ကျော်မိုးလွင် – ကဗျာ၏ ဆင်ယင်ထုံးဖွဲ့မှုများ
(မိုးမခ) မတ်လ ၁၊ ၂၀၁၅
(မိုးမခ) မတ်လ ၁၊ ၂၀၁၅
အလံလွှင့်သံတွေဟာ
ကဗျာ ….
အလင်းသစ်တွေ ပြန်ပွင့်လာတာ
ကဗျာ ….
ပစ်လိုက်တဲ့ မြှားတစ်စင်း
သွေးစက်စက်နဲ့ အဆိတက်ခဲ့တာ
ကဗျာ ….
ခေါင်းလောင်းထိုး နံနက်ဝေလီဝေလင်း
ဆောင်းအလယ်မှာ
ပျော်ရွှင်မှုအလှပဆုံး
ကဗျာ ……
စင်္ကြာဝဠာအစ
ကမ္ဘာအစ
သက်ရှိတို့ရဲ့အစ
ကဗျာ ….
လေထုသန့်ရှင်းတယ်
ရေထုသန့်ရှင်းတယ်
မြေထုသန့်ရှင်းတယ်
စင်္ကြာဝဠာအထိ
အဓိပ္ပါယ်တွေရှိတာ
ကဗျာ ……
(ကမ္ဘာ့ကဗျာနေ့ မတ် ၂၁)