ကဗျာ အောင်ဝေး

အောင်ဝေး – ဗားေ တာ့ ဗ ရ က် အ တွ က် ပြ ဇာ တ် တ စ် ပု ဒ်

 

အောင်ဝေး – ဗားေ တာ့ ဗ ရ က် အ တွ က် ပြ ဇာ တ် တ စ် ပု ဒ် 

(မိုးမခ) မတ် ၂၈၊ ၂၀၁၅

မြင်ကွင်း။   ။ လက်ပံတန်းမြို့ နယ်တရားရုံး

                 မတ် ၂၅- ၂၀၁၅။

ဒုတိယကမ္ဘာစစ်ကြီးတုန်းက

ပိုလန်က ကလေးတွေ အမေပျောက်တော့

ကလေးချင်းစုပြီး

အမေပျောက်ရှာတဲ့အကြောင်း

ခင်ဗျားရေးခဲ့တယ် ဗားတော့ဗရက်။

ခင်ဗျားက ဟစ်တာလာကိုဆန့် ကျင်တဲ့

ဂျာမန်ပြဇာတ်ဆရာ၊ ကဗျာဆရာ။

ကျနော်က စစ်အာဏာရှင်စနစ်ကိုဆန့် ကျင်တဲ့

မြန်မာကဗျာဆရာ။

ဗားတော့ဗရက်ရယ်

အခုပြဇာတ်ကတော့

ဗမာပြည် ဖက်ဆစ်သံဖနောင့်

မတရားမှုတွေအောက်

သမီးငယ်ကလေးတစ်ယောက်

အဖေပျောက်စဉ်ကပေါ့ ။

အပြစ်ကင်းစင်တဲ့

မျက်လုံးကလေးတွေနဲ့ 

ကလေးသူငယ်တွေနဲ့ ဘယ်လိုမှမပတ်သက်တဲ့

တရားရုံး(အမှန်က မတရားရုံး)တစ်ခုရှေ့ မှာပေါ့ ။

ဗားတော့ဗရက်ရယ်

ကလေးလက်ထဲမှာလည်း

နှင်းဆီပန်းတွေတစ်ပွေ့ တစ်ပိုက်နဲ့ ပေါ့ ။

ကလေးရဲ့ မျက်လုံးတွေထဲမှာလည်း

မျှော်လင့်ချက်တွေ တလက်လက်နဲ့ ပေါ့ ။

ကျနော်က အမေရိကမှာနေတာပါ

ကလေးက လက်ပံတန်းတရားရုံးရှေ့ မှာပါ

မစ္စတာဗားတော့ဗရက်။

ကျနော်နဲ့ ကလေး

စိတ်ချင်းဆက်သွယ်

အမေး- အဖြေ လုပ်လိုက်ကြတယ်။

ကျနော်။   ။ နှင်းဆီပန်းတွေက ဘယ်သူ့ အတွက်လဲ။

ကလေး။   ။ ဖေဖေ့အတွက်။

– ဖေဖေက ဘာလဲ။

– ဖေဖေက ခွပ်ဒေါင်း

  ဖေဖေက သူရဲကောင်း။

– နှင်းဆီနီတွေနဲ့ ဘာလုပ်ဖို့ လဲ။

– ဆုတောင်းဖို့ ။

– ဘာတွေဆုတောင်းဖို့ လဲ။

– ခွပ်ဒေါင်းတွေလွတ်မြောက်ဖို့ 

  သူရဲကောင်းတွေလွတ်မြောက်ဖို့ ။

– ဘယ်မြို့ ကလဲ၊ ဘယ်သူ့ သမီးလဲ။

– တောင်ငူက၊

  တော်လှန်တဲ့ကဗျာဆရာကြီး

  ကေတုဘုန်းမော်ရဲ့ မြေး။

အို … မစ္စတာဗားတော့ဗရက်

ဒါဟာ ခင်ဗျားအတွက်ပြဇာတ်တစ်ပုဒ်။

တစ်မနက်

အိပ်မက်မဟုတ်တဲ့အိပ်မက်ထဲ

ကလေးနဲ့ ကျနော်

ရဲဘော်တွေဖြစ်ခဲ့ကြတယ်လေ။    ။

ရဲဘော်အောင်ထက်သမီးငယ်လေး ဆောင်းထက်ဝင့်သို့ ။

ေ အ ာ င္ ေ ၀ း

(မြန်မာနိုင်ငံကဗျာဆရာ) 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts