ဂျုနီယာဝင်း လောကဓာတ်ခန်း

ဂျူနီယာဝင်း – အားလုံးအတွက် စွယ်စုံကျမ်း ၃၈

ဂျူနီယာဝင်း – အားလုံးအတွက် စွယ်စုံကျမ်း ၃၈
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅

အောက်စီဂျင်ဆိုတာ ဘာလဲ

အောက်စီဂျင် ဆိုသည်မှာ ဓါတ်ငွေ့တစ်မျိုးဖြစ်ပြီး လေထဲတွင် ၂၀% လောက်ရှိနေပါသည်။ ၄င်းသည် အသက်ရှိနေသော သတ္တ၀ါများ အသက်ရှင်သန်ရေးအတွက်အဓိကကျသော ဓါတ်ငွေ့လည်း ဖြစ်ပါသည်။ အောက်စီဂျင် ဓါတ်ငွေ့ကို ကျွနိုပ်တို့ နေ့စဉ် အသက်ရှူသွင်း နေမှသာ အသက်ရှင်သန်နိုင်မှာ ဖြစ်ပါသည်။ ကျွနိုပ်တို့ အသက်ရျူသွင်းလိုက်သည့်အခါ တိုင်းတွင် လိုအပ်သော အောက်စီဂျင်နှင့် အတူ တခြားသော ဓါတ်ငွေ့များလည်း အတူလိုက်ပါ လာမှာ ဖြစ်ပါသည်။ ကျွနိုပ်တို့ အသက်ရှူထုတ်လိုက်သည့်အခါ အဆိပ်ဓါတ်ငွေ့ဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်ထုတ်ပါသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သစ်ပင်များက စုတ်ယူပါသည်။

ပုံ ၁ နှင့် ပုံ ၂ တွင် လူက အောက်စီဂျင်(Oxygen) ကိုရူသွင်းကာ သစ်ပင်များက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့(Carbon dioxide) ကိုစုပ်ယူလိုက်ပုံ ဖြစ်ပါသည်။

ထို့နောက် အောက်စီဂျင်ကို သစ်ပင်များက ပြန်ထုတ်ပေးပါသည်။ ထို့ကြောင့် ကျွနိုပ်တို့နှင့် သစ်ပင်များသည် တစ်ခုကို တစ်ခုမှီခိုနေကြသော အရာများ ဖြစ်ပါသည်။

အသံ၏ အလျင်သည် ရေထဲမှာ ပို မြန်သလား

အသံဆိုသည်မှာ သင့်နျူတ်ကဖြစ်စေ၊ အရာဝတ္ထုကနေဖြစ်စေ ထွက်ပေါ်လာသော အသံဟူသမျှ ကိုခေါ်ပါသည်။ အသံလှိုင်းများနှင့် ပတ်သက်လို့ အရင်အပတ်ကလည်း တော်တော်များများ ရှင်းပြခဲ့ပြီး ဖြစ်ပါသည်။ အသံကိုပြုသည့်အခါ အသံလှိုင်းများသည် အကွာအဝေး တစ်ခုသို့ ရွေ့လျားသွားကာ (ပုံ ၃) တဖက်က သူ့အသံကို ကြားရပါသည်။

ပုံ ၄ တွင် အသံလှိုင်းတစ်ခုကို ပြထားသည်။ ယင်းသည် အသံလှိုင်းများ၏ ရွှေ့လျားမူကြောင့် ဖြစိပါသည်။ သင်က တောင်တွေကြားထဲ အော်ကြည့်သည့်အခါ သင့်အသံလှိုင်းများသည် ရွေ့သွားကာ အဝေးက တောင်၏မျက်နှာပြင်နှုင့်တိုက်မိပြီး အသံက ပဲ့တင်သံအဖြစ် သင့်ဆီ ပြန်ရောက်လာပါသည်။ ပုံ ၅။

ထို့အပြင် အသံ၏ ၈ုဏ်သတ္တိတွေထဲမှာ အသံသည် လေ၊ ရေ၊ သံသတ္တု၊ သစ်သားနှင့် အုတ်နံရံများကို လည်း ဖြတ်သန်းသွားနိုင်ပါသည်။ ဆိုလိုတာက သင်ကသင့်အခန်းထဲက ပြောနေသောအသံကို တခြားအခန်းက သင့်မိသားစုက ကြားနေရခြင်းမှာ အသံသည် အုတ်နံရံကို ဖြတ်သန်းသွားနိုင်သောကြောင့် ဖြစ်ပါသည်။

အသံ၏ဂုဏ်သတ္တိနောက်တစ်ခုကတော့ အသံသည် မတူညီသော ထုထည်များ (ဥပမာ သစ်သား၊ အုတ်နံရံ၊ ရေ၊လေ စသည်ဖြင့်) ကိုဖြတ်သန်းသွားသည့်အခါ သူ၏အလျင်နှူန်းသည် မတူဘူးဆိုတာ ဖြစ်ပါသည်။ သူဖြတ်သန်းသွားသည့် ထုထည်ပေါ်မူတည်ပြီး ပြောင်းလဲပါသည်။ သည်တော့ အသံက အုတ်နံရံကို ဖြတ်သန်းသွားတာနဲ့ သစ်သားနံရံကို ဖြတ်သန်းသွားတာ သူ၏ အသံလှူိုင်းတွေကအလျင် မတူပါ။

အသံလှိုင်းသည် လေထဲမှာ ၂၀ဒီဂရီစင်တီဂရိတ် အပူချိန်အောက်မှာ ဖြတ်သန်းသွားပါက သူ၏ အသံလျိုင်းအလျင် သည် တစက္ကန့်ကို ၃၄၃ မီတာ ခရီးရောက်ပါသည်။ အကယ်၍ ရေထဲမှာ ၂၀ ဒီဂရီစင်တီဂ၇ိတ်အပူချိန်အောက်မှာပဲ ဖြတ်သန်းသွားပါက အသံလှိုင်းအလျင်သည် တစ်က္ကန့်ကို ၁၄၇၀ မီတာ ခရီးရောက်တာကြောင့် အသံသည် ရေထဲမှာပို မြန်မြန်ရောက်သည် ဟုဆိုပါသည်။ သည်တော့ သင်လည်း သင့်အသံကို ခရီးမြန်မြန်ရောက်စေချင်ရင် ရေထဲမှာ စကားပြောကြည့်ကြတာပေါ့။

ပင်လယ်တွေ မှာဒီရေတွေ ဘာကြောင့်တက်ရသလဲ

ကျွနိုပ်တို့၏ ပင်လယ်ရေသမုဒ္ဒရာများသည် ပင်လယ်ဒီရေများတက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ လ၏ဆွဲအားကြောင့် ဖြစ်ပါသည်။ လ၏ဆွဲအားကြောင့် ပင်လယ်ရေမျက်နှာပြင်ကရေများသည် အပေါ်သို့ ရှေ့သို့တက်လာရပါသည်။ နေ သည်လည်း ပင်လယ်ရေကို ဆွဲယူနိုင်သော ဆွဲအားရှိပါသည်။

ပုံ ၆ နှင့် ပုံ၇ တွင် နေ လနှင့် ကမ္ဘာ တို့ တလိုင်းတည်းကျနေပုံကို ပြထားသည်။

နေနှင့် လ သည် လိုင်းတစ်လိုင်းထဲပေါ်တွင် တည့်တည့်ကျရောက်နေသည့်အခါ သာမန်အချိန်များထက် ကမ္ဘာ့ပင်လယ်ရေများကို ပိုပြီး ဆွဲငင်နူန်း များပါသည်။ ထိုအချိန်ကို ဒီရေ တက်ချိန် ဟု ခေါ်ပါသည်။ ထိုအချိန်သည် အထူးသဖြင့် လပြည့်နေ့များ ဖြစ်ပါသည်။


နေ နှင့် လသည်  ပုံ ၈ တွင်ပြထားသလို မတူညီသော နေရာသို့ ရောက်နေသည့်အခါမျိုးတွင် သူတို့အချင်းချင်းလည်းဆွဲငင်နေတာကြောင့် ကျွနိုပ်တို့ ပင်လယ်ရေသမုဒ္ဒရာ ကရေများအတွက် ဆွဲငင်ခံရတာ သက်သာနေပါသည်။ ထိုအချိန်သည် ဒီရေကျချိန် ဖြစ်ပါသည်။

လက်သည်းတို့ဆံပင်တို့ ညှပ်သည့်အခါ ဘာကြောင့် မနာကြင်ရသလဲ

နာကြင်ခြင်းသည် ကျွနိုပ်တို့ ကိုယ်ခနာတစ်ခုခုကို ထိခိုက်ခြင်း ရှခြင်းတို့ကြောင့် ခံစားရသော ဝေဒနာ ဖြစ်ပါသည်။ သို့သော်ကျွနိုပ်တို့ ဆံပင်ညှပ်သည့်အခါ လက်သည်းခြေသည်းညှပ်သည့်အခါ နာကြင်တာမျိုး မဖြစ်ကြပါ။ ပုံ၉  ပုံ၁၀ ပုံ ၁၁ ။ ဘာကြောင့်ပါလဲ။ လည်းသည်း ခြေသည်း ဆံပင်တို့ကို သေနေသော ကလပ်စည်းများဖြင့် တည်ဆောက်ထား သောကြောင့် ဖြစ်ပါသည်။

လက်သည်း ခြေသည်းများ ၏ပုံသဏာန်သည် ကိုယ်ခန္တာ၏ အပြင်ဘက်တွင် တည်ရှိနေသကဲ့သို့ ဖြစ်ပါသည်။ သူတို့သည် မာကျောသော အခွံမာဖြင့် တည်ဆောက် ထားပါသည်။ ထိုအခွံမာ၏ အောက်တွင် အရည်ပြား သည်သင့်ကိုယ်ခနာ အရည်ပြားနှင့် ဆင်တူ သောလည်း သူ့မှာ အမျှင်များဖြင့် ဖွဲ့စည်းထားပါသည်။ ထိုအမျှင်များက ထိုလက်သည်းခြေသည်း အစရှိသော အခွံမာကို ဆွဲယူချည်နှောင်ထားကာ ပုံစံကျအောင် လုပ်ပေးလျက်ရှိပါသည်။

ပုံ ၁၂ တွင် လက်သည်းခွံနှင့် လက်သည်းအောက်က အရည်ပြားကို တွေ့ရပုံ။

 

 

ဆံပင်သည်လည်း ထိုနည်းလည်းကောင်း ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ဆံပင်သည် မာကြောသော အမျှင်တစ်မျိုးဖြစ်ကာ သေနေသော သို့မဟုတ်  အသက်မရှိသော ကလပ်စည်း များ ဖြင့် ဖွဲ့စည်းထားပါသည်။ သို့သော်ဆံပင်များသည် ထိုသို့ ဖွဲ့စည်းထားသည် ဆိုသောလည်း သူ့အမြစ်များက အသားထဲသို့ နစ်ဝင်နေတာကို တွေ့ကြရမည် ဖြစ်ပါသည်။ သူ့အမြစ်သည် အဖြူရောင် အမြစ်တုံးကလေးသဖွယ် ဖြစ်ပါသည်။ ၄င်းသည် အသားထဲသို့ နစ်ဝင်လျက်ရှိကာ ဆံပင်ကို ဆွဲနှူတ်လိုက်လျှင် ဦးရည်သည်နာကြင်မူ ကို ခံစားရနိုင်ပါသည်။

လက်သည်းက တစ်နှစ်ကို ဘယ်လောက်ရှည်ထွက်သလဲ

လက်သည်း ခြေသည်းများသည် တစ်နှစ်ကို ၂ လက်မ ရှည်ပါသည်။ ဆံပင်သည် တစ်လကို ၁၂ မီလီမီတာ ရှည်ထွက်သည်ဟု ဆိုပါသည်။ ပုံ ၁၃။ ထူးဆန်းသည်မှာ လူတွေ၏ဆံပင်တွေက အလိုလို ပင် ကျွတ်ထွက်တတ်ပါသည်။ နေ့စဉ်တွင်ပင် ဆံပင်ပေါင်း ၅၀ လောက် ဦးခေါင်းကနေ ကျွတ်သည် ဟူသတဲ့။

ဂျူနီယာဝင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts