ဂျုနီယာဝင်း လောကဓာတ်ခန်း

ဂျူနီယာဝင်း – အားလုံးအတွက် အ​မေးအ​ဖြေ စွယ်စုံကျမ်း ၃၇

ဂျူနီယာဝင်း – အားလုံးအတွက် အ​မေးအ​ဖြေ စွယ်စုံကျမ်း ၃၇

(Academic weekly ဂျာနယ်​) ၊ မတ် ၂၀၊ ၂၀၁၅

 

အပူချိန်ဆိုတာဘာလဲ

 လူ့ကိုယ်ခန္ထာ သို့မဟုတ် အရာဝတ္ထု တစ်ခုတွင်ရှိနေသော အပူ ကို အပူချိန်ဟု ခေါ်သည်။ ယင်းကို သာမိုမီတာ ဟူသော ကရိယာဖြင့် တိုင်းတာ သိရှိနိုင်ပါသည်။ အပူချိန်တိုင်းတာရာတွင် စင်တီဂရိတ် (‘C ) ဖြင့် ၄င်း၊ ဖာရင်ဟိုက် (‘F) ဖြင့် ၄င်း တိုင်းတာ သည်။ ရေသည 100’C တွင် ဆူသည်။ ယင်းသည် ဖာရင်ဟိုက်အားဖြင့် 212’F နှင့် ညီမျှသည်။ ရေသည် 0’C တွင် ရေခဲ ဖြစ်သွားပြီး ယင်းသည် ဖာရင်ဟိုက်အားဖြင့် 32’F ဖြစ်သည်။ လူ့ကိုယ်ခနာတွင် ပုံမှန်အပူချိန်သည် ဒီဂရီစင်တီဂရိတ် 37’C ဖြစ်ကာ ယင်းသည် ဒီဂရီဖာရင်ဟိုက်အားဖြင့် 98.6’F နှင့် ညီမျှပါသည်။

ပုံ ၁ တွင် အပူချိန်တိုင်းကရိယာ တွင်စင်တီဂရိတ်နှင့် ဖာရင်ဟိုက် ကို ယှဉ်ပြထားသည်။ Celcius (ဆဲလ်စီးရပ်စ်)သည် ယနေ့အသုံး စင်တီဂရိတ် ကိုပြောတာ ဖြစ်ပါသည်။ ယင်းကို လေ့လာကြည့်ပါက 100’C သည် 212’F နှင့် တူပြီး  20’C သည် 70’F ။ 0’C သည်  32’F တူသည်ဆိုတာကို တွေ့ကြရပါသည်။
ပုံ ၂ နှင့် ၃ တွင် စင်တီဂရိတ်နှင့် ဖာရင်ဟိုက် ဆက်စပ်မူကိုပြသော ပုံသေနည်းကို ပေးထားပါသည်။ ၄င်းကို မှတ်ထားပါက ဖာရင်ဟိုက်နှင့် စင်တီဂရိတ် ပြောင်းတတ်သွားပါမည်။ ထို့ကြောင့် တခါတရံ သင်တို့၏ တယ်လီဖုန်းများတွင်ဖြစ်စေ၊ မိုးလေ၀သကြေငြာချက်များတွင် ဖြစ်စေ စင်တီဂရိတ်နှင့် ပြထားပါက ဖာရင်ဟိုက်ဖြင့် ပြောင်းကြည့်ပါ။ ဖာရင်ဟိုက်နှင့် ပြထားပါက သင်သိလိုသော စင်တီဂရိတ်ဖြင့် ပြောင်းတွက်နိုင်ပါသည်။

 

ပုံ ၄တွင် အပူချိန်တိုင်းကရိယာ သာမိုမီတာ ကိုတွေ့ရမည် ဖြစ်ပါသည်။

အသံထက်မြန်တဲ့ အလျင်ဆိုတာဘာလဲ

  

ရှေးအခါက လေယျာဉ်များသည် တစ်နာရီကို ၅၀မိုင်နှူန်းဖြင့် ပျံနိုင်သောအလျင်သည် အမြန်ဆုံးစံချိန်တင်ထားသည်။ ယနေ့လေယာဉ်ပျံများကတော့ အသံ၏အလျင်ထက် ၂ ဆ ၃ ဆမကကို ပျံသန်းနိုင်နေကြပြီ ဖြစ်ပါသည်။ ထိုကဲ့သို့အသံ၏ အလျင်ထက် ပျံနိုင်သော ပျံသန်းမူကို စူပါဆောနစ် ပျံသန်းခြင်း (supersonic flight) (အသံ၏အလျင်ထက် ကျော်လွန်သော အလျင်ဖြင့် ပျံသန်းခြင်း) ဟုခေါ်ပါသည်။ ပုံ ၅ ကလေယာဉ်ပျံသည် ဆူပါဆောနစ် လေယာဉ်ပျံ တစ်စင်း ဖြစ်ပါသည်။

 

ပင်လယ်ရေမျက်နှာပြင်မှာ အသံ၏အလျင်သည် တစ်နာရီကို ၇၆၀ မိုင် (760 mph) သို့မဟုတ် တစ်နာရီကို ၁၂၂၅ ကီလိုမီတာ (1,225 kph) ရှိပါသည်။ အသံထက်မြန်သော အလျင်ဆိုတာသည် ထိုအလျင်နှူန်းထက် မြန်သော အလျင်ရှိသော အလျင်ဖြင့် ပျံသန်းမူ ဖြစ်သည်။

 ရှေ့ကအခန်းတွင် တင်ပြခဲ့သော အမြန်ဆုံးဂျက်လေယာဉ် လော့ခ်ဟိ အနက်ရောက်ငှက် (Lockheed SR- 71A Blackbird) ပုံ ၆ ကိုမှတ်မိကြဦးမလား မသိပါ။ ထိုဂျက်လေယာဉ်သည် တစ်နာရီကို 2,193.167 mph (တစ်နာရီကို မိုင်ပေါင်း ၂၁၀၀ ကျော်) ကီလိုမီတာအားဖြင့် တစ်နာရီကို ၃၅၀၀ ကျော် (3,537.336 kph) ပျံသန်းနိုင်ပါသည်။ ယင်းသည် အသံ၏အလျင် ထက်၃ဆရှိသော အမြန်နှူန်းဖြစ်ပါသည်။

 

(ထိုအကြောင်းကို တင်ပြစဉ်က စာရေးသူသည် အလင်း၏အလျင်ထက် ၃ ဆ ဟုမှားပြီး ရေုးုလိုက်မိပါသည်။ အလင်း၏ အလျင်သည် အသံ၏အလျင်ထက် အဆများစွာပို မြန်ပါသည်။ ယနေ့ခေတ်တွင် အလင်း၏ အလျင်ထက် မြန်သော အမြန်နှူန်းဖြင့် ပျံနိုင်သော လေယာဉ်ပျံ ဆိုတာ မပေါ်သေးပါ။ ထို့ကြောင့် ထိုအကြောင်းရေးစဉ်က အသံ၏အလျင်ဟု ရေးရမည့် အစား အလင်း၏အလျင်ဟု မှားပြီးရေးမိတာကို ပြင်ဆင် ဖတ်ရူပေ့းပါရန် တင်ပြလိုက်ရပါသည်။)

အလင်း၏အလျင်က ဘယ်လောက်မြန်သလဲ

 အလင်းသည် တစ်စက္ကန့်ကို 299,792 (၂သိန်း၉ သောင်း ၉ ထောင် ၇ရာ ၉ ဆယ့် ၂ ) ကီလိုမီတာ အလျင်ဖြင့် သွားနိုင်ခြင်းကို ခေါ်သည်။
(ရှေ့တွင် တင်ပြထားသော အသံ၏အလျင်နှင့် နှူင်းယှဉ် ကြည့်ပါဦး။) အလင်းသည် ကမ္ဘာ့အီကွေတာမျဉ်းကိုဖြတ်ကာ ကမ္ဘာကြီးကို  တစ်စက္ကန့်ထဲနဲ့ ၇ခါတောင် ပတ်ပြီးနိုင်သော အလျင်နှူန်းဖြစ်တယ် ဆိုတာ အံ့သြစရာမကောင်းဖူးလား။ ယင်းသည် တစ်နှစ်ထဲမှာပင် အလင်း၏သွားနှူန်းကို တိုင်းတာပါက ကီလိုမီတာပေါင်း 9.46 သန်းပေါင်း သန်းချီပြီး ခရီးသွားခဲ့ပြီဟု ဆိုပါသည်။ ပုံ၇ တွင် အလင်း၏အလျင်ကို တွက်ချက်ဖို့ သူ၏အလင်းလှိုင်းများကို ရေးဆွဲထားပုံ ဖြစ်ပါသည်။

ကျွနိုပ်တို့ဘာကြောင့် ပင်ပန်းတာမျိုး
ဖြစ်ရသလဲ

 

ကျွနိုပ်တို့သည် အလုပ်တွေလုပ်သည့်အခါ၊ တစ်ခုခုကို မြန်မြန်ဆန်ဆန် လုပ်သည့်အခါမျူိး တွင်မောပန်းခြင်း ဖြစ်တတ်ပါသည်။ ယင်းသို့ဖြစ်ရခြင်းမှာ ကျွနိုပ်တို့က အလုပ်တွေအများကြီး လုပ်သည့်အခါဖြစ်ဖြစ်၊ တစ်ခုခုကို အလျင်အမြန်လုပ်သည့်အခါဖြစ်ဖြစ် ကျွနိုပ်တို့၏ ကြွက်သားများသည် လိုအပ်သော အောက်စီဂျင်အလုံအလောက်မရ တော့ပါ။ ပုံ ၈  နှင့် ၉    တွင် အလုပ်ပေါင်းများစွာ တရစပ်လုပ် ခြင်းများကို ပုံဖော်ထားပါသည်။
ထိုသို့ဖြစ်ပါက ကိုယ်ခန္တာကို စွမ်းရည်များတိုးပွားအောင် အစားအသောက်လုံလောက်စွာ စားသောက်ခြင်းမျိုး သို့မဟုတ်ပါက ကြွက်သားများကို လေကျင့်မူများ အညောင်းပြေ အနှပ်ခံခြင်းမျူိးကို လုပ်ပေးရပါသည်။

 

မောပန်းခြင်းသည် ကိုယ်ခန္ထာကြွက်သားများနှင့် သက်ဆိုင်သောကြောင့် ကိုယ်ခန္တာကို အနားပေးခြင်းသည်လည်း မောပန်းခြင်းကို သက်သာ စေသော နည်းတစ်ခု ဖြစ်ပါသည်။ ပုံ ၁၀။ ထိုသို့အနားပေးခြင်းသည် သင့်ကိုယ်ခန္ထာထဲက ပျက်စီးသွားသော ကလပ်စည်းများကို ပြုပြင်ပေးသော အချိန်ပေးရာရောက်ပါသည်။ ထိုအနားယူခိုက်မှာ အသက်ရူသွင်းရူထုတ်ခြင်း ပုံမှန်ဖြစ်သွားခြင်းသည် သင့်ကိုယ်ခန္ထာက လိုအပ်သော အောက်စီဂျင်ကို ပြန်လည် ဖြည့်တင်းပေးရာလည်း ရောက်သွားပါသည်။ ထိုအခါ သင့်အနေနင့် ပြန်လည် လပ်ဆပ်သော ခံစားချက်များ ပြန်လည်ရရှိသွားကာ ဆက်လက်အလုပ်လုပ် နိုင်ပါလိမ့်မည်။ ထို့ကြောင့် တရစပ်အလုပ်လုပ်ခြင်း၊ မရပ်မနား လုပ်ခြင်းမျိုးကို သတိထားကာ ပြန်လည် အနားယူပေးမူမျိုး ကို ပြုလုပ်ပေးခြင်းဖြင့် သင့်ကိုယ်ခန္တာကို ဂရုစိုက်ဖို့ သတိပြုပါ။ ပုံ ၁၁။

စိန် ကို မြေကြိးအနက် ဘယ်လာက်မှာ ထွက်ရှိသလဲ

 

စိန်သည် အလွန်တောက်ပပြီး အလွန်အဖိုးတန်သော တွင်းထွက်ပစ္စည်းတစ်ခု ဖြစိပါသည်။ ပုံ ၁၂။ အနီးစပ်ဆုံးဆိုရသော မြေကြီးအောက်အနက် မိုင် ၁၀၀ ပတ်ဝန်းကျင်လောက်တွင် စိန်သည် ဖြစ်တည်လာသည်ဟု ခန့်မှန်းပါသည်။ စိန်များသည် ကမ္ဘာမြေမျက်နှာပြင်နားအနီး သို့ရောက်ရှိလာခြင်း အကြောင်းအချက်တခုမှာ
မီးတောင်များ ပေါက်ကွဲခြင်းနှင့် မီးတောင်များ ၏လှူပ်ရှားမူတွေ ကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

 ဂျူနီယာဝင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts