ဓာတ်ပုံသတင်း

စစ်အစိုးရ၏ ဒီပဲယင်းလုပ်ကြံမှု၊ ရွှေဝါရောင်အကြမ်းဖက်မှုများကဲ့သို့ ကြံ့ဖွံ့အစိုးရ၏ စွမ်းအားရှင်များက ကျောင်းသားနှင့်ပြည်သူများကို ရန်ကုန်မြို့နယ်မှာ အကြမ်းဖက် ဖမ်းဆီး

 

 

စစ်အစိုးရ၏ ဒီပဲယင်းလုပ်ကြံမှု၊ ရွှေဝါရောင်အကြမ်းဖက်မှုများကဲ့သို့ ကြံ့ဖွံ့အစိုးရ၏ စွမ်းအားရှင်များက ကျောင်းသားနှင့်ပြည်သူများကို ရန်ကုန်မြို့နယ်မှာ အကြမ်းဖက် ဖမ်းဆီး
(သတင်း၊ ဓာတ်ပုံများကို Yangon Globe News က ယူပါတယ်) မတ် ၆၊ ၂၀၁၅

မတ်လ ၅ ရက် နေ့ခင်းက အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးတောင်းဆိုနေသည့် ပင်ပကျောင်းသားသပိတ်အားထောက်ခံသည့်ရန်ကုန်မြို.တော်ခန်းမရှေ့ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က နံပါတ်တုတ်များဖြင့်ရိုက်နှက်၍လူစုခွဲပြီး၊ ဆန္ဒပြဦးဆောင်သူများကို ဖမ်းဆီးသွားသည်။

ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းထောက်ခံသည့် ရန်ကုန်ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွဲခံရပြီး ၈၈ မျိုးဆက်ပွင့်လင်းလူု.အဖွဲ.အစည်းမှ မနီလာသိန်းအပါအ၀င် အနည်းဆုံး လူဆယ်ဦးကို စွမ်းအားရှင်များနှင့် ရဲတပ်ဖွဲ.က ဖမ်းဆီးခေါ်ဆောင်သွားသည်။ (ဓာတ်ပုံ-Yangon Globe/လင်းသစ်)

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့တွင် သပိတ်စခန်းဖွင့်ကာ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်ရန် တောင်းဆိုဆန္ဒပြနေသော ကျောင်းသားများအပေါ် အကြမ်းဖက်မဖြို ခွဲရန်အတွက် ရန်ကုန်မြို့တော်ခန်းမ ရှေ့တွင် ၃ ရက်မြောက်နေ့အဖြစ် ဆန္ဒပြတောင်းဆိုနေသည့် ဆနပြကျောင်း သား ၃၀ ကျော်ကို ယနေ့ညနေ ၄ နာရီခွဲခန့်တွင် လုံထိန်းရဲများနှင့် လက်ပတ်အနီဝတ်ဆင်ထားသောလူအင်အားစုစုပေါင်း တစ်ထောင်ကျော်တို့က အင်အားသုံး ဖြိုခွင့်းကာ ခေါင်းဆောင်ရှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဥပဒေပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုသည့် ရန်ကုန်သပိတ်မှောက်ကျောင်းသားများကို အကြမ်းမဖက်ရန် လာရောက်ကြည့်ရူသူပြည်သူများ က အော်ဟစ်တောင်းဆိုကြသည်။ အဆိုပါအကြမ်းဖက်မှုတွင် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ.အစည်းမှ ကျောင်းသူဟောင်း မနီလာသိန်းအပြင် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ မှ ကိုနန်းလင်းနှင့် သပိတ်မှောက်ကျောင်းသား ၉ ဦးတို့ ဖမ်းဆီးခံခဲ့ရသည်။

မဖြိုခွင်းမီ တရားမ၀င်လူစုလူ ဝေးများဖြင့်စည်းနေခြင်းအား အမြန်ဆုံးဖယ်ရှားပေးရန်သတိပေးခဲ့ပြီး ကျောင်းသားများအား အကြမ်းဖက်မဖြိုခွဲရန် ဆန္ဒပြတောင်းဆိုနေသော ကျောင်းသားများက “ကျွန်တော်တို့က တိုင်းပြည်မတည်ငြိမ်အောင် ပြုလုပ်နေတာမဟုတ်ပါဘူး။ ကျောင်းသားတွေကို အကြမ်းဖက် မဖြိုခွဲဖို့ တောင်းဆိုနေတာပါ။ တကယ် တိုင်းပြည်ကို ဆူပူအောင်လုပ်နေတာ ကျွန်တော်တို့မဟုတ်ပါဘူး။ ဒီလိုဆူပူမှုဖြစ်အောင် အကြမ်းဖက်ဖြိုခွဲပြီးပြုလုပ်နေတဲ့သူတွေပါ” ဟု ဧရာဝတီသပိတ်စစ်ကြောင်းမှ ကျောင်းသားခေါင်းဆောင် ကိုအောင်အောင်ကျော်က ပြောသည်။

“ဘာလက်နက်မှမရှိတဲ့ကျောင်းသားလေးတွေကိုဒီလိုလူမြင်ကွင်းရှေ့မှာ အကြမ်းဖက် ၀င်ရောက် ရိုက်နှက်တာက သမ္မတကြီးပြောနေတဲ့ ဒီမိုကရေစီသွားနေတာလား။ ပြောတော့ ပြည်သူကိုကာကွယ်နေတာတဲ့။ အခုပြည်သူရှေ့မှာ လူအင်အားအများကြီးနဲ့ ကျောင်းသားတွေကို သတ်နေတာက ပြည်သူတွေကိုကာကွယ်နေတာလား” ဟု မျက်မြင်တစ်ဦးဖြစ်သူ ဒေါ်အေးအေးမြင့်ကပြောကြားသည်။

ယမန်နေ့ကလည်း အခြေခံလစာတိုးမြှင့်ပေးရန်အတွက် ဆနပြတောင်းဆိုခဲ့သည့် ရွှေပြည်သာ စက်မှုဇုံမှ သပိတ်မှောက်အလုပ်သမားများအား လုံထိန်းရဲများနှင့်လက်ပတ်အနီဝတ်ဆင်ထားသော လူအုပ်များက အကြမ်းဖက်ဝင်ရောက်ဖြိုခွဲပြီး အလုပ်သမား ၂၀ ကို ဖမ်းဆီးခဲ့သည်။
  (ရဲကိုနှင့် လင်းသစ် ပူးပေါင်းရေးသားသည်)

အနီးကပ် သတင်းယူနေသော သတင်းထောက်များကိုလည်း စွမ်းအားရှင်များနှင့် ရဲများက အကြမ်းဖက် ရိုက်နှက်ခဲ့ကြသည်။ မိုးမခ၏ သတင်းတာဝန်ခံမှာ ရဲနှင့် စွမ်းအားရှင်များက ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြသဖြင့် ၎င်းဦးခေါင်းတွင် ထိခိုက်ဒါဏ်ရာများ ရရှိခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “စစ်အစိုးရ၏ ဒီပဲယင်းလုပ်ကြံမှု၊ ရွှေဝါရောင်အကြမ်းဖက်မှုများကဲ့သို့ ကြံ့ဖွံ့အစိုးရ၏ စွမ်းအားရှင်များက ကျောင်းသားနှင့်ပြည်သူများကို ရန်ကုန်မြို့နယ်မှာ အကြမ်းဖက် ဖမ်းဆီး
  1. They are F- idiot. we don’t trust thein sein and his military. That is all they can do it to us. That is how works their way democracy.

Comments are closed.