂတ်အတွက် အရိုက်နှက်ခံ  ထောင်အကျခံ ပြီး  တိုက်ပွဲ ဝင်နေတဲ့ အစုအဖွဲ့ တွေ
အကာအကွယ်မရှိ…ကူညီသူမရှိ …စိတ်ထင်သလို ဘီလူးသရဲစီးသလို ..ကြမ်းရမ်း
ခံနေရတာ မပြီးသေးဘူးညီလေး……ဘယ်တုန်းက  ဘယ်အချိန်က ယူထားတဲ့ …
အကြွေးက   မြန်မာပြည်သားတယောက်ကို  ၅သိန်းနှုန်း ရှိနေပြန်သတဲ့ ကွာ…
အလုပ်မရှိ ဒုက္ခရောက် ငတ်ပြတ်နေတာတောင်….နိုင်ငံအကြွေးက
တယောက်ကို  ၅သိန်းနှုန်းတဲ့ လေ….၊အလုပ်မရှိ မကျမ်းမာ နေတဲ့ ကြားက
ဒီ၅သိန်းကြီးက  တလပြီးတလ…တနှစ်ပြီး တနှစ်  တိုးရင်းပေါင်းနဲ့ ….
အကို့ တို့  ပြည်သူတွေ  တပြုံကြီး  ရောက်လာရင်……ညီလေး  မင်းက ကျွန်နည်းပြပေါ့ ..
ဘယ်လိုနေ ဘယ်လိုစား ဘယ်လို အလုပ်လုပ်..ဆိုတာတွေ  မင်းက ကျွမ်းကျင်တော့ …
ဆက်နည်းပြလိုက်ပေါ့ နော်…….အမယ်  နေရင်းထိုင်ရင်း မင်းအတွက်…
အလုပ်က အဆင်သင့် …အဆင့် မြင့် မြင့် ပါလား……….၊၊
ဒါမပြီးသေးဘူးဟေ့ရောင်….အဆင့်မြင့် တဲ့   ကျွန် နည်းပြအလုပ်က နောက်မှ…
အခုကိုယ်ဘဲ   မင်းတို့  အကြောင်းကို   အမေရိကန် နိုင်ငံကြီးတောင် စပြောပြီး
တောင်းဆိုနေပြီလေ……သိလားညီလေး…အမေရိကန်နိုင်ငံက  …
ကမ္ဘာပေါ်မှာ   နံပါတ် ဝိုင်းဘဲ…သူ့ တခွန်းပြော  ပွဲပြီးဆိုဘဲ…..၊ဟာကွာ…
အရမ်းကို အစွမ်းထက်တာပေါ့   အခုတောင်…မင်းတို့ ဘဝ ကယ်တင်ဖို့ …
စုံစမ်းဖို့ ပြောတာ တခွန်းထဲဘဲ…..
မင်းတို့ ကို  လူလယ်ကျပြီး…ကျွန်အဖြစ် တဖက်လှည့် ရောင်းစား  …
ပါးရိုက်နားလှည့် နဲ့ …မင်းတို့ ဘဝတခုလုံး အသက်ပုံအပ်ဖမ်းခဲ့ တဲ့ ငါးတွေ
အဲဒီ အမေရိကန် နိုင်ငံကို ရောင်းစားနေတဲ့   တဖက်နိုင်ငံက  ပြာနေပြီ…
ပြူးပြူးဗျာဗျာနဲ့ …စုံစမ်းဖော်ထုတ် အရေးယူမယ်တဲ့ ကွာ…..
တော်သေးတာပေါ့   အကိုတို့ မြန်မာနိုင်ငံလို  စုံစမ်းရေး ကော်မရှင် မဖွဲ့ တာ..
ချက်ချင်းကြိးကို အရေးယူမယ်ဆိုဘဲ….အားတင်းထားကွာ…
မင်းတို့ ရဲ့ အနောက်မှာ …အမေရိကန်ပါးပါးကြီး ရှိနေပြီဘဲ…တောင့် ထားညီလေး..
မယုံတယုံ  မရဲတရဲနဲ့  မြန်မာပြည်ဖက်ကို ယောင်ပြီး လှည့် ကြည့် မနေပါနဲ့ ….
မြန်မာပြည်မှာက   ရွေးကောက်ပွဲကလွဲပြီး…ဘယ်သူကိုမှ  ဘာကိုမှ စိတ်မဝင်စားဘူး..
မင်းတို့ ဘဝ ကျွန်  မကလို့   ဘာဘဲဖြစ်နေနေ…နှစ်ဘယ်လောက်ကြာကြာ….
အခု ခလုတ်ထိုက်မိရင်တောင်…..ဘုရားတွေ အမေတွေကို  မတ တော့ ဘူး…
” ဟဲ့   ပလုပ်တုပ်  ရွေးကောက်ပွဲကြီး….” တဲ့ လေ ညီလေး……
အကိုတို့ လဲ  ဒီရွေးကောက်ပွဲနဲ့ ကို   ကျောပြင် တဘုန်းဘုန်းနဲ့  အရိုက်ခံရ…
ခေါင်းကို တခွပ်ခွပ်နဲ့   အတီးခံရ…အဖမ်းခံရနဲ့ …..ကြာလာတော့ …
ည ည  ဒီရွေးကောက်ပွဲကြီးကို   ထိုင်ရှိခိုးနေရပြီလေ…ပြောပြီးပြီပကောလား….
အကိုတို့လို ပညာမွဲ မျက်နှာမွဲ ပြည်သူတွေဖက် ဘယ်သူဆို ဘယ်သူမှ မရှိတာ….
အသဲနာနာ….အသားနာနာ နဲ့ ဘဲ….. ဘာမှန်းမသိရသေးတဲ့ ဒီရွေးကောက်ပွဲကြီးကို
ကြောက်ကြောက်နဲ့  ရှိခိုးပူဇော် ကန်တော့ နေရတာပေါ့ ကွာ…
အဲဒါကြောင့် …မင်းကိုငါပြောခဲ့ တယ်မဟုတ်လား…..ညီလေး..မင်းတို့ ကမှ ..
တော်သေးသလိုလို…….ဆိုတာလေ..
မင်းတို့  အချုပ်နှောင်ခံ ကျွန်ဘဝနဲ့  အသက်ရင်းဖမ်းပေးတဲ့  ငါးတွေ
မဝယ်တော့ ဘူးဆိုရင်   ပွဲပြီးပြီ….လွတ်ပြီ…လွတ်ယုံမပြီးသေးဘူး
လျှော်ကြေးငွေတွေ…..ညီလေးတို့  ကျွန်သက်တမ်းအလိုက်  ရအုံးမှာ…မပူနဲ့ ..
လျှော်ကြေးကမှ  အစီမ်းရွှက်တွေ အများကြီးကို  ရအုံးမှာ…..
ဟာ  ….ညီလေးက အစိမ်းရွက်ဆိုတာက    မင်းကို လာသတင်းမေးတဲ့ 
အသားနီစပ်စပ် လူမျိုးတွေသုံးတဲ့  ပိုက်ဆံလေ….ငါတို့  မြန်မာပိုက်ဆံမဟုတ်ဘူး…
အများကြီးမှ  အများကြီးကိုရမှာ……..ဘာလဲ  ညီလေး   မျက်လုံးဝိုင်းပြီးပြန်ကြည့် နေတာက
အကို ပြောတာမယုံလို့ လား…?…
အမေရိကန်ကြီးက   ကျနော့် အမျိုးလဲမဟုတ်ဘူး  ကျနော့်  တိုင်းပြည်လဲ မဟုတ်ဘဲနဲ့ 
ဒီလောက်ထိ လုပ်ပေးပါ့ မလား ဆိုတာ…မေးခွန်းထုတ်မယ်မဟုတ်လား ?….၊၊
ဟုတ်တယ်  မင်းမေးမဲ့ မေးခွန်းက မမှားဘူး………
လူ့ တန်ဖိုး လူ့ သိက္ခာကို တန်ဖိုးထား  လူကို လူလိုဘဲမြင်တဲ့  အမေရိကန်နိုင်ငံလဲမမှားဘူး..
မှားနေတာက   ရွှေးကောက်ပွဲတခုထည်းကိုဘဲ  သိတဲ့   ငါတို့ တိုင်းပြည်…
ပိုမှားသွားတာက    အဲဒီလို တိုင်းပြည်ထဲမှာမှ  လူလာဖြစ်ရတဲ့  မင်းတို့  ငါတို့ ဘဝတွေပါ…
အခုတော့   ခံလိုက်စနဲ့  ဆက်ခံလိုက်အုံး…
ဒီဘဝ သေတပန် သက်တဆုံးထိပေါ့ ကွာ…….၊၊
ဓာတ်ပုံ –  (ဒေါ်အောင်ဆန်း စုကြည်ကို ၁၃၊ နိုဝင်ဘာ ၂၀၁၀ နေ့ ညနေ ၅: ၁၅ မိနစ်ခန့်မှာ အစိုးရက နေအိမ် အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်စဉ်က တက္ကသိုလ်ရိပ်သာလမ်းနေအိမ်အနီးက ပြည်သူများ)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
6 thoughts on “မောင်မောင်လတ်(ရွှေအင်းလေးစာပေ) – ဒေါ်အောင်ဆန်းစုကြည် အကျယ်ချု ပ်ကလွတ် ပြီ လား..?
  1. That is very good article.All the peoples(Peasants,labors,students and who died for her) are forgotten.Does she still believe in Election and Parliament to reform to democracy? We do not think so.We do not interest in their secret meeting and negotiation because of it does not come out any result for country.One last thing, we do not blame for peoples if they believed in communism.Every one can see who is getting more richer and who are more poorer.Please unite and surround all students,peasants and labors.She is not house arrest but parliament arrest and ignore people voice.This is a very sad thing for our peoples.
    1. တလောကဗျာ……တမင်ရည်ရွှယ်ချက်ရှိရှိနဲ့ သူ့ ကို တိုက်ခိုက် ချေမှုန်း ခဲ့ တဲ့ ဒီပဲရင်းကိစ္စကို ခွင့် လွတ်ပေးခဲ့ လို့ မြန်မာပြည်မှာ…နောက်ထပ် ဒီပဲရင်းတွေ အများကြီး ပေါ်ပေါက်လာခဲ့ တာကို မိတ်ဆွေတယောက်က ယူကြုံးမရ ဝမ်းနည်းပက်လက် ရေးသားခဲ့ တာကို ရှယ်လိုက်တာဗျာ…….တယောက်မှ တုပ်တုပ်မလှုပ်..မထောက်ခံခဲ့ လို့  အခု ဆောင်းပါးခေါင်းစဉ်ကို (နေရပ်မသိ ..အမည်မသိ ဆိုတဲ့  စာသားနဲ့  တင်လိုက်ရတာပါခင်ဗျား….) အဲဒါကို အယ်ဒီတာ ဆရာရစ်က ပြောင်းပြန် ပြန်တင်ပေးလိုက်ရတဲ့  အဖြစ်…….၊နောက်ကွယ်မှာ မြန်မာပြည်သူတရပ်လုံး အုံလိုက် ကျင်းလိုက် ထောက်ခံမှု ရနေတာတောင်မှ….နေရက်လွန်းတာကို စဉ်းစားမရလို့  အခု ဒီဆောင်းပါးကို ကြောက်ကြောက်နဲ့  ရေးလိုက်ရတာပါခင်ဗျာ…ပီးခဲ့ တဲ့  လက်ပံတန်းကိစ္စ ဘယ်လိုမှ ခံစားလို့ မရလို့  စာမရေးဖြစ်တာ ၃ပတ် ကျော်သွားပြီမို့ …ဒီဆောင်းပါးကို မရဲတရဲ အရဲစွန့် ပြီး ရေးခဲ့ ရတာပါ…လက်ခံပေးတဲ့ အတွက် ကျေးဇူးပါဘဲဗျာ….ရွှင်လန်းချမ်းမြေ့ ပါစေလား………၊၊
      1. DearKo Mg Mg Latt,Thanks for your reply.Pls keep writing the truth.If people like you given up,the voice never come out.Actually, we all can see how peoples (Ordinary Peoples) from Mandalay,Myingyan,Taungthar and so on supporting to students from their heart.The old lady gave water melons to students.She is not a rich or cronies or elite but she knew the truth.It can not be wasted and peoples are on their side.We have to thank who write the actual situation. No matter what whether Parliament or Government broke all agreement with NNER or Students intentionally.Truth and Dare will bring success and Win at last.The price may be high but we will support them and believed that one day we must win.
  2. Criticism may not be agreeable,but it is necessary.It fulfills the same functions as pain in the human body.It calls attentions to an unhealthy state of things.
    Winston Churchill.
  3. ကိုဇော်အောင်ခင်ဗျား…..ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်အားကိုး လေးစားမှုတွေနဲ့ အသက်ရှင်မျှော်လင့်နေသူတယောက်ပါဗျာ….အမျိုးသားပြန်လည်ရင်ကြားစေ့ရေးခေါင်းစဉ်အောက်ကနေ တဖက်သပ်အလျှော့ ပေး သည်းးခံပေးလွန်းခဲ့ လို့  လက်ပံတန်းအကြမ်းဖက်မှု အပြီး နောက်ပိုင်း စစ်အာဏာရှင်တွေရဲ့  အပြုအမှု ၊ အပြောအဆိုတွေကိုကို လေ့ လာကြည့် ရင် သိသာထင်ရှားနေပါပြီ..သူတို့ ခြေလှမ်း နဲ့  လှည်ကွက်တွေ ပေါ်လွင်နေပါပြိ….ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှု နဲ့ လုပ်မဲ့  အမျိုးသားရင်ကြားစေ့ရေး ခေါင်းစဉ်အတွက်…ဂဋန်ဦးစော ပင်လုံ ညီလာခံ မတိုင် ခင် ပြောခဲ့ တဲ့ စကားတခွန်းကို ပြန်ကိုးကားပါရစေလာ.း……..” ကျွန်တော် ကို အင်္ဂလိပ် လက်နှိပ်စက် တလုံးပေးဗျာ…ပီးတော့  မိနစ်၃၀ လောက်…အိုဗျာ ၄၅မိနစ် ..ကော်ဖီ ထွက်သောက်ပေးပါလား…ကျွန်တော် ခင်ဗျားတို့ လိုချင်တဲ့  ဖွဲ့ စည်းပုံ အပြီး ရိုက်ပေးပါ့ မယ်….ဖွဲ့ စည်းပုံက အရေးမကြီးပါဘူးဗျာ…အဓိက လွတ်လပ်ရေးပါ….” …………….ဟုတ်ကဲ့  ကျွန်တော်တို့ လဲ အမျိုးသား ရင်ကြားစေ့ရေးကို ခဏထား..အဓိက အာဏာရှင်စံနစ် အပြီးဖြိုဖျက်နိုင်ဖို့ ပါ….ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုနဲ့  စစ်အာဏာရှင်စံနစ်ဆိုးကြီး ချုပ်ငြီမ်းသွားပြီးသကာလမှာတော့  ကျွန်တော်တို့  အားလုံးး တိုင်းရင်းသားတွေအားလုံး တန်းတူညီမျှ ..တရားဥပဒေအောက် လုံလုံခြုံခြုံ နေထိုင်ဖို့ …….ဖွဲ့ စည်းပုံ အခြေခံဥပဒေကို သစ်တပင် ဝါးတပင် အောက်မှာတပျော်တပါး တရင်းတနှီး နွေးနွေးထွေးထွေး နဲ့  ရေးဆွဲနိုင်မှာဗျာ……….ကိုယ်မြင်ရာကို ဖော်ထုတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ…..၊၊
Comments are closed.