စာအုပ်စင် တက္ကသိုလ်ရွှေရီဝင်း

တစ်မိနစ် အိပ်ရာဝင်ပုံပြင်များ – တက္ကသိုလ်ရွှေရီဝင်း

 

 

တစ်မိနစ် အိပ်ရာဝင်ပုံပြင်များ – တက္ကသိုလ်ရွှေရီဝင်း

(မိုးမခစာအုပ်စင်) ဧပြီ ၁၊ ၂၀၁၅

စာအုပ်အမည် – တစ်မိနစ်အိပ်ရာဝင်ပုံပြင်

မူရင်းစာအုပ် – One-Minute Favorite Fairy Tales by Shari Lewis

ဘာသာပြန်သူ – တက္ကသိုလ်ရွှေရီဝင်း

ထုတ်ဝေသူ – ရန်အောင်စာပေ

ပထမအကြိမ် ၂၀၁၅ မတ်လ၊  အုပ်ရေ – ၁၀၀၀

ထုတ်ဝေသူ – ဦးလှတိုး ၊ တိုက် ၁၇၊ အခန်း ၂၃၊ ရွှေအုန်းပင်အိမ်ရာ၊ အနောက်ရန်ကင်း၊ ရန်ကုန်

တန်ဖိုး – ၁၀၀၀ ကျပ်၊ စာမျက်နှာ – ၁၃၀

ပုံပြင်များ – အပုဒ် ၂၀ (အင်္ဂလိပ် မြန်မာ တွဲလျက်)

 

ကလေးများအတွက် မရိုးနို်င်သော ပုံပြင်များကို အမည်မျိုးစုံတပ်ကာ ပြောခဲ့ကြာတာတွေကို ပုံပြင်ရေးဆရာများက ရေးသားခဲ့ကြတာတွေကို ကလေးများက ကြိုက်နှစ်သက်စွာ ဖတ်ခဲ့နားဆင်ခဲ့ကြတာ နှစ်ပေါင်း များစွာ ရာထောင်ချီခဲ့ပြီဖြစ်ပါသည်။ ပုံပြင်တိုကလေးတွေ နဲ့ ပုံပြင်ရှည် ဘယ်ဟာကို ပိုကြိုက်ခဲ့ပါသလဲ။ မြန်မြန်ပြီးတာ ကြိုက် ပါသလား။ သို့မဟုတ် ပုံပြင်ရှည်တွေမှ ဖတ်ချင်ပါသလား။ အိပ်ရာဝင်ပုံပြင်ဆိုတော့ မြန်မြန်ပီးတာ ပိုကောင်းမည်ထင်သလား။ ရှည်ရှည်ဖတ်ရင်းအိပ်ငိုက်သွားတာ ပိုကြိုက်ပါသလား။ သည်စာအုပ်က တစ်မိနစ်ပုံပြင်ဆိုတော့ ငြီးငွေ့ဖို့ အချိန်မရှိပါ။ ချက်ချင်းပုံပြင်တစ်ပုဒ်ပြီးသွား ကာမြန်မြန်အိပ်ပျော်ပါလိမ့်မည်။ သို့မဟုတ် နောက်တစ်ပုဒ်ဆက်ဖတ်ရင်း အိပ်ငိုက်လာမည် ထင်ပါသည်။ 

 

 

ပုံပြင်ဆိုတာ ကလေးများအတွက်ဟု ယူဆနေသူများလည်း တစ်မိနစ်နဲ့ ပုံပြင်တစ်ပုဒ်ပြီးတယ် ဆိုတော့ စိတ်ဝင်စားစရာပါပဲ။ အင်္ဂလိပ်မြန်မာမို့ ဖတ်ရင်း အင်္ဂလိပ်စာ အရေးအသားလည်း လေ့လာလို့ရပါသည်။ ဖတ်ကြည့်ဖို့ပဲ လိုပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts